Sunday, December 14, 2025

သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ...

ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနေဖြင့် ကယ်ဆယ်ထိန်းသိမ်းထားပြီး သံတမန်ကြီးများအနေဖြင့် မိမိနိုင်ငံသားများကို အမြန်ဆုံး‌ပြန်လည်ခေါ်ယူရန် မေတ္တာရပ်ခံထားသည်။...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို...

နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်း မည်သည့်နေရာဒေသမဆို အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို ပြင်းပြင်းထန်ထန်ချေမှုန်းသွားမည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ ယနေ့ ဒီဇင်ဘာ ၁၄ ရက်...

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...
HomeMoviesဈေးကွက်နောက်ကို မလိုက်ပေမယ့် ဈေးကွက်က...

ဈေးကွက်နောက်ကို မလိုက်ပေမယ့် ဈေးကွက်က ကျွန်တော်တို့ နောက်ကိုလိုက်လာမယ်လို့ ယုံကြည် ထားတယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦး

ဒီနှစ်အကယ်ဒမီပေးပွဲမှာ လူငယ်ဒါရိုက် တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖန်တီးထားတဲ့ ‘ည’ ရုပ်ရှင်ဇာတ်ကားကို အကယ်ဒမီ ဆုတွေရရှိမယ်လို့ မျှော်လင့်ထားတဲ့ ပရိသတ် တွေအနေနဲ့ကတော့ သူတို့ဆန္ဒနဲ့ ထပ်တူ မကျခဲ့ ကြပါဘူး။ ပရိသတ်တွေ မျှော်မှန်းထားတဲ့ အကယ် ဒမီဆုနဲ့လွဲချော်ခဲ့တဲ့အပေါ်ဒါရိုက်တာ ထူးပိုင် ဇော်ဦးက …

“အကယ်ဒမီ ရစေချင်တယ်ဆိုပြီး အားပေးတဲ့သူတွေရဲ့ စိတ်နဲ့ပဲ ရှေ့ ဆက်သွားဖို့ plan လုပ်ထားပါတယ်။ အဲဒီကိစ္စကိုတော့ အကြာကြီးခံစားပြီး ထွေထွေထူးထူးဖြစ်နေတာတော့ မရှိ ပါဘူး။ ဆုရစေချင်တဲ့ ပရိသတ်တွေ ကို ကျေးဇူးတင်ပါတယ်။ သူတို့လည်း ကျွန်တော်တို့ လုပ်ထားတဲ့ အနုပညာအရည်အသွေးတစ်ခု အပေါ်မှာ ယုံကြည်ချက်တစ်ခုရှိတဲ့အတွက်ပဲ မှန်း ပေးတာလေ။ သူတို့ ကျွန်တော်တို့လုပ်ထားတာကို ကောင်းမွန် တယ်၊ အသိအမှတ်ပြုသင့်တယ်လို့ သူတို့ ကိုယ်တိုင်က ခံယူတဲ့အတွက် အဲဒီလိုမေတ္တာ စိတ်ထားပေးတာကို က ရှေ့ဆက်ဖို့ အားတော် တော်ရပါတယ်။ သူတို့ယုံကြည်တာနဲ့ ထိုက်တန်တဲ့ အနုပညာရှင်တွေဖြစ်ကြောင်းကို နောက်ထပ် အလုပ်တွေနဲ့ သက်သေပြသွားမှာပါ”လို့ ပြောပါတယ်။ ‘ည’ ရုပ်ရှင်ဇာတ်ကားဟာ သူ့ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပြီးသရုပ် ဆောင် အသစ်တွေနဲ့ ရိုက်ကူးထားပေမယ့်လည်း ပရိသတ် တွေရဲ့ အသိအမှတ်ပြုမှုတွေကို ရရှိခဲ့ပါ တယ်။ ဒါရိုက်တာအသစ်တစ်ယောက်အနေနဲ့ အနုပညာ လောက ထဲဝင်တဲ့အခါမှာ ရုပ်ရှင် ဈေး ကွက်ကို လေ့လာခဲ့ပေမယ့် ကိုယ်လုပ်ချင်တဲ့ ပုံစံနဲ့ မကိုက်ညီ တဲ့အတွက် ဈေးကွက် နောက်ကို မလိုက် တဲ့ ကိုယ်လုပ်ချင်တဲ့ လမ်းကြောင်းကိုပဲ ယုံကြည်စွာ ရိုက်ကူးပုံဖော်ခဲ့တယ်လို့ ဒါရိုက်တာထူး ပိုင်ဇော်ဦး က ဆိုပါတယ်။

“ဒီလိုမျိုး သရုပ်ဆောင်အားလုံးလည်း အသစ်၊ ဒါရိုက်တာလည်း အသစ်ဆိုတာ မြန်မာ့ရုပ်ရှင် လောကမှာ အရှားပါးဆုံးရိုက်ကူးမှုပုံစံပါ။ အနည်းဆုံးတော့ တစ်ယောက်လောက်တော့ လူသိပြီးသားပါ ကောင်းပါနိုင်တယ်လေ။ ကျွန် တော်တို့ကျတော့ အားလုံးရဲ့ ပထမဆုံးဇာတ် ကားဖြစ်နေတယ်။ ထူးထူးခြားခြား ပုံစံလေးဖြစ် နေတာပေါ့။ ဒီလိုပုံစံကို ကျွန်တော်တို့မှ မလုပ်ရင် ဘယ် သူလုပ်မလဲပေါ့။ ဒါကိုလုပ်ကြည့်ချင် တယ်။ ကျွန်တော်တို့ ယုံကြည်ထား တာလည်း ဒီလိုပုံစံပဲ။ ဇာတ်လမ်းပုံစံနဲ့လည်း သရုပ်ဆောင် တွေက အံဝင် ခွင်ကျဖြစ်တော့ ဇာတ်လမ်းအပေါ်မှာတော့ သစ္စာဖောက်လို့ မရဘူး။ ဇာတ်လမ်းရဲ့တောင်း ဆိုမှုအရ သရုပ်ဆောင်အဟောင်းလိုရင် ဝါရင့် သရုပ်ဆောင်တွေခေါ်မှာပေါ့။ ဇာတ်လမ်း လိုအပ်ချက်အရ အသစ်လိုတာကို အတင်း ဈေးကွက်ဝင်အောင် မလုပ်ချင်ဘူး။အဲဒီအတွက် ထွက်လာတဲ့ ရလဒ်အပေါ်မှာလည်း အများကြီး ကျေနပ်တယ်။ ဈေးကွက်နောက်ကို ကျွန်တော်တို့ မလိုက်ပေမယ့် ဈေး ကွက်က ကျွန်တော်တို့နောက်ကို တဖြည်းဖြည်းနဲ့ လိုက် လာမယ်လို့ ယုံကြည် ထားပါတယ်”လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071