Tuesday, September 1, 2026

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍...

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊...

ချင်းတွင်းမြစ်အတွင်းပြုပြင်နေသည့် သင်္ဘောတစ်စီးမှမီးခိုးထွက်လာ၍ အချိန်နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း...

ဒက်စ်ထရီကို ဗဟိုဘဏ်ဥက္ကဌအဖြစ် အင်ဒိုနီးရှားပါလီမန် အတည်ပြု

အင်ဒိုနီးရှားပါလီမန်သည် ဒက်စ်ထရီ ဒါမာယန်တီကို အင်ဒိုနီးရှားဘဏ်(ဘီအိုင်)၏ နောက်တက်မည့် ဥက္ကဌအသစ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာရန်...

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆိုးလ်က နီပေါသို့ စေလွှတ်

နီပေါနိုင်ငံ ရာဆူဝါဒေသတွင် ရေကြီးရေလျှံခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန်အတွက် တောင်ကိုရီးယားနိုင်ငံက အဖွဲ့ဝင် ၄၄ ဦးပါ သော အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကို နီပေါနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း...
HomeMoviesဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ

ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောကြီးနှစ်စီး တိုက်ခိုက်ခံရ

​ဆော်ဒီအာရေးဗီးယားနဲ့ တောင်ကိုရီးယား ကုမ္ပဏီတွေပိုင်တဲ့ ရေနံတင်သင်္ဘောကြီး နှစ်စီးဟာ ဟော်မုဇ်ရေလက်ကြားမှာ ပစ်ခတ်ခံခဲ့ရတယ်လို့ ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံကုမ္ပဏီ Marisks ကို ကိုးကားပြီး Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။

​ဆော်ဒီ Bahri ကုမ္ပဏီရဲ့ Sidr လို့ခေါ်တဲ့ ရေနံစိမ်းတင်သင်္ဘောကြီးက အိုမန်နိုင်ငံ၊ Khasab မြို့ရဲ့ အရှေ့မြောက်ဘက်ကို သွားနေချိန်မှာ အပစ်ခံရတာပါ။ တောင်ကိုရီးယား Sinokor Group ရဲ့ Senegal Prosperity သင်္ဘောကတော့ အရှေ့ဘက်ကို သွားနေချိန်မှာ ၃ ချက်တိတိ ပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သင်္ဘောနှစ်စီးလုံး ပါရှန်းပင်လယ်ကွေ့ကနေ ထွက်လာကြတာလို့ Marisks က ပြောပါတယ်။

​ဒီသင်္ဘောကြီးနှစ်စီးစလုံးဟာ သူတို့ဘယ်နေရာရောက်နေလဲဆိုတာ ပြပေးတဲ့ AIS စနစ်တွေကို ပိတ်ထားခဲ့ကြတယ်လို့ အဆိုပါ ရေကြောင်းလုံခြုံရေး အတိုင်ပင်ခံက ပြောပါတယ်။

​အရှေ့အလယ်ပိုင်းက ရေနံထုတ်လုပ်တဲ့ နိုင်ငံကြီးတွေက တိတ်တဆိတ် သွားလာပို့ဆောင်ပေးနေလို့ စစ်မဖြစ်ခင်က ပမာဏရဲ့ တစ်ဝက်လောက်အထိ ပြန်နာလန်ထလာတဲ့ ဒီအရေးပါတဲ့ ရေလက်ကြားက ရေနံတင်ပို့မှုတွေဟာ အခုလို ထပ်မံတိုက်ခိုက်ခံရမှုတွေကြောင့် ခြိမ်းခြောက်ခံနေရတယ်လို့ ဆိုပါတယ်။

​ဒီဒေသတွင်းမှာ အခြေအနေတွေ ပိုဆိုးလာတာနဲ့အမျှ လန်ဒန် ICE စတော့အိတ်ချိန်းမှာ နိုဝင်ဘာလအတွက် ပေးပို့ရမယ့် ဘရန့်(Brent) ရေနံစိမ်းဈေးဟာ ဩဂုတ်လ ၂၅ ရက်နေ့နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်စည်ကို ၉၂ ဒေါ်လာအထက်ကို ရောက်သွားတယ်လို့ အရောင်းအဝယ် စာရင်းတွေအရ သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ ရပ်ကွက် (၃)ခုအတွင်းရေဝင်၍ ရေဘေးသင့်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ယနေ့ စင်တင်ဘာ ၁ ရက်မွန်းတည့် ၁၂ နာရီခန့်က သံလွင်မြစ်ရေမြင့်တက်ကာ မြို့၏စိုးရိမ်ရေမှတ်သို့ကျော်လွန်ရောက်ရှိခဲ့ကြောင်း သိရသည်။ ထိုသို့ သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၅) ရပ်ကွက်တို့ရှိနေအိမ်များအတွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။  ထို့ကြောင့် ဘားအံခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ရေဘေးသင့်နေသူများကို ရေဘေးလွတ်ကင်းရာသို့ကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ မိုးဇလ၏ ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် (၃)ပေ(၇)လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း (၆) လက်မခန့်မြင့်တက်လာပြီး မြို့၏စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း...

ချင်းတွင်းမြစ်အတွင်းပြုပြင်နေသည့် သင်္ဘောတစ်စီးမှမီးခိုးထွက်လာ၍ အချိန်နှစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းမြစ်အတွင်း၌ပြု ပြင်နေသည့် သင်္ဘောတစ်စီး၏ကိုယ်ထည်အတွင်းမှ မီးခိုးများထွက်လာ၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရမှု ယနေ့ စက်တင်ဘာ ၁ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ကမ်းနားလမ်းရှိ ချင်းတွင်းသင်္ဘောကျင်းအနီး ချင်းတွင်းမြစ်အတွင်း၌ပြုပြင်တည် ဆောက်နေသော သင်္ဘော(၁)စီး၏ ကိုယ်ထည်အ တွင်းမှမီးခိုးများထွက်နေသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။ ထို့ကြောင့် နေ့လယ် ၁ နာရီတွင် မီးငြိမ်းသွားခဲ့သဖြင့် စတင်ဖြစ်ပွားသည့်အချိန်မှ မီးငြိမ်းသည့်အချိန်အထိ အချိန်နှစ်နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ဒက်စ်ထရီကို ဗဟိုဘဏ်ဥက္ကဌအဖြစ် အင်ဒိုနီးရှားပါလီမန် အတည်ပြု

အင်ဒိုနီးရှားပါလီမန်သည် ဒက်စ်ထရီ ဒါမာယန်တီကို အင်ဒိုနီးရှားဘဏ်(ဘီအိုင်)၏ နောက်တက်မည့် ဥက္ကဌအသစ်အဖြစ် စက်တင်ဘာ ၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး ဗဟိုဘဏ်ကို ဦးဆောင်သည့် ပထမဆုံးအမျိုးသမီးဖြစ်လာရန် လမ်းခင်းပေးခဲ့သည်။ ဇူလိုင်လတွင် ဥက္ကဌ ပါရီ ဝါဂျီယိုသည် သူ၏ ဒုတိယသက်တမ်းတစ်ဝက်ခန့်တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်သွားခဲ့ပြီးနောက် အသက် ၆၂ နှစ်အရွယ် ဒက်စ်ထရီသည် ရာထူးအတွက် တစ်ဦးတည်းသော အမည်စာရင်းတင်သွင်းခံရသူဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် သူ၏ ကိုယ်စားလှယ်လောင်းတင်သွင်းမှုကို လွှတ်တော်၏ ဘဏ္ဍာရေးကော်မတီက စိစစ်ကာ ထောက်ခံခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071