ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် ၌ဖြစ်ပေါ်လျက်ရှိသည့် ရေကြီးရေလျှံမှုဖြစ်စဥ်တွင် အခြေခံပညာစာသင် ကျောင်းများအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့၍ ဆရာ၊ ဆရာ မများ၊ ကျောင်းသား/သူများအန္တ ရာယ်မဖြစ်စေရေးအတွက် စာသင် ကျောင်းများကိုယာ ယီပိတ်ခဲ့ရကြောင်း သိရသည်။
လက်ရှိအချိန်၌ ရေများပြန်လည်ကျဆင်းလာ၍ ကျောင်းသား/သူများ စာသင်ကြားမှုနောက်မကျစေရေးအတွက် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းများကိုအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သန့်ရှင်းရေးပြုလုပ်ခြင်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရေကြီးနစ်မြုပ်ခဲ့ရသော အိုင်သပြုကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လုံခြုံရေးအ ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများက ရေ ကြီးစဥ်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံနွံများကို ယနေ့ စက်တင်ဘာ ၁ ရက်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်နေမှုကို ဧရာဝတီတိုင်းဝန် ကြီးချုပ်ဦးအေးကျော်က ကြည့်ရှုအားပေးပြီး ၎င်းကိုယ်တိုင်ဝင်ရောက်၍သန့်ရှင်းရေးပြုလုပ်ပေးကာ စာ သင်ကျောင်းအမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ရေ ကျော်စီးဝင်ခဲ့မှုကြောင့်ပျက်စီးခဲ့သည့် ကျောင်းခြံစည်း ရိုးပြန်လည်ပြုပြင်ဆောင်နိုင်ရေးတို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
