Home Movies တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲများ ကျင်းပ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲများ ကျင်းပ

0
60

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို ယနေ့တွင် တစ်ပြိုင်နက်တည်း စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား/သူ စုစုပေါင်း (၁,၄၆၇) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာန (၂၂) ဌာနဖွင့်လှစ်ပညာသင်ကြားနေပြီး
သင်တန်းသားများမှာ ၂၀၂၃ ပညာသင် နှစ်တွင် တက်ရောက်သင်ကြားနေသူများ ဖြစ်ကြောင်း သိရသည်။

စာမေးပွဲကို အပိုင်းနှစ်ပိုင်းခွဲ၍ စစ်ဆေးသွားမည်ဖြစ်ရာ ရေးဖြေစာမေးပွဲကို မေလ (၆) ရက်မှ (၁၂) ရက်နေ့အထိလည်းကောင်း၊ လက်တွေ့နှုတ်ဖြေ စာမေးပွဲကို မေလ (၁၃) ရက်မှ (၁၅) ရက်နေ့အထိလည်းကောင်း ဖြေဆိုကြရမည်ဖြစ်သည်။

ယင်း စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီးစီးသူများသည် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် တာဝန်ထမ်းဆောင်ကြမည်ဖြစ်‌ေကြာင်း သိရသည်။

ယနေ့ စာမေးပွဲသို့ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ်နှင့် တာဝန်ရှိသူများသည် နေပြည်တော်ကောင်စီနယ်မြေရှိ သူနာပြုသိပ္ပံစာစစ်ဌာန သို့ သွားရောက်၍ စာမေး ပွဲကျင်းပနေမှုအ ခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။

ထို့ကြောင့် မကြာမီကာလအတွင်း ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အရည်အချင်းပြည့်ဝသည့် သူနာပြုနှင့် သားဖွားဆရာမ အင်အားသစ်များ ထပ်မံတိုးပွားလာတော့မည် ဖြစ်သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here