စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း၌ပြုပြင်တည် ဆောက်နေသော သင်္ဘော(၁)စီး၏ ကိုယ်ထည်အ တွင်းမှမီးခိုးများထွက်နေသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် နေ့လယ် ၁ နာရီတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်ဖြစ်ပွားသည့်အချိန်မှ မီးငြိမ်းသည့်အချိန်အထိ အချိန်နှစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
