Tuesday, September 15, 2026

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊...

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်း သပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်း သပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက်...

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr....

မြန်မာနိုင်ငံတွင်အေးချမ်းသာယာနေ ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားဟု ဂျပန်နိုင်ငံအောက်...

မြန်မာနိုင်ငံတွင်အေးချမ်းသာယာလျက်ရှိပြီး ပြင်ပတွင်ဖြစ်ပေါ်နေသော သတင်းများနှင့်ကွာခြားနေသည်ဟု ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် စက်တင်ဘာ ၁၄ ရက်တွင်တွေ့ဆုံချိန်၌ပြောကြားခဲ့ခြင်းဖြစ်သည်။ "...
HomeNewsLocal Newsသန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်းသပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်းသပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင်က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေးကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။

ထို့ကြောင့် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ် ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုလည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှဆောင်ရွက်နိုင်သည့် ပထမဆုံး ရေနံချက်စက်ရုံဖြစ်၍ ဝန်ထမ်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးထားရမည်ဟု မှာကြားခဲ့သည်။

ထို့ပြင်ပြည်ထောင်စုဝန်ကြီးသည် သာကေတနှင့် အလုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုကြည့်ရှုစစ်ဆေးခြင်း၊ ရန်ကုန်တိုင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ထမ်းများကိုတွေ့ဆုံမှာကြားခြင်းများပြုလုပ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်

နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ၌ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်မှစ၍ ယနေ့အထိ အလင်းဝင်လာသူ(၆,၀၀၀)ဦးခန့်ရှိပြီဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။ နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင်(၂၆)ဦး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၃၇)ဦး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တွင်(၈၉၄)ဦး၊ အရှေ့ပိုင်းတိုင်းစစ်ဌာ နချုပ်တွင်(၃၂၅)ဦး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၄)ဦး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွင်(၁၃) ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၄)ဦး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တွင်(၈၀)ဦးတို့ အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင်(၁၉၈)ဦး၊ အ နောက်တောင်တိုင်းစစ်ဌာနချုပ်တွင်(၁၅၂)ဦး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၂)ဦး၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တွင်(၅၈၀)ဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၂,၉၂၆)ဦး၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တွင်(၁၇၁)ဦးတို့လည်း အလင်းဝင်လာခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် (၅)နှစ်ခန့်အတွင်း အလင်းဝင်လာသူ (၅,၆၇၂)ဦးရှိကာ ၎င်းတို့နှင့်အတူ လက်နက်ခဲယမ်းမျိုးစုံ(၆၉၂)လက်လည်းပါရှိခဲ့ကြောင်း သိရသည်။

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)စတင်စမ်း သပ်လည်ပတ်

သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းအပိုင်း(၁)ကို စက်ရုံလည်ပတ်မှုနည်းစဥ် တစ်ဆင့်ချင်းစီအလိုက်စတင်စမ်း သပ်လည်ပတ်နေပြီဖြစ်ရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလွင် က စက်တင်ဘာ ၁၄ ရက်တွင်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ စက်မောင်းဆီကို စနစ်တကျသုံးစွဲနိုင်ရေးကြပ်မတ်ဆောင် ရွက်လျက်ရှိပြီး ကိုယ်တိုင်ထုတ်လုပ်နိုင်ရေးအတွက်လည်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။ ထို့ကြောင့် ရေနံချက်စက်ရုံများ လျင်မြန်စွာပေါ် ထွက်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုလည်ပတ်မည့်စက်ရုံသည် ထိန်းချုပ်မောင်းနှင်မှု၊ စောင့်ကြည့်မှု၊ ချိန်ညှိမှုများကို Control Room အတွင်းမှဆောင်ရွက်နိုင်သည့် ပထမဆုံး ရေနံချက်စက်ရုံဖြစ်၍ ဝန်ထမ်းများကို စနစ်တကျလေ့ကျင့်သင်ကြားပေးထားရမည်ဟု မှာကြားခဲ့သည်။ ထို့ပြင်ပြည်ထောင်စုဝန်ကြီးသည် သာကေတနှင့် အလုံသဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများကိုကြည့်ရှုစစ်ဆေးခြင်း၊...

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ရုရှားနှစ်နိုင်ငံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပူးပေါင်းဆောင်ရွက်ရန် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးအောင်ကျော်ဟိုးနှင့် ရုရှားနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Andrei Iunak တို့သည် စက်တင်ဘာ ၁၄ ရက်က နေပြည်တော်၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် မြန်မာ-ရုရှားနှစ်နိုင်ငံကြား ကာလရှည်ကြာချစ်ကြည်ရင်းနှီးသောဆက်ဆံရေးနှင့်အတူ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ၊ နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071