Tuesday, September 22, 2026

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ...

ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည် ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃...

ရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြန်ပြုရန်...

တတိယနိုင်ငံသားများကို Package Tour ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ဟု ဒုဝန်ကြီးပြော နေပြည်တော်၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ယခင်က...

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်၊ ရန်ကုန်အပါအဝင် ဒေသအများအပြား...

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ နေရာကွက်၍...

လပွတ္တာမြို့မဈေးကို ခေတ်မီဈေးဝယ်စင်တာအဖြစ် တည်ဆောက်ပေးရန် လွှတ်တော်၌...

အကျိုးတူရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းရှင်ရှိပါက အကောင်အထည်ဖော်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့ အမှတ် (၅) ရပ်ကွက်ရှိ လပွတ္တာမြို့မဈေးကို ခရိုင်မြို့အင်္ဂါရပ်နှင့်အညီ...
HomeNewsLocal Newsတရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကိုဆွေးနွေး

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကိုဆွေးနွေး

တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ရင်းနှီးမြှုပ်နှံလိုသည်ကို ကူမင်းမြို့အခြေစိုက် မြန်မာကောင် စစ်ဝန်ချုပ် ဦးဇေယျာမျိုးမြင့်နှင့် တရုတ်(ကူမင်း)အာဆီယံအပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. De Long Yong တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် စက်တင်ဘာ ၂၁ ရက်နံနက်ပိုင်းက ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံစဥ် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင် ငံသို့သွားရောက်ရင်းနှီးမြှုပ်နှံလိုသည့်ကိစ္စ၊ မြန်မာစီး ပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများ ပူး ပေါင်းဆောင်ရွက်လိုသည့်ကိစ္စ၊ မြန်မာနိုင်ငံတွင် အခြေ ခံအဆောက်အဦများတည်ဆောက်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန်များကို ယူနန်ပြည်နယ်သို့ တင်ပို့ရောင်းချရေး၊ အသေးစား၊ အ ငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ဖွံ့ဖြိုးတိုးတက်စေရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှီကျင့်ဖျင် စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်သို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်

ထရမ့်နှင့် တရုတ်-အမေရိကန်ဆက်ဆံရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးမည် ပေကျင်း၊ စက်တင်ဘာ ၂၂ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်ပြည်ထောင်စုသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုထုတ်ပြန်ထားသည်။ ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်နှင့် သမ္မတဒေါ်နယ်ထရမ့်တို့သည် တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့နှင့်သက်ဆိုင်သည့် အဓိကကိစ္စရပ်များအပေါ် နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်ကျားကွန်း (Guo Jiakun) က ပြောကြားသည်။ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်...

ရှမ်းအရှေ့ နယ်စပ်မြို့များသို့ နိုင်ငံခြားခရီးသွားများ ဝင်ရောက်ခွင့်ပြန်ပြုရန် လွှတ်တော်၌ မေးမြန်း

တတိယနိုင်ငံသားများကို Package Tour ဖြင့် တာချီလိတ်-မယ်ဆိုင် ဝင်/ထွက်ပေါက်မှ ဝင်ရောက်ခွင့်ပြုထားပြီးဖြစ်ဟု ဒုဝန်ကြီးပြော နေပြည်တော်၊ စက်တင်ဘာ ၂၂ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ယခင်က နိုင်ငံခြားခရီးသွားများ လှည့်လည်သွားလာခွင့်ရှိခဲ့သည့် မြို့နယ်များသို့ ပြည်ပခရီးသွားများ စနစ်တကျ ပြန်လည်ဝင်ရောက်လည်ပတ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိကို စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ကျိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက မေးမြန်းခဲ့သည်။ ယင်းမေးမြန်းမှုနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တတိယနိုင်ငံသားများကို Package...

ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းငယ်ဖြစ်ပေါ်၊ ရန်ကုန်အပါအဝင် ဒေသအများအပြား မိုးကြီးနိုင်

နေပြည်တော်၊ စက်တင်ဘာ ၂၂ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ် (Depression) အရှိန်ကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာပြီး ဒေသအချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၂၂ ရက် နံနက် ၇ နာရီတွင် သတိပေးထုတ်ပြန်ထားသည်။ ယနေ့ နံနက် ၅ နာရီခွဲ တိုင်းထွာချက်များအရ မုန်တိုင်းငယ်သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ရောက်ရှိနေပြီး အနောက်ဘက်သို့ ရွေ့လျားလျက်ရှိကာ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၂၀ ခန့်အကွာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071