Saturday, May 9, 2026

ပြည်ပပို့ကုန်လျာထားချက် ပြည့်မီစေရေးနှင့် ပို့ကုန်လုပ်ငန်းရှင်များ၏ အခက်အခဲများကို...

မေလ ၈ ရက်နေ့က ပြုလုပ်သည့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ၏ (၁/၂၀၂၆) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများ ဘေးကင်းရာသို့...

ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့...

ဥရောပအစိုးရများ WhatsApp နှင့် Signal...

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံအချို့သည် အစိုးရအတွင်း ဆက်သွယ်ပြောဆိုမှုများအတွက် ၎င်းတို့ကိုယ်ပိုင် Messaging App များသို့ ပြောင်းလဲအသုံးပြုနေကြသည်။ နိုင်ငံအသီးသီးမှ မြို့တော်များသည် ဝန်ကြီးများနှင့်...

မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းမြင့်တက်လာ ရန်ကုန်အထိုင်စျေးတစ်ပိဿာ(၇,၄၉၉)ကျပ်ဖြစ်

ယခု မေလ ဒုတိယပတ်တွင် စားအုန်းဆီစျေးနှုန်းအလနည်းငယ်မြင့်တက်လာကာ ယနေ့ မေ ၈ ရက်မှ မေ ၁၄ ရက်အထိ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏...
HomeCelebrities' Newsအနုပညာကလွဲလို့ ဘာမှမလုပ်တတ်ဘူးလို့ ခံယူထားတဲ့...

အနုပညာကလွဲလို့ ဘာမှမလုပ်တတ်ဘူးလို့ ခံယူထားတဲ့ စိုင်းစိုင်းခမ်းလှိုင်

နှစ်စဉ်နှစ်တိုင်း ဧပြီ ၁ဝ ရက်နေ့ဆိုရင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ စိုင်းစိုင်းBirthday Show ကျင်းပလာတာ ၁၄ နှစ်တိုင်ခဲ့ပြီ။ ကျင်းပတိုင်း၊ ကျင်းပတိုင်းလည်း အောင်ပွဲခဲ့တယ်။ ဒီနှစ်မှာလည်း ရန်ကုန်မြို့၊ သုဝဏ္ဏဘူမိမှာ ကျင်းပတဲ့ စိုင်းစိုင်းရဲ့Birthday Show က အောင်မြင်ခဲ့ပြန်ပြီ။ စိုင်းစိုင်းကတော့ သူ့မွေးနေ့နဲ့ သူဖြတ် သန်းခဲ့တဲ့ နှစ်ကာလတွေအပေါ် ရိုးရိုးလေးပဲ သုံးသပ်ပါတယ်။

“မွေးနေ့တစ်နှစ်ရောက်ပြီဆိုတိုင်း အသက်ကတော့ တစ်နှစ်ကြီးလာတာပေါ့လေ။ ဖေ့စ်ဘုတ်ခ်မှာ ကျွန်တော်ဖတ်ရတဲ့ ဆရာရွှေဂျော်ဂျော်ရဲ့ စာလေးကို ကိုးကားပြီးတော့ ပြောရရင် လူ့သက်တမ်းက အသက် ၈ဝ ပဲရှိတယ်။ ပျမ်းမျှအားဖြင့် ၇ဝ ပဲရှိမယ်ဆိုရင် တစ်နှစ်ကို တစ်ကျပ်နဲ့ တွက်မယ်ဆိုပါစို့။ ကျွန်တော်တို့ အိတ်ကပ်ထဲမှာ ၈ဝ ပဲပါလာတာကိုး။ အခုဆိုရင် ကျွန်တော်ဆိုရင် တော်တော်လေးကို သုံးပြီးသွားပြီ။ နောက် ထပ်ကျန်သွားတဲ့ အိတ်ထဲက ငွေအရေအတွက်က တစ်နှစ်ထက်တစ်နှစ်လျော့နည်းလာမှာကိုး။ အဲဒီတော့ တစ်ကျပ်၊ တစ်ကျပ်ကို ဘယ်လိုသုံးစွဲမလဲဆိုတာက အရေးကြီးပါတယ် ဆိုတဲ့ ဆရာရွှေဂျော်ဂျော်ရဲ့စာလေး ကျွန်တော် ဖတ်လိုက်ရ တယ်။ ကျွန်တော်လည်း အဲဒီလိုပဲ။ ဒီဂီတအနုပညာကို ဝါသနာပါပြီးတော့ ဒါကိုလုပ်ဖို့ မွေးဖွားလာတယ်လို့ ကျွန်တော့်ကိုယ် ကျွန်တော်ယုံကြည်တယ်။ ဒါက လွဲပြီး တော့ ကျွန်တော် ဘာမှမလုပ်တတ်ဘူး။ အဲဒီတော့ ကျွန်တော် ဝါသနာပါတဲ့အလုပ်ကို ကျွန်တော်လုပ်ခွင့်ရ နေတဲ့အခါမှာ ကျွန်တော်ကတော့ နှစ်တိုင်းနှစ်တိုင်း ကျွန်တော် လုပ်ခွင့်ရနေသေးသရွေ့ ကျွန်တော် ဆက်ပြီး တော့လုပ်မယ်။ ဒီအနုပညာလမ်းကို ဆက်ပြီးတော့လျှောက် မယ်။ နောက်နှစ်မှာ ကျွန်တော်ဆိုနိုင်မလား၊ ကျွန်တော့် ပရိသတ်တွေ အားပေးဦးမလား ကျွန်တော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ လုပ်ခွင့်ရနေသေးသရွေ့ ဒီအနုပညာကိုပဲ ကျွန်တော် လုပ်မှာပါ။ ကျွန်တော် ဒါပဲလုပ်တတ်ပါတယ်”လို့ စိုင်းစိုင်း ခမ်းလှိုင်က ပြောပြခဲ့ပါတယ်။

မျိုးမောင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071