Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeArticlesအခြားသောအရေးအသား(၃)

အခြားသောအရေးအသား(၃)

၁။ အချစ်မှ အမုန်းသို့ ကူးပြောင်း ရာတွင် တောင်ဝင်ရိုးစွန်းမှ မြောက် ဝင်ရိုးစွန်းသို့ မြင်းအိုကြီးတစ်ကောင် စီး၍ သွားရသကဲ့သို့ ကြာညောင်းပါ စေသား။
(မြသန်းလင်း၏ နှလုံးသားနွေကသစ် လစ်တမတ်စက္ကူပြာ ကဗျာစာအုပ်မှ)

၂။ အထက်ပါကဗျာစာသားမှာ ကျွန်တော်မှတ်မိသလို ပြန်ရေးထား ခြင်းဖြစ်ပါသည်။ မူရင်းရေးသူ ကဗျာဆရာမှာ မြသန်းလင်းဖြစ်ပြီး သူ၏နှလုံးသား နွေကသစ်လစ်တ မတ် စက္ကူပြာ ကဗျာစာအုပ်ထဲတွင် ရေးသားခဲ့ခြင်းဖြစ်သည်ဟု မှတ်မိ နေပါသည်။ ကျွန်တော်တို့ ၁၆ နှစ် သားအရွယ်က ထွက်ရှိခဲ့သော စာအုပ်ဖြစ်ပါသည်။ နှစ်တွေကြာမြင့် လာခဲ့သည့်တိုင် ထိုစာသားကလေး ကို ကျွန်တော်မှတ်မိနေပါသည်။ လူ တစ်ယောက်သည် မြင်းအိုကြီးတစ် ကောင်ကို စီး၍ တောင်ဝင်ရိုးစွန်းမှ မြောက်ဝင်ရိုးစွန်းသို့ တရွေ့ရွေ့သွား နေပါသည်။ ညဥ့်အချိန်ဆိုလျှင် မိုး ကောင်းကင်နက်ကြုတ်ကြုတ်ထဲမှာ ကြယ်ပွင့်ကလေးများ ပြိုးပြိုးပြက် ပြက် ထွက်လာသည်။ မြင်းအိုကြီး သည် လူတစ်ယောက်ကိုတင်ကာ တရွေ့ရွေ့ ခရီးနှင်လျှက်ပင် ရှိသည်။ လသာသောညများတွင် မြင်းအိုကြီး သည် မိမိ၏လရောင်အရိပ်ကို ကြည့် ကာ တစိုက်စိုက် ခရီးနှင်လေသည်။ အရှေ့ဗြုဗွာအရပ်ဆီမှ နေလုံးကြီး တရိပ်ရိပ်တက်လာချိန်တွင် မြင်းအို ကြီးသည် သူ၏ ဟောင်းမြင်းသော လည်ဆံမွှေးများကိုတစ်ချက်လှုပ်ကာ မမှိတ်မသုန် ခရီးနှင်တော့သည်သာ။ နေ့လယ်ခင်းချိန်တွင် နေလုံးသည် သူ့တို့ဦးခေါင်းထက်မှ တရိပ်ရိပ် ဖြတ် သန်းသွားသည်။ မြင်းအိုကြီးကား လူတစ်ယောက်ကိုတင်ကာ တရွေ့ ရွေ့ ထွက်ခွာနေတော့သည်သာ။

ညနေဆည်းဆာချိန်သို့ရောက်ပါပြီ။ မိုးကောင်းကင်သည် ရှက်သွေးဖြန်း နေသော အပျိုမလေးတစ်ယောက်၏ ပါးပြင်လို နီမြန်းလျှက် ရှိကုန်၏။ လေယာဉ်ပျံတစ်စီးသည် တဒီးဒီး မြည်ကာ ဖြတ်ကျော်ပျံသန်းသွား သည်။ မြင်းအိုကြီးကား မညည်းမ ငွေ့ပင် ခရီးနှင်နေလေသည်တကား။ ဆည်းဆာချိန်ယွန်းခဲ့ပြီ။ မြင်းအိုကြီး သည် ရေအိုင်ငယ်တစ်ခုအနီး၌ရပ် ကာ ရေကိုသောက်၏။ ရေအိုင်ငယ် အနီးရှိ မြက်နုကလေးများကို ကိုက် ဖြတ်စား၏။ ညဥ့်ယံသို့ရောက်ပြီ။ ညဥ့်ယံထဲ၌ မြင်းအိုကြီးသည် လူတစ် ယောက်ကို တင်ဆောင်ကာ မညည်း မညူ ရွေ့လျားနေတော့သည်သာ။ ညဥ့်ယံသည် ပိန်းပိတ်သော အမှောင် ထုအမိုက်တိုက်ကြီးဖြစ်သို့ ရောက်ရှိ လာခဲ့သည်။ မြင်းအိုကြီးကား သူ၏ မှိန်ဖျော့သော မျက်လုံးအစုံဖြင့် အမှောင်ထုကြီးကို တရွေ့ရွေ့သွားနေ တော့သည်သာ။ နှစ်ပေါင်းများစွာ ကြာမြင်ခဲ့ပေပြီ။ မြင်းအိုကြီးကားခရီး တစ်ခုကို သွားနေလျှက်ပင်တကား။

၃။ (မိုးထဲလေထဲ မရောက်ရောက် အောင် ငွေလွှဲပေးတဲ့ ကိုမိုးဝေး၊ စိတ် ချဆရာဆိုပြီး ရောက်မလာတော့ဘူး ထင်တဲ့အချိန်မှ ငွေရောက်နေအောင် ပို့ပေးတဲ့(ကို)မြေမှုန်လွင်၊ ကျွန်တော့် မှာ ပိုက်ဆံမရှိသေးဘူးပြောပြီး အ ချိန်တန်တော့ ရောက်လာအောင် ငွေပို့ပေးတတ်တဲ့ စိုင်းဝင်းမြင့်နဲ့ လူ ကြီးလူကောင်းဆန်ဆန် ငွေလွှဲပေး တတ်တဲ့ ကိုသူရကျော်တို့သို့)

နေမျိုး

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071