Home News Local News အွန်လိုင်းလိမ်လည်မှုကို ‌ေ-သဒ-ဏ်နှင့် ထောင်တသက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်း လွှတ်တော်တင်

အွန်လိုင်းလိမ်လည်မှုကို ‌ေ-သဒ-ဏ်နှင့် ထောင်တသက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်း လွှတ်တော်တင်

0
91

အွန်လိုင်းလိမ်လည်မှုကို ‌ေ-သဒ-ဏ်နှင့် ထောင်တသက်အထိ ချမှတ်နိုင်မည့် ဥပဒေမူကြမ်းကို ယနေ့ (ဇွန် ၃) ၌ အမျိုးသားလွှတ်တော်အစည်းအဝေးကို တင်လိုက်ပြီဖြစ်သည်။

နေပြည်တော်၌ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ကျင်းပနေချိန်လည်း ဖြစ်သည်။

ထိုဥပဒေမူကြမ်းကို ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက အဆိုအဖြစ် တင်သွင်းလိုက်ခြင်း ဖြစ်သည်။

ဥပဒေမူကြမ်းတွင် အွန်လိုင်းလိမ်လည်မှု၌ ပြစ်မှုထင်ရှားသူကို အမိန့်တရပ်ထပ်ပိုပြီး တရားရုံးက အမိန့်ချမှတ်နိုင်ကာ၊ သံသယရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်များနှင့် တိုက်ဆိုင်စစ်ဆေးအတည်ပြုရုံတင်မက UID ကဒ်များဖြင့်ပါ စစ်ဆေးအတည်ပြုခြင်း၊ အွန်လိုင်းမှ တို-က်ရို-က်စစ်ဆေးအတည်ပြုခြင်းများပါ ပါဝင်သည်။

ထို့အပြင် ကျူးလွန်သူများကို ‌ေ-သဒ-ဏ်၊ တသက်တကျွန်းအထိ အရေးယူနိုင်သည့် ပြစ်ဒ-ဏ်များ ချမှတ်နိုင်သည့် ပုဒ်မများလည်း ပါဝင်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဥပဒေကြမ်းနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက ဇွန် ၅ ရက် နောက်ဆုံးထား စာရင်းပေးရန် ပြောကြားထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here