Saturday, August 1, 2026

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing...

ရန်ကုန်-တိုက်ကြီးရထားလမ်းတစ်လျှောက် တရားမဝင် Level Crossing (လမ်းကူး)များကိုပိတ်သိမ်းရန်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်...

ငဝန်တာမြစ်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့်  လေးမျက်နှာမြို့နယ် ရပ်ကွက်(၅)ခုနှင့်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာမြစ်ရေ ကာတာ တာဘောင်သည် ဇူလိုင် ၃၀ ရက်ကကျိုးပေါက်ခဲ့သဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်(၅) ခုနှင့် ကျေးရွာ(၉)ရွာအတွင်း၌ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိရာ...

အီရန်ရဲ့ စွမ်းအင်အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့...

ဒီအပတ် ပိတ်ရက်အတွင်းမှာ အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အကြီးအကျယ် တိုက်ခိုက်ဖို့ အမေရိကန်နဲ့ အစ္စရေးတို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး CBS...

မုတ်သုန်လေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက် ဖြန်...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ၍ ရန်ကုန်တိုင်း၌ မနက်ဖြန် သြဂုတ် ၂ ရက်မွန်းတည့်ချိန်အထိ နေရာကွက်ပြီးမိုးကြီးနိုင်သည်ဟု မိုးဇလ၏ ယနေ့ သြဂုတ် ၁...
HomeNewsLocal Newsအိန္ဒိယနယ်စပ်မှ ကိုဗစ်(၁၉)ဆေးဝါးများ တင်သွင်းခွင့်ပြုထားသလို၊ကိုးလ်ကတ္တားမှ...

အိန္ဒိယနယ်စပ်မှ ကိုဗစ်(၁၉)ဆေးဝါးများ တင်သွင်းခွင့်ပြုထားသလို၊ကိုးလ်ကတ္တားမှ ပြန်ထွက်လာမည့်သင်္ဘောဖြင့်လည်းတင်ပို့နိုင်

နေပြည်တော် ဩဂုတ် ၄
ပြည်တွင်းမှာဖြစ်ပွားနေတဲ့ ကိုဗစ်(၁၉) ကူးစက်မှုကို ထိန်းချုပ်ကုသနိုင်ရေးအတွက် လိုအပ်တဲ့ ဆေးဝါးတွေကို အိန္ဒိယနယ်စပ် မိုရေး-တမူးလမ်း‌ကြောင်းကတဆင့် တင်သွင်းခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှဆေးဝါးတင်သွင်းခြင်းကို မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးတင်သွင်းခွင့်ရရှိပြီဖြစ်တာ‌ ကြောင့် ကုန်သည်များအနေဖြင့်FDAမှထုတ်ပြန်ချက်များနှင့် Supplier ထံမှလိုအပ်သည့် Document များရယူပြီး FDA ၏ခွင့်ပြုချက်နှင့်အညီတင်သွင်းနိုင်တော့မှာဖြစ်ပါတယ်။
FDAခွင့်ပြုချက်ရရှိရေးကိုလဲအချိန်နှင့်တပြေးညီအမြန်ရရှိရေးကိုဌာနအနေနှင့်ဆောင်ရွက်ပေးမယ်လို့ မြန်မာFDA က အသိပေးထားပြီးဖြစ်ပါတယ်။
နစက စီပွား ရေးနှင့်ကူးသန်း ရောင်းဝယ် ရေး ဒုတိယဝန်ကြီး ဦးညွန့် အောင် က ဩဂုတ် ၂ရက်နေ့ကပြုလုပ်ခဲ့သည့်အစည်းဝေးတွင်အောက်ပါတို့ကို ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။
ဆေးဝါးတင်သွင်း ဖြန့်ဖြူးသည့် ကုမ္ပဏီများ အ နေဖြင့် ယခင်က အတိုင်း ဆေးဆိုင်များသို့ တိုက်ရိုက်ပို့ဆောင်ဖြန့်ချိ ပေးရန်အပြင် ဆေးဝါးနှင့် ဆေးပစ္စည်းအ ရောင်းဆိုင်များ အားလုံး ဖွင့်လှစ် ရောင်းချရန်၊ မြန်မာ _ အိန္ဒိယ နှစ်နိုင်ငံနယ်စပ် တမူး_ မိုး ရေး နယ်စပ် ကုန်သွယ် ရေး ဂိတ် (၁) နှငိ့ဂိတ် (၂) တို့မှတစ်ဆင့် ဆေးဝါးများ အမြန်ဆုံးတင်သွင်းရန်၊ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ ဆိပ်ကမ်းတွင် ရောက်ရှိ နေ သော မြန်မာ့ပဲတင်ပိုသည့် သ‌င်္ဘော သည်သြဂုတ် ၁၂ရက် တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်၍ ဆေးဝါး ဆေးပစ္စည်းများ ဆေးဝါးကုန်ကြမ်း ပစ္စည်းများ ကုန် သေတ္တာ၈၀ခန့် တင်သွင်းနိုင် ကြောင်းတို့ကို ဆေးဝါးကုမ္ပဏီများသိုအသိ ပေးသွားရန် တို့ထည့်သွင်း ပြောကြားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071