Friday, August 14, 2026

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန်...

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော်...

နယ်မြေပိုင်းခြားခြင်းဆိုင်ရာ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား ရန်ကုန်မြို့၌...

ရန်ကုန်၊ ဩဂုတ် ၁၄ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးသည် Partition Horrors Remembrance Day 2026 (နယ်မြေပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်ရာနေ့) အခမ်းအနားကို...

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့်...

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန်...

အမေရိကန်တောင်ပံကစားသမား McKenna Davidson ကို...

ဧရာဝတီအက်ဖ်စီအသင်းသည် အာရှချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အသင်းအင်အားဖြည့်တင်းမှုအဖြစ် အမေရိကန်တောင်ပံကစားသမား McKenna Akimi Davidson ကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်း အသင်းဘက်က ထုတ်ပြန်ကြေညာထား သည်။ McKenna Davidson...
HomeMoviesအရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးအတွက် MRF...

အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ထုတ်လုပ်ရေးအတွက် MRF နှင့် ဗီယက်နမ်ကုမ္ပဏီများ MoU ရေးထိုး

ရန်ကုန်၊ ဩဂုတ် ၅

မြန်မာနိုင်ငံတွင် အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မျိုးစေ့ထုတ်လုပ်ရေး နည်းပညာများကို လေ့လာခဲ့ပြီး ဗီယက်နမ်နိုင်ငံရှိ ထိပ်တန်းမျိုးစေ့ကုမ္ပဏီများနှင့် နားလည်မှုစာချွန်လွှာ (MoU) များ ရေးထိုးခဲ့ကြောင်း သိရသည်။

Senior Project Consultant ဦးသက်ဇင်မောင်နှင့် Senior Advisor ဦးလွင်ဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ၂၀ ဦးသည် ဇူလိုင် ၂၅ ရက်မှ ၃၁ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး Loc Troi Seeds Joint Stock Company နှင့် Vietnam National Seed Group JSC (VINASEED) တို့ကို သီးