Tuesday, September 22, 2026

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ...

ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည် ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃...

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်၊ ရန်ကုန်အပါအဝင် ဒေသအများအပြား...

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ နေရာကွက်၍...

လပွတ္တာမြို့မဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌...

အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြို့မဈေးကို ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ...

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကိုဆွေးနွေး

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကို ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်နှင့် တရုတ်(ကူမင်း)အာဆီယံအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. De Long...
HomeNewsLocal Newsရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ...

ရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြန်ပြုရန် လွှတ်တော်၌ မေးမြန်း

တတိယနိုင်ငံသားများကို Package Tour ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ဟု ဒုဝန်ကြီးပြော

နေပြည်တော်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ယခင်က နိုင်ငံခြားခရီးသွားများ လှည့်လည်သွားလာခွင့်ရှိခဲ့သည့် မြို့နယ်များသို့ ပြည်ပခရီးသွားများ စနစ်တကျ ပြန်လည်ဝင်ရောက်လည်ပတ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက မေးမြန်းခဲ့သည်။

ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်/ထွက်ခွင့်ပြုထားပြီး တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်း လည်ပတ်ခွင့်ပြုလျက်ရှိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ်တွင် တာချီလိတ်နယ်စပ်ဂိတ်ကို ယာယီပိတ်ထားခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ကာ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဝင်/ထွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

သို့သော် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် အွန်လိုင်းလိမ်လည်မှုများ ထိန်းချုပ်တားဆီးရေးအတွက် တတိယနိုင်ငံသားများကို ဗီဇာအမျိုးမျိုးဖြင့် တာချီလိတ် အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ဝင်/ထွက်ခွင့်အား ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ ကန့်သတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်များနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်မှသာ ဝင်/ထွက်ခွင့်ပြုခဲ့ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်နေ့မှစတင်၍ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ စိစစ်တင်ပြချက်အရ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ပြန်လည်ဝင်/ထွက်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဝင်ရောက်လာသူများအနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကန့်သတ်နယ်မြေများမှအပ တာချီလိတ်-ကျိုင်းတုံ ခရီးစဉ်လမ်းကြောင်းအတိုင်း လည်ပတ်ခွင့်ရှိပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာမှ ယခုအချိန်အထိ တတိယနိုင်ငံသား ၃၄ ဦးနှင့် ထိုင်းနိုင်ငံသား ၂,၇၄၆ ဦး ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသားများကို နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဖြင့်လည်းကောင်း၊ တတိယနိုင်ငံသားများကို Package Tour အစီအစဉ်ဖြင့်လည်းကောင်း သတ်မှတ်ချက်များနှင့်အညီ ဝင်/ထွက်ခွင့်ပြုလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည် ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။ ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဒေါ်နယ်ထရမ့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်သက်ဆိုင်သည့် အဓိကကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က ပြောကြားသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်...

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်၊ ရန်ကုန်အပါအဝင် ဒေသအများအပြား မိုးကြီးနိုင်

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၂ ရက် နံနက် ၇ နာရီတွင် သတိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၅ နာရီခွဲ တိုင်းထွာချက်များအရ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ရောက်ရှိနေပြီး အနောက်ဘက်သို့ ရွေ့လျားလျက်ရှိကာ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၂၀ ခန့်အကွာ...

လပွတ္တာမြို့မဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌ မေးမြန်း

အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြို့မဈေးကို ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ (ခ) ဦးဝင်းရွှေက မေးမြန်းခဲ့သည်။ ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ နေပြည်တော်ကောင်စီ ကောင်စီဝင် ဦးခင်မောင်လတ်က လပွတ္တာမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အခွန်နှင့် သာမန်ရငွေ ကျပ် ၈၄၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071