Monday, April 27, 2026

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

စက်သုံးဆီစျေးကျ၍ အဝေးပြေးလက်မှတ်ခများ ပြန်လည်လျှော့ချပေးနေ

ယခုရက်သတ္တပတ်အတွင်း စက်သုံးဆီဈေး ကျဆင်းလာသည့်အတွက် အဝေးပြေးယာဉ်လိုင်းတချို့ ကားလက်မှတ်ခများကို ပြန်လည် လျှော့ချပေးနေသည်။ ထိုသို့လျှော့ချပေးရာ၌ ယခင်အတက်စျေးဖြင့် ဝယ်ယူထားသည့် ကားလက်မှတ်များကိုလည်း ကားဂိတ်ရောက်ရှိိချိန်တွင် ငွေပြန်အမ်းပေးလျက်ရှိကြောင်း သိရသည်။ မန္တလာမင်း...

ရတနာပုံအသင်း၏ အိမ်ကွင်းအဖြစ် ကွင်းသုံးကွင်းကို လျာထား

ရတနာပုံအသင်းအနေဖြင့် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန် ကွင်းသုံးကွင်းကို လျာထားဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကွင်းသုံးကွင်းမှာ မန္တလေးမြို့ရှိ ဗထူးကွင်း၊ အောင်မြေမန္တလာကွင်းနှင့် ရွှေမန်းတောင်လေ့ကျင့်ရေးကွင်းများကို လျာထားကာ ပြင်ဆင်ဆောင်ရွက်လျက်ရှိခြင်း...

၂၀၂၆ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ...

​မြန်မာ့စစ်တုရင်လောကကို တစ်ခေတ်ပြန်လည်ဆန်းသစ်စေမည့် "၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင်ပြိုင်ပွဲ" ကို ရန်ကုန်မြို့၊ သုဝဏ္ဏရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) တွင်...
HomeArticlesဥံဳဖြ...၀တၱဳတိုဆရာ

ဥံဳဖြ…၀တၱဳတိုဆရာ

မလွှဲမရှောင်သာနဲ့ ‘ကိုယ့်ကိုယ် ကိုယ်ဖော်၊ မသူတော်’လုပ်ရပါဦး မယ်။ ခွင့်ပြုတော်မူကြပါ။ စာပေပုံ သဏ္ဌာန်တစ်ခုဖြစ်တဲ့ ‘ဝတ္တုတို’ဆိုတာ တွေကို ကျွန်ုပ်ရေးသားစီကုံး၊ ဖွဲ့နွဲ့၊ ဖန်တီးလာခဲ့တာ နှစ်ပေါင်း ၄ဝ နီး နီးရှိခဲ့ပါပြီ။ ဝတ္တုတို ပုဒ်ရေအားဖြင့် (ပုံနှိပ်မူဘဝရောက်တာ) ပုဒ်ရေ ၃ဝဝ ကျော်ပါပြီ။ အယ်ဒီတာမင်းတို့ ရဲ့ အမှိုက်ချင်းထဲရောက်ကုန်ကြတာ၊ ကိုယ့်ဘာသာကိုယ် မကြိုက်လို့ ဆွဲ ဆုတ်ပစ်ခဲ့တာတွေကလည်း ပုဒ်ရေ ရာဂဏန်းပါ။ ဝတ္တုတိုတွေ ရေးနိုင်ခဲ့ ခြင်းရဲ့ အကျိုးရလဒ်အဖြစ် အမျိုး သားစာပေဆုရရှိခဲ့ပါတယ်။ ၂ဝ၁၄ ခုနှစ်အတွက် ‘ဝတ္တုတို’ ညွန့်ပေါင်းဆု ပါ။ စာအုပ်အမည်က ‘မာရ်နတ်နဲ့ စည်းစိမ်’တဲ့။ မဖတ်ဖူးသေးတဲ့သူတွေ ရှာဖွေဝယ်ယူပြီး ဖတ်ရှုအားပေးတော် မူကြပါ။ ရောင်းကောင်းတယ်လို့ကြား ရင် ကျွန်ုပ်တတိယအကြိမ် ရိုက်နှိပ် ထုတ်ဝေဦးမှာပါ။ ထပ်ထုတ်ရင် ထုတ်ဝေသူဆီက ပိုက်ဆံထပ်ရဦးမှာ ပိုက်ဆံဆိုတာ သည်းခြေကြိုက်ရတနာ တစ်ပါး မဟုတ်လားခင်ဗျ။ စာပေ အနုပညာ ဖန်တီးပြီး ရရှိတဲ့ ပိုက်ဆံ ဟာ သမ္မာအာဇီဝနည်းအရ ဝင်လာ တဲ့ငွေမို့ အင်မတန်သန့်ရှင်းပါတယ်။ အင်မတန်မွန်မြတ်ပါတယ်။ အင်မ တန်အဖိုးတန်ပါတယ်။ ဟုတ်တယ် …ဟုတ်။

