Sunday, September 6, 2026

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ “နဘယသုခ” စေတီတော်အား...

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူ​ဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆...

ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို...

အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများထွက်နေသဖြင့် ဆူကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ခရီးစဉ်များကို နာရီများစွာ ရပ်ဆိုင်းထားရကြောင်း ဂျကာတာ၏ အဓိကလေဆိပ်က အင်စတာဂရမ်တွင် ပို့စ်တင်ထုတ်ပြန်ခဲ့သည်။         ဒေသစံတော်ချိန်...

ဗီယက်နမ်သမ္မတ ရုရှား၊ပြင်သစ် ယူအက်စ်၊ ကနေဒါ...

ဗီယက်နမ်သမ္မတ တိုလမ်သည် ယခုလအတွင်း ရုရှား၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများကို သွားရောက်ရန် စီစဉ်ထားကြောင်း အစီအစဉ်များကို သိရှိသူများနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။...
HomeNewsLocal Newsဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ ပါတနာအဖြစ်...

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ ပါတနာအဖြစ် BTL Medical Myanmar မှ လက်တွဲမည်

ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်သည့် ဝက်စ်ဟမ်းယူနိုက်တက်နှင့် မိတ်ဖက်ဆောင်ရွက်နေသည့် ပါတနာကုမ္ပဏီသည် ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်း၏ Sport Science Partner အဖြစ် ပံ့ပိုးကူညီပေးသွားမည်ဖြစ်သည်။

BTL Medical Myanmar သည် BTL Industries Ltd (UK) မှ ထုတ်လုပ်သည့် နည်းပညာမြင့် ခေတ်မီ စက်ကိရိယာများကို တရားဝင်တင်သွင်းဖြန့်ချိလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကစားသမားများ၏ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်၍ ဧရာဝတီအက်ဖ်စီ၏ Sport Science Partner အဖြစ် လက်တွဲလိုက်ခြင်း ဖြစ်သည်။

ထိုသို့ လက်တွဲခြင်းသည် မြန်မာ့ဘောလုံးသမိုင်း၌ ပထမဆုံးအဖြစ် အမျိုးသမီးကလပ်အသင်းတစ်သင်းနှင့် Sport Science Partner လက်တွဲခြင်း ဖြစ်သည်။

မိတ်ဖက်ဆောင်ရွက်မှုတွင် BTL Medical Myanmar သည် ဧရာဝတီအမျိုးသမီးအသင်း ကစားသမားများအတွက် လို အပ်သည့် နှလုံး၊ အဆုတ်၊ ကြွက်သား၊ လုပ်ဆောင်မှုများကို နောက်ဆုံးပေါ်နည်းပညာမြင့်စက်ဖြစ်သည့် BTL CPET: The Game Changer (CardioPulmonary Exercise Test (CPET) System) နှင့် စမ်းသပ်စစ်ဆေးမှုများ ပုံမှန်ပြုလုပ်ပေးသွားမည် ဖြစ်သည်။

ယင်းအတူ ကစားသမားများ ဒ-ဏ်ရာရခဲ့ပါကလည်း ပြန်လည်ကုသမှုတချို့ကို စမ်းသပ်လုပ်ဆောင်ပေးသွားမည်လည်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှလမ်းမကြီး၏ ကွမ်းခြံကွေ့အနီးရှိ “နဘယသုခ” စေတီတော်အား ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူဇော်မည်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ်သွားကားလမ်း၏ ကွမ်းခြံကွေ့ရှိ "နဘယသုခ"စေတီတော်အား ပြန်လည်ပြုပြင်မွမ်းမံ၍ ရွှေထီးတော်အသစ်ပြန်လည်တင်လှူပူ​ဇော်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက စေတီတော်မြတ်ကြီးအား ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေးအ တွက် မြဝတီမြို့ ငွေင်္ဟသာဆရာတော်ထံမှ သြဝါဒခံယူပြီး ပြန်လည်ပြုပြင်မွမ်းမံရမည့်အခြေအနေများကို ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် စေတီတော်မြတ်ကြီးအား ထီး‌တော်အသစ် ပြန် လည်တင်လှူပူဇော်ရန်နှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရန်တို့အတွက် အလှူငွေများကို ဆရာတော်ကြီးထံဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ဝင်များ၊ ဒေသခံများကလည်း စေတီတော်မြတ်ကြီးအားသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ Photo-...

ပုသိမ်မြို့ မြို့တော်ခန်းမတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေးကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုခိုင်မာလာစေရေးဆောင်ရွက်ရန်တို့ကို တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ဘိုး/ဘွားများက တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်တိုင်းရင်းသားရိုးရာအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အင်ဒိုနီရှားတွင်မီးတောင်ပေါက်ကွဲမှုကြောင့် လေယာဉ်ခရီးစဉ်များ ရပ်ဆိုင်း

အင်ဒိုနီးရှားနိုင်ငံတွင် အာနက်ကရာကာတော မီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်ပြာများထွက်နေသဖြင့် ဆူကာနို-ဟတ်တာ နိုင်ငံတကာလေဆိပ်၏ လေယာဉ်ခရီးစဉ်များကို နာရီများစွာ ရပ်ဆိုင်းထားရကြောင်း ဂျကာတာ၏ အဓိကလေဆိပ်က အင်စတာဂရမ်တွင် ပို့စ်တင်ထုတ်ပြန်ခဲ့သည်။         ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲမှ စတင်ရပ်ဆိုင်းထားမှုကို နောက်တစ်နေ့ နံနက် ၅ နာရီခွဲအထိ တိုးချဲ့ထားခြင်းကြောင့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအပါအဝင် လေယာဉ်ခရီးစဉ် ၂၀၉ ခုကို ထိရောက်ခဲ့ကြောင်း အင်ဒိုနီးရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။         အာနက်ကရာကာတောမီးတောင်သည် သောကြာနေ့နှောင်းပိုင်းမှစ၍ ပေါက်ကွဲနေခဲ့ကာ တနင်္ဂနွေနေ့နံနက်ပိုင်းတွင် လေဆိပ်၌ မီးတောင်ပြာများကျရောက်မှုရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။         မီးတောင်ပြာများ ပျံ့နှံ့နေခြင်းကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071