အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်ပါဝင်ခဲ့သည့် အင်ဒိုနီးရှားနိုင်ငံသား(၁)ဦးကို စက်တင်ဘာ ၂၁ ရက်က မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ထပ်မံလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားသည် ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ ဒုစရိုက်မှုများကျူးလွန်ရာတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးက ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ Counsellor Mrs. Angela Anggraeni Soewono ထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ စာရွက်စာတမ်းများကိုပေးအပ်ခဲ့ကြောင်း သိရသည်။