သို့သော် …သို့သော် … တစ်ခုတော့ သတိပြုပါ။ မြန်မာပြည် မှာ ဝတ္တုတိုရေးပြီး အသက်မွေးဝမ်း ကြောင်းဖို့ ကြိုးစားရင် အသင်ဟာ ‘ခါနာနိမ်း’ပြီး သေကိန်းဆိုက်သွားပါ လိမ့်မယ်။ အနည်းဆုံးတော့ အသင် ဟာ ‘ထမင်းရက်ချန်၊ ရေရက်မှန်’ဖြစ် သွားနိုင်ပါတယ်။

နို့ဖြင့် …ကြူးနှစ်သည် ဘာ ကြောင့်နှစ် ၄ဝ နီးပါးကြာအောင် ဝတ္တုတိုတွေလှိမ့်ရေးနေခဲ့ရပါသနည်း ဟု မေးစရာရှိလာပါသည်။ တိုတိုပဲ ဖြေပါမည်။ ကျွန်ုပ်သည် ထမင်းမဝ သည့်အလုပ်ကို သတ္တိရှိရှိ လုပ်ရဲခဲ့ သောကြောင့် ဖြစ်သည်။ နောက်တစ် ကြောင်းမှာ ”သူလုပ်နိုင်ရင် ဘာ ကြောင့်ငါကကော မလုပ်နိုင်ရမှာလဲ” ဟူသော မာနကြောင့်ဖြစ်သည်။ ကျွန်ုပ်သည် အရိယာလမ်းစဉ် လျှောက်လှမ်းသော သူတော်စင်မ ဟုတ်။ သာမန်လူထဲက လူသာဖြစ် သောကြောင့် မာနရှိပါသည်။ ကြူး နှစ်သည် မာန်မာနကင်းစင်သော နှိမ့် ချရိုးသားသည့်ငနဲပါဟု လိမ်မပြော ပါ။ စကားစပ်မိ၍ ဤစာကြောင်းကို ရေးနေခိုက်သွားလေသူ အဆိုတော် ‘စိုင်းထီးဆိုင်’ဆိုသွားသည့် (လူဆိုတာ မာနနဲ့ပါ။ နေရာတိုင်းတော့ အရှုံး မပေးနိုင်ဘူး)ဆိုသော သီချင်းစာသား ကို သတိရမိ၏။

ကျွန်ုပ်ဝတ္တုတိုရေးခြင်းကို တွန်း အားပေးသော အကြောင်းအချက် တစ်ခုရှိသည်။ ကျွန်ုပ်တို့ မမီလိုက်ရ သော စစ်ကြိုခေတ်စာရေးဆရာ ‘မြ မျိုးလွင်’သည် ဝတ္တုတိုပုဒ်ရေ ၅ဝဝ ခန့် ရေးသွားသည်ဟု တစ်နေရာရာ မှာ ကျွန်ုပ်ဖတ်ဖူး၏။
”အိမ်း …တယ်ရေးနိုင်တဲ့ မန္တလေးသားကြီးပါကလားနော်”ဟု ကျွန်ုပ်မှတ်ချက်ပြုမိသည်။

ဝတ္တုတိုအကြောင်းပြောလျှင် မပါမပြီးသော ရုရှားလူမျိုး၊ ဆရာ ဝန်စာရေးဆရာ ‘ချက်ကပ်’ Anton Chekhov သည် ကျန်းမာရေးမ ကောင်းသည့် ကြားမှ ဝတ္တုတိုပေါင်း ၆ဝဝ ခန့် ရေးသွားသတဲ့။ အမယ် မင်း တကယ့်ချန်ပီယံကြီးပါကလား။

