Tuesday, July 21, 2026

ဖိလစ်ပိုင်သမ္မတ မားကို့စ်က တပ်မတော်ဦးစီးချုပ်သစ်အဖြစ် အန်တိုနီယို...

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် အန်တိုနီယို နာဖာရက်တီ (Antonio Nafarrete) ကို နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ (AFP) ၏...

7 EAO Alliance က...

နေပြည်တော်၊ဇူလိုင်-၂၁ NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 7 EAO Alliance က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပုံစံဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရေးနှင့်...

အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်‌မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအ‌ဝေးမှ...

အရှေ့အလယ်ပိုင်းဒေသတွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားနေသော ရန်လိုမှုများအပေါ် ကြီးစွာသော စိုးရိမ်ပူပန်မှုများရှိနေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ...

ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း...

နေပြည်တော်၊ဇူလိုင်-၂၁ ဇူလိုင်လ တတိယ ၁၀ ရက်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံရှိ မြို့အများအပြားတွင် မြစ်ရေများ ဆက်လက်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက...
HomeInternationalအာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး...

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ ရူဘီယို မနီလာကို သွားရောက်မယ်

​အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဟာ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အစည်းအဝေးတွေ လုပ်ဖို့၊ ပြီးတော့ အင်ဒို-ပစိဖိတ်ဒေသတွင်းက အဆင့်မြင့်အရာရှိတွေနဲ့ ဆွေးနွေးဖို့အတွက် ဒီအပတ်ထဲမှာ မနီလာကို ရောက်ရှိမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

​နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ် ရဲ့ ထုတ်ပြန်ချက်အရ ရူဘီယိုဟာ ဇူလိုင် ၁၉ ရက်ကနေ ၂၃ ရက်အထိ ကြာမြင့်မယ့် ခရီးစဉ်အတွင်း အာဆီယံရဲ့ ဝန်ကြီးအဆင့် ဆွေးနွေးပွဲအပြီး ညီလာခံ (Asean Post-Ministerial Conference)၊ အရှေ့အာရှထိပ်သီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အာဆီယံဒေသတွင်း ဖိုရမ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ပါတယ်။

မာကို ရူဘီယိုဟာ ပြီးခဲ့တဲ့နှစ် ကွာလာလမ်ပူမှာ လုပ်ခဲ့တဲ့ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ဖူးပါတယ်။

​ရူဘီယို တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတဲ့ အင်ဒို-ပစိဖိတ် အရာရှိတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခြင်း မရှိသလို၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း မပြောပြခဲ့ပါဘူး။

​ဒါပေမဲ့ ဒီခရီးစဉ်ဟာ အမေရိကန်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုရဲ့ ရလဒ်တွေကို ပေါ်လွင်စေမှာ ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ ဝါရှင်တန်တို့ကြားက ဘက်စုံမိတ်ဖက်ဆက်ဆံရေးကို ပိုပြီး ခိုင်မာအောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

​ဒါ့အပြင် ဒီခရီးစဉ်ဟာ “လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ” ဖြစ်စေရမယ်ဆိုတဲ့ အမေရိကန်ရဲ့ ကတိကဝတ်ကို ထင်ဟပ်စေတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖိလစ်ပိုင်သမ္မတ မားကို့စ်က တပ်မတော်ဦးစီးချုပ်သစ်အဖြစ် အန်တိုနီယို နာဖာရက်တီကို ခန့်အပ်

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ သည် အန်တိုနီယို နာဖာရက်တီ (Antonio Nafarrete) ကို နိုင်ငံ့လက်နက်ကိုင်တပ်ဖွဲ့ (AFP) ၏ တပ်မတော်ဦးစီးချုပ်သစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လက်ရှိ ဖိလစ်ပိုင်ကြည်းတပ်ဦးစီးချုပ်ဖြစ်သည့် နာဖာရက်တီသည် တပ်မတော်ဦးစီးချုပ်အဖြစ် သုံးနှစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ရိုမီယို ဘရောနာ (Romeo Brawner Jr.) ၏နေရာကို ဆက်ခံမည်ဖြစ်သည်။ စစ်မှုထမ်းသက် ၃၆ နှစ်ရှိ နာဖာရက်တီသည် ဖိလစ်ပိုင်တောင်ပိုင်းတွင် အစ္စလာမ္မစ်လက်နက်ကိုင်အဖွဲ့များနှင့် ကွန်မြူနစ်ပြောက်ကျားအဖွဲ့များကို တိုက်ဖျက်သည့်...

7 EAO Alliance က ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို လက်ရှိအခြေအနေနှင့်အညီ ပြန်လည်ဖော်ဆောင်ရန် ဆက်လက်ကြိုး ပမ်းမည်ဟု ပြော

နေပြည်တော်၊ဇူလိုင်-၂၁ NCA လက်မှတ်ရေးထိုးထားသည့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် 7 EAO Alliance က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်ရှိနိုင်ငံရေးအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ပုံစံဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရေးနှင့် လုပ်ငန်းစဉ်တွင် ပါဝင်သင့်သည့် အဖွဲ့အစည်းများ ပိုမိုပါဝင်လာနိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကို ဇူလိုင် ၂၁ ရက်က ကျင်းပပြီးစီးခဲ့သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် 7 EAO Alliance တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ အပြီးတွင် 7 EAO Alliance ဆွေးနွေးညှိ နှိုင်းရေးအဖွဲ့...

အရှေ့အလယ်ပိုင်းဒေသ အခြေအနေများအပေါ် အလွန်စိုးရိမ်ပူပန်‌မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအ‌ဝေးမှ ထုတ်ပြန်

အရှေ့အလယ်ပိုင်းဒေသတွင် လျင်မြန်စွာ ပြောင်းလဲဖြစ်ပေါ်နေသော အခြေအနေများနှင့်စပ်လျဉ်း၍ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတို့အကြား အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားနေသော ရန်လိုမှုများအပေါ် ကြီးစွာသော စိုးရိမ်ပူပန်မှုများရှိနေကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းဝေးမှ ထုတ်ပြန်လိုက်သည်။ အရှေ့အလယ်ပိုင်းဒေသတွင် လက်ရှိဖြစ်ပွားနေသော အ‌ခြေအနေများသည် အဓိက ကြားဝင်စေ့စပ်ပေးနေသူများ၏ လက်ရှိကြိုးပမ်းအားထုတ်မှုများကို ဆိုးရွားစွာ ထိခိုက်စေပြီး ဆွေးနွေးပွဲများနှင့် သံတမန်ရေးရာနည်းလမ်းများမှတစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်မည့် အလားအလာများကို လျော့ကျစေသည့်အပေါ် အာဆီယံအနေဖြင့် အထူးစိုးရိမ်ပူပန်မိကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးအနေဖြင့် အမြင့်မားဆုံးသော မိမိကိုယ်ကို ထိန်းချုပ်မှုရှိကြရန်နှင့် အခြေအနေကို ပိုမိုဆိုးရွားစေနိုင်မည့် မည်သည့်လုပ်ရပ်များကိုမဆို ရှောင်ရှားကြရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071