Saturday, September 19, 2026

နိုင်ငံရေးပါတီများအစုအဖွဲ့၏ အမြဲတမ်းအလုပ်အဖွဲ့ (၁၆)ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးရွေးချယ်

ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား ယခင်ပုံစံအ တိုင်းပြန်လည်ရောက်ရှိနိုင်ရေးကိုဆွေးနွေး ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်နိုင်ရန် နိုင်ငံရေးပါတီများအစုအဖွဲ့(၃၂)ပါတီ၏ အမြဲတမ်းအလုပ်အဖွဲ့(၁၆) ဦးနှင့် အလှည့်ကျကိုယ်စားလှယ်(၁၆)ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း သိရသည်။ ယနေ့ စက်တင်ဘာ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်...

ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းပို့ချ

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ဝါ လုပ်ငန်းလုပ်ကိုင်သူ များအနက် ဝါစိုက်တောင်သူနှင့် ဝါလုပ်ငန်းရှင်(၅၁)ဦးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှုသင်တန်းအား စက်တင်ဘာ ၁၇ ရက်က သင်ကြားပို့ချပေးခဲ့ကြောင်း...

ပေါင်မြို့နယ်ရှိ တရားမဝင်ရထားလမ်းကူးများ စနစ်တကျပိတ်သိမ်းရန် မှာကြား

ပေါင်၊ စက်တင်ဘာ ၁၈ မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ရထားလမ်းတစ်လျှောက် မတော်တဆထိခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် တရားမဝင်ရထားလမ်းကူးများကို စနစ်တကျပိတ်သိမ်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ဟိန္ဒူဘုရားရှင်ဖြစ်သည့် မဟာပိန္နဲ၏ ဂနေရှ်ပူ‌ဇော်ပွဲတော်ကို ရန်ကုန်မြို့၌...

ယနေ့ စက်တင်ဘာလ ၁၈ရက်တွင် ရန်ကုန်မြို့ ရွှေထွဋ်တင် Hexagon Complex ၌ Morya Indian မှ စီစဉ်ကျင်းပသော Ganesh(ဂနေ့ရှ်)...
HomeCelebrities' Newsအဖေက သီချင်း မရေးပေးဘူးဆိုရင်...

အဖေက သီချင်း မရေးပေးဘူးဆိုရင် အံ့သြကြတယ် ဒိုရာအဲလက်(စ်)

အဆိုတော် အဲလက်(စ်)ရဲ့ သမီးလေး ဒိုရာအဲလက်(စ်)က ၂ဝ၁၈ခုနှစ်ထဲမှာအခွေထွက်ရှိတော့မယ်လို့ သိရပါတယ်။ အဆိုတော်ရဲ့ သမီး တစ်ယောက်ဖြစ်တော့ သူ့အဖေလိုပဲ သီချင်းတွေဆိုတော့မယ်။ အခွေ ထွက်ရှိတော့မယ်ဆိုတာ ဘာများဆန်းလို့လဲလို့တွေးရင် မှားသွားပါလိမ့်မယ်။ သမီးဖြစ်သူအတွက် အဲလက်(စ်)က သီချင်းရေးမပေးသလို သီချင်းဘယ်လိုဆိုရမလဲဆိုတာကို လည်း သင်မပေးပါဘူးတဲ့။ အဖေက သီချင်းရေးမပေးဘူးလား၊ သီချင်း ဘယ်လိုသီဆိုရလဲ မသင်ပေးဘူးလား လို့မေးမြန်းတဲ့အခါ …

“ဟင့်အင်း မလုပ်ပေးဘူးလို့ ပြောရင် လူတွေက အံ့သြကြတယ်။ ဒါပေမဲ့ ဒီအခွေထွက်ရှိဖို့ အဖေက ဘာလုပ်ပေးလဲလို့ မေးလာရင် အဖေက အင်အားတွေအများကြီး ပေးပါတယ်။ လုံးဝစိတ်ဓာတ်မ ကျအောင် အများကြီးစကားပြော ပေးတယ်။ အဖေရယ်…သမီး ဒီသီချင်းကို ပြီးအောင် မရေးနိုင်တော့ဘူးဆိုလို့ရှိရင် သူက ဆက်ရေး နိုင်အောင် အင်အားပေးပါတယ်။ Music နဲ့ ပတ်သက်ပြီး  စိတ်ဓာတ် မကျအောင်ထားပေးပါတယ်။ သူ့သမီးကိုလေ(ရယ်လျက်)” လို့ ဒိုရာကပြောပြပါတယ်။  ဒိုရာအဲလက် (စ်)ရဲ့တစ်ကိုယ်တော် အခွေမှာတော့…

“သီချင်းက ၈ပုဒ်ပါပါတယ်။ ၈ပုဒ်ဆိုတော့EP Album ပေါ့နော်။Album ထဲမှာ တစ်ပုဒ်က ဦးကျား ပေါက်ရေးထားပေးတယ်။ ကျန်တဲ့ ၇ပုဒ်က ဒိုရာရေးထား တယ်” လို့ သူမကထပ်ပြောပါတယ်။ ဒိုရာသွားမယ့် Music Trend က ဘယ်လိုပုံစံမျိုးလဲလို့ ဆိုတော့…

“Music ပုံစံတွေကတော့ ကိုယ်ရေးတုန်းက ကိုယ့်ရဲ့Own Little World, ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်ရေး ချင်သလို လျှောက်ရေး ထားတာ။ ဒါပေမဲ့ ဦးကျားပေါက် Produces လုပ်ပေးဖို့ စတူဒီယိုထဲကို အကြမ်းလေးယူသွား တော့ သွင်းလိုက်တဲ့အချိန်မှာ သီချင်းတွေက အကြီးကြီးဖြစ် လာတယ်။ ထွက်လာတော့ ဒီသီချင်းဟာ ဘယ်လိုအမျိုး အစားဖြစ်မလဲဆိုတာ ဆုံးဖြတ်လို့ မရပါဘူး။ ဒါပေမဲ့ အဲဒါကအရေးမကြီးပါဘူး။ သီချင်းကို ခံစားလို့ရရင်ပဲ ရပါပြီ”လို့ သူကဆက်ဆိုပါတယ်။  အခွေထွက်ရှိမယ့် အချိန်က…

“၂ဝ၁၆ ခုနှစ်၊  အောက်တိုဘာလလောက်က စတင်အသံသွင်းခဲ့တယ်။ အခုက ၂ဝ၁၈ခုနှစ် ဇန်နဝါရီ။ အားတဲ့အချိန်ပဲ လုပ်ခွင့်ရတာလေ။ ကျောင်းလည်း တက်နေတုန်းပဲ။ ဦးကျားပေါက် (ဟန်ထူးလွင်) က လည်း သူအားတဲ့ အချိန်မှလာပြီး ဏမသိကခနျ လုပ်ပေးနိုင်တယ်၊ အချိန်ပေးနိုင်တယ် ဆိုတော့ ဒီနှစ်ထဲမှာတော့ နောက်ဆုံးထွက်ဖို့ ဆုံးဖြတ်ချက်ချ ထားပါတယ်။ ဦးကျားပေါက်ရော၊ သမီးတို့ရော သဘောတူပြီးတော့”လို့ ဒိုရာ အဲလက်(စ်) ကပြောပြခဲ့ပါတယ်။

မျိုးမောင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071