ကျွန်ုပ်တို့ မြန်မာစာပေလောက တွင် ဝတ္တုရှည်များကြောင့် ‘တစ် ခေတ်တစ်ယောက်’ဖြစ်ခဲ့သူ၊ သွား လေသူ စာရေးဆရာကြီး ‘မောင်သာ ရ’မှာလည်း ဝတ္တုတိုတွေ အများကြီး ရေးသွားရာ အလွန်ထူကဲသော ဝတ္တု တိုညွှန့်ပေါင်းစာအုပ်ကြီး ၂ အုပ် သည် သူချန်ခဲ့သော အားထုတ်မှု မှတ်တိုင်ဖြစ်သည်။ ခုခေတ်မှာဆို လျှင်တော့ စာရေးဆရာ ‘ညီပုလေး’ သည် ဝတ္တုတိုအတော်ရေးနိုင်သည်။ လူကြီးပိုင်းဝါရင့်ကလောင်ထဲက တစ် သက်တာစာပေဆုရှင်ဆရာကြီး ‘ဆင် ဖြူကျွန်းအောင်သိန်း’ဆိုလျှင်လည်း ဝတ္တုတို ဒါဇင်ပေါင်းများစွာ ရေးသား ခဲ့ပြီး ပုဒ်ရေရာနှင့်ချီ၍ ရှိလိမ့်မည်။

သည်တော့ကာ …ကျွန်ုပ်က အထက်တွင်ဖော်ပြခဲ့သော ဆရာ ကြီး၊ ဆရာငယ်များ၏ စံချိန်ကို ချိုး မည်ဟု အားခဲကာ ဝတ္တုတိုတွေ ကြုံး ရေးခဲ့သည်ဟုထင်လျှင် တစ်ဝက်မှန် ပါသည်။ ကျန်တစ်ဝက်ကတော့ ‘ထမင်းစားဖို့၊ အရက်သောက်ဖို့၊လက် ဖက်ရည်သောက်ဖို့၊ လိုတာသုံးဖို့’ရေး ခြင်းသာဖြစ်၏။ စာပေအနုပညာထဲ က ဝတ္တုတိုဆိုတဲ့ အနုပညာကို ချစ် လွန်းခင်လွန်း တန်ဖိုးထားလွန်းလို့ပါ၊ ဘာညာနဲ့ ကျွန်ုပ်က ပလီဓိချောက် ချက်မပြောတတ်ပါ။ ကျွန်ုပ်ဝတ္တုတို ရေးခြင်းကလည်း အထူးတလည် ကောင်းမွန်သန့်စင်သော လုပ်ငန်း ကြီးမဟုတ်ပါ။ ပန်းရံ သမားက ပန်းရံလုပ်သလို …၊ ဈေးသည်က ဈေးရောင်းသလို၊ ကိုယ်တတ်တာ ကိုယ်လုပ်နေခြင်းသာ ဖြစ်၏။ တစ်ခါ တစ်ခါ ဝတ္တုတိုရေးနေရ ခြင်းကိုပင် ကျွန်ုပ်က ဝဋ်နာကံနာကျ ရောက်ခြင်း ဟုပင် ခံစားမိပါသေး၏။

စာရူးပေရူးတချို့က ကျွန်ုပ်ထံ ချဉ်းကပ်ပြီး ”ဆရာ …ဝတ္တုတိုတွေ ဘယ်လိုရေးဖြစ်လာပါသလဲ”ဟု မေး လေ့ရှိကြသည်။ ကျွန်ုပ်၏ ရိုးသား သော အဖြေမှာ …

”ရည်းစားစာတွေ ရေးရင်းက စာရေးတတ်သွားပြီး တခြားအလုပ် လည်း မလုပ်ချင်တာနဲ့ ဝတ္တုတိုရေး စားတာပါပဲ”ဟူ၏။ သူတို့က ထပ် ကွန့်ပုံမှာ …

”သင်ဆရာ၊ မြင်ဆရာ၊ ကြား ဆရာဆိုတဲ့အတိုင်း ဆရာသုံးမျိုးရှိ တော့ ဆရာရဲ့ဆရာတွေကို သိပါရ စေ”

”စာပေအနုပညာ ဖန်တီးမှု ပြောင်မြောက်တဲ့ စာရေးဆရာတိုင်း ဟာ ငါ့ဆရာတွေချည်းပဲ၊ အရေ အတွက် ရာနဲ့ချီပြီး ရှိသပ ..”

