Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsအမေရိကန် ဟစ်ဟော့ပ်အဖွဲ့ကို မဟာဂီတနဲ့...

အမေရိကန် ဟစ်ဟော့ပ်အဖွဲ့ကို မဟာဂီတနဲ့ မိတ်ဆက်ပေးလိုက်တဲ့ ဒေါ်မာမာအေး

မြန်မာနိုင်ငံ ဂီတပညာရှင်တွေရဲ့ မဟာဂီတကို နားထောင်လိုတဲ့ မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ အမေရိကန် ဟစ်ဟော့အဖွဲ့ URBAN Artistry အဖွဲ့အတွက် အဆိုတော် မာမာအေးဦးစီးတဲ့ မဟာဂီတသရုပ်ဖော်ပြသပွဲကို ဖေဖော် ဝါရီလ ၈ ရက်နေ့က ဂီတအစည်းအရုံးမှာ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တေးဂီတတွေက ဘယ်လိုယဉ်ကျေးမှု ရှိသလဲဆိုတာကို ဒီဟစ်ဟော့ပ်အဖွဲ့ကို ပြသခွင့်ရတဲ့အတွက် တကယ်ပဲဂုဏ်ယူမိတယ်လို့ပြောတဲ့ ဒေါ်မာမာအေးက ….

“ကိုယ့်နိုင်ငံက ရိုးရာဂီတတွေကို အမေရိကန်ကလာတဲ့ ဟစ်ဟော့ပ် အဖွဲ့က လာရောက်လေ့လာတယ်ပေါ့။ အဲဒီအတွက်လည်း ဂုဏ်ယူတယ်။ သရုပ်ဖော်ပြသခွင့်ရလို့လည်း ကျေနပ်တယ်။ ကိုယ့်ရဲ့ ရိုးရာဂီတတွေကို နိုင်ငံ တကာကလူတွေ လေ့လာနိုင်တဲ့အတွက်လည်း ပျော်တယ်။ သူတို့ကလည်း ဒီဂီတတွေနဲ့ ရင်းနှီးချင်စိတ်ဖြစ်တာကို မြင်ရတဲ့အတွက် ဝမ်းသာတယ်။ ကျွန်မတို့ မြန်မာသံတွေ တစ်ခေတ်ပေါ်ပေါက်လာမယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဂီတကို နားထောင်ရတဲ့အတွက် ဂုဏ်ယူမိကြောင်း ကိုလည်း အမေရိကန်က ရောက်ရှိလာတဲ့ ဟစ်ဟော့ပ်အဖွဲ့URBAN Artistry တည်ထောင်သူ Jurious House Birickhouse ကလည်း …

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ဟစ်ဟော့ပ်ဂီတနဲ့ ပတ်သက်ပြီး လေ့လာ တာပါ။ ရောက်တာတော့ တစ်ပတ်ရှိပြီပေါ့နော်။ အဲဒီမှာ ဒီမြန်မာနိုင်ငံရဲ့ တေးဂီတ သရုပ်ဖော်ပြပွဲကို ကြည့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ ကျွန်တော် အခုမှ သိလိုက်ရတာက ကျွန်တော်တို့ နိုင်ငံမှာဆိုရင် ကျွန်တော်တို့ ဟစ်ဟော့ပ် တေးဂီတဟာ ရိုးရာယဉ်ကျေးမှုဖြစ်သလို မြန်မာနိုင်ငံမှာလည်း ဒီမဟာတေးဂီတဟာ မြန်မာနိုင်ငံအတွက် ယဉ်ကျေးမှုဆိုတာကို သိလိုက်ရ တယ်။ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်” လို့ ပြောခဲ့ပါတယ်။

သဲစုလှိုင်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071