Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalအီရန်ဂြိုဟ်တုများပါဝင်သောဆိုယုဇ်အာကာသယာဉ်ရုရှားဒုံးပျံဖြင့်လွှတ်တင်

အီရန်ဂြိုဟ်တုများပါဝင်သောဆိုယုဇ်အာကာသယာဉ်ရုရှားဒုံးပျံဖြင့်လွှတ်တင်

အီရန်၏ ဂြိုဟ်တုနှစ်စင်းအပါအဝင် ဂြိုဟ်တုများ ကိုသယ်ဆောင်သွားသည့် အာကာသယဉ်ကို ကမ္ဘာပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်ခဲ့သည်ဟု ရုရှား၏ Roscosmos အာကာသအေဂျင်စီက ပြောဆိုခဲ့ခြင်းကြောင့် မော်စကိုနှင့် တေရန်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လာခြင်းကို ထင်ဟပ်စေခဲ့သည်။

ဆိုယုဇ်-2.1 အာကာသယာဉ်ကို ရုရှားအရှေ့ဖျားရှိ Vostochny Cosmodrome လွှတ်တင်ရေးစခန်းမှ စီစဉ်ထားသည့်အတိုင်း အင်္ဂါနေ့တွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး လွှတ်တင်အပြီး ၉ မိနစ်အကြာတွင် ဂြိုဟ်တုများကို သတ်မှတ် ပတ်လမ်းများအတွင်း ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုခဲ့သည်။

ကမ္ဘာတစ်ဝန်း အာကာသရာသီဥတုကို စောင့်ကြည့်ရန် ရည်ရွယ်သည့် ရုရှား၏ Ionosfera-M ဂြိုဟ်တုနှစ်စင်းနှင့် အီရန်၏ ဂြိုဟ်တုနှစ်စင်း အပါအဝင် ဂြိုဟ်တုငယ် ၅၃ စင်းကို ပတ်လမ်းအတွင်းကို အောင်မြင်စွာ ပို့ဆောင်ခဲ့ကြောင်း Roscosmos က ပြောကြားခဲ့သည်။

ဂြိုဟ်တုငယ် ၅၃ စင်းအနက် အီရန်၏ ဂြိုဟ်တုနှစ်စင်းမှာ ကြည်လင်ပြတ်သားမှု အဆင့်မြင့် ပုံရိပ်ဖော် ဂြိုဟ်တု Kowsar နှင့် ဆက်သွယ်ရေးဂြိုဟ်တုငယ် Hodhod တို့ဖြစ်သည်။ ထို့အပြင် ရုရှား-တရုတ် ကျောင်းသားများ၏ Druzhba ATURK ကိုလည်း ပတ်လမ်းအတွင်း ပို့ဆောင်ခဲ့သည်ဟု ဆိုခဲ့သည်။

အီရန် ဂြိုဟ်တုများသည် နိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားပြု ဂြိုဟ်တုများအဖြစ် ပထမဆုံးလွှတ်တင်မှုလုပ်ခဲ့ခြင်းဖြစ်ပြီး Kowsar ကို ၂၀၁၉ ခုနှစ်တွင် ဂြိုဟ်တုများကို စတင်ဖန်တီးထုတ်လုပ်သော Omidfaza ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟု အီရန်၏ တရားဝင်သတင်းဌာန IRNA က သတင်းထုတ်ပြန်သည်။

Kowsar သည် သုံးနှစ်ကြာ သက်တမ်းရှိမည်ဖြစ်ကာ Hodhod သည် လေးနှစ်သက်တမ်းအတွက် လုပ်ငန်းဆောင်တာများ လုပ်ဆောင်မည်ဖြစ်သည်ဟု အိုင်အာရ်အင်န်အေ က ဖော်ပြခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071