ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ မြို့တော်ခန်းမ၌ ယနေ့ စက်တင်ဘာ ၆ ရက်နံနက်ပိုင်းတွင် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပရာ တိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
ယနေ့ လက်ချည်ပွဲအခမ်းအနားမှစတင်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ပိုမိုတန်ဖိုးထားထိန်းသိမ်းကြရန်၊ လူငယ်များထံသို့ လက်ဆင့်ကမ်းပေးကြရန်နှင့် တိုင်းရင်းသားအချင်းချင်း ချစ်ခင်လေးစားမှု၊ နားလည်မှုနှင့် စည်းလုံးညီညွတ်မှုများ ပိုမိုခိုင်မာလာစေရေးဆောင်ရွက်ရန်တို့ကို တိုင်းဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ဘိုး/ဘွားများက တိုင်းဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများအား ကရင်ရိုးရာချည်ဖြူဖွဲ့ပေးခဲ့ကြပြီး ကရင်တိုင်းရင်းသားရိုးရာအကများဖြင့်လည်း ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
