Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsအမေအကြောင်း၊ ဘဝအကြောင်း၊ အချစ်...

အမေအကြောင်း၊ ဘဝအကြောင်း၊ အချစ် အကြောင်းတွေ ပါဝင်မယ့် သအို ရဲ့ တစ်ကိုယ်တော်အခွေ

သအိုက ဒီနှစ်ထဲမှာတော့ တစ်ကိုယ်တော်အခွေထွက်ဖို့ စီစဉ်နေပါတယ်။ သူ့အနေနဲ့ တစ်ကိုယ်တော်အခွေမထွက်ဖြစ်တာ ၄နှစ်လောက်ရှိ ပြီလည်းဖြစ်ပါတယ်။ မကြာခင်မှာ ထွက်ရှိမယ့် တစ်ကိုယ်တော်အခွေ ကတော့ ကိုယ်ပိုင်သံစဉ် သီချင်းတွေဖြစ်သလို ရသအစုံပါဝင်ဖြစ်တယ်လို့သိရပါတယ်။”အခွေကမထွက်ဖြစ်တာ ၄နှစ်ကျော်သွားတယ်။ ဘာကြောင့်ကြားထဲမှာ ဟသွားတာလဲဆိုတော့ သီချင်းတွေ စုနေတာကြောင့်ပါ။ မကြိုက်ဘူးဆိုရင်လည်း ပြန်ဖြုတ်လိုက်နဲ့ပေါ့။ မကြိုက်မချင်း ပြန်လုပ်နေတာကြောင့်ပေါ့။ လောဘကြီး ပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်နေတဲ့အတွက် ကြာသွားရခြင်း ဖြစ်ပါတယ်”လို့ အခွေနဲ့ပတ်သက်လို့ သအိုကပြောပြပါတယ်။

ဒီအခွေထဲမှာ အမေအကြောင်းတွေ၊ ဘဝအကြောင်းတွေ၊ အချစ်အကြောင်းတွေပါဝင်မှာဖြစ်ပြီး အမေအကြောင်းဘဝအကြောင်း နဲ့ပတ်သက်လို့လည်း သအိုက “အမေအကြောင်းကကျ တော့ ထုံကြီးဆိုတဲ့ သထုံကကောင်လေး ရေးထားတာလေးပါ။ အမေအကြောင်းကို သူခံစားပြီးတော့ ရေးထားတာပါ။ ဘဝမှာ အမေဟာ ပင်ပန်းဆင်းရဲပြီးတော့ သားသမီးကို ကြည့်ရှု စောင့်ရှောက်တဲ့ပုံစံမျိုးလေးပေါ့။ တန်ပိုအမြန်လေးနဲ့ ရေးထားတဲ့ သီချင်းလေးပါ။ အဲဒီသီချင်းလေးက ကျွန်တော်ကိုယ်တိုင်လည်း အားရတဲ့သီချင်းလေးပါ။ ဘဝသီချင်းက ကျတော့ ရေပေါ်မှာအရုပ်ရေးသလိုပဲ ဘဝဆိုတာခဏပဲ။ တစ်ချိန်ချိန်မှာသေဆုံးကြရမယ့် အကြောင်းအရာတွေပေါ့။ ဘဝအကြောင်းတွေ၊ ဒဿနအကြောင်းတွေပါ”လို့ သီချင်းတွေနဲ့ ပတ်သက်လို့ ပြောပြပါတယ်။ သီချင်းတွေကစုရင်းစုရင်းနဲ့ နှစ်ခွေစာလောက်တောင်ဖြစ်နေပြီး ဒီသီချင်းတွေထဲကနေ အကြိုက်ဆုံးသီချင်းတွေကို ပရိသတ်တွေ လက်ထဲကို ချပြမယ်ဆိုပြီး အားခဲထားတာပဲဖြစ်ကြောင်း သူကပြောပြပါတယ်။ သအိုကတော့ သီချင်းတွေကို ဖန်တီးလုပ်ဖြစ်တဲ့အခါမှာ ကိုယ်ကြိုက်တာကို အရင်ဆုံးလုပ်လ့ရှိပြီး ကိုယ်အဆင်ပြေမှလည်း နား ထောင်တဲ့သူတွေအဆင်ပြေမှာဖြစ်တဲ့အတွက် ပရိသတ်တွေလည်း အဆင်ပြေမယ့် သူလည်းအဆင်ပြေမယ့် သီချင်းမျိုးတွေကို အခွေအတွက်အဓိကထား ရွေးချယ်ဖြစ်တယ်လို့သိရပါတယ်။

“ထွက်ရှိခဲ့ပြီးသမျှသီချင်းခွေတွေထဲမှာတော့ ပရိသတ်တွေ ကြိုက်ရမယ်ဆိုပြီးတော့လိုမျိုးနဲ့ သီဆိုခဲ့တဲ့သီချင်းမျိုးတွေတော့ မရှိပါဘူး။ အတတ်နိုင်ဆုံး ကိုယ်တတ်သလောက် ပညာလေးနဲ့ ကိုယ်ဝမ်းစာရှိသလောက်လေးနဲ့ အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင်သီဆိုခဲ့တဲ့ သီချင်းတွေချည်းပါပဲ”လို့ သအိုကပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071