”အော် …အံဖွယ်သုတပါပဲ ဆရာ”

”ဘယ်ဝတ္တုတိုဆရာကိုအကြိုက် ဆုံးပါလဲဆရာ”ဟု ကျွန်ုပ်ကို ချောင် ပိတ်အငိုက်ဖမ်းသူလည်း ရှိ၏။

”ငါ့မှာ အကြိုက်ဆုံးဝတ္တုဆရာ ရယ်လို့ မရှိပါဘူးကွာ။ ရှိချင်းရှိ ကြူး နှစ်ကို အကြိုက်ဆုံးဖြစ်လိမ့်မယ်”

”ဆရာ့လို ဝတ္တုတိုတွေ အများ ကြီးရေးတတ်ချင်လိုက်တာ”

”မလုပ်ပါနဲ့၊ ငါ့လို မွဲနေငတ်နေ ပါဦးမယ်” အတွေ့အကြုံအရ ပြောရ လျှင် ကျွန်ုပ်ဝတ္တုတိုတွေ ရာချီရေး ဖြစ်ခဲ့တာမှာ မမြင်ရတဲ့တွန်းအား တွေ အများကြီးကြောင့်လည်း ဖြစ် ပါတယ်။ အဲသည်တွန်းအားတွေက ကျွန်ုပ်သေပြီး ခေါင်းတလားထဲ ရောက်တဲ့အထိ နောက်ကလိုက်လာ ပြီး ”ဟေ့ ကြူးနှစ်၊ ဝတ္တုတိုရေးဦး လကွာ”လို့ ပူဆာချင်ပူဆာကြမှာ။

ကျွန်ုပ်ရဲ့ မိတ်ဆွေတစ်ယောက် ဖြစ်တဲ့ ခေတ်ဟောင်းခေတ်ဆွေးစာ ရေးဆရာ ‘ကိုခေမာ’ဆိုတဲ့ လူဟာ လည်း ဝတ္တုတိုတွေ အရမ်းရေးခဲ့ပါ တယ်။ ၁၉၈ဝ လောက်ကဆို သူဝတ္တု တိုရေးအား အကောင်းဆုံးကာလ ပေါ့။ ကျွန်ုပ်က သူ့အိမ်မှာ ညအိပ် သွားလည်ရင်း ညဘက်စာကြောင်း ပေကြောင်း ပြောကြရော။ ည ၁၁ နာရီလောက် ကျွန်ုပ်က အိပ်ရာဝင် ပေမယ့် သူက မအိပ်သေးဘဲ ..
”ဝတ္တုတိုတစ်ပုဒ် ဖန်တီးဦး မဗျာ”ဆိုပြီး စာရေးစားပွဲမှာ ထိုင် တော့တာကိုး။ မနက်မိုးလင်းလို့ ကျွန်ုပ်အိပ်ရာက ထချိန်မှာ။ ကျွန်ုပ် ဖတ်ဖို့ ဝတ္တုတိုလက်ရေးမူ တစ်ပုဒ်က အသင့်ဖြစ်နေပြီ။ ကိုခေမာက ည တွင်းချင်း ဖန်တီးလိုက်တာကိုး။

ကိုခေမာဟာ စာပေလောကထဲ ဝင်တာ၊ ကျွန်ုပ်ထက် ၁ဝ နှစ်လောက် စောပါတယ်။ ကနေ့ သူ့အသက် ၇ဝ ကျော်တဲ့အထိ၊ ပုံနှိပ်မူဖြစ်တဲ့ ဝတ္တု တို ၁ဝ ပုဒ်မကျော်ပါဘူး။ သူ့က လောင်နာမည်ကို သိတဲ့သူကလည်း တစ်ဒါဇင်လောက်ပဲ ရှိတော့တယ်။ သို့သော် သူကတော့ သူ့ကိုယ်သူ ဝတ္တုတိုဆရာလို့ ထင်နေတုန်း။

သူမသိရှာတာက ‘ဝတ္တုတို’ တစ် ပုဒ်ဆိုတာ လုပ်ကြံဖန်တီးလို့ မရနိုင် ဘူး။ စာရေးဆရာရဲ့ ပါရမီဥာဏ်စွမ်း အားနဲ့ သူ့အလိုလို ‘ဖြစ်’လာတယ်ဆို တာပါပဲ။ သို့မို့ကြောင့် ကြူးနှစ်ရဲ့ ဝတ္တုတိုများကို ကြူးနှစ်ရေးသားခြင်း မဟုတ်။ သူ့အလိုအလျောက် ဖြစ် ထွန်းပေါ်ပေါက်လာခြင်းဟု မှတ်ကြ စေ။

ကြူးနှစ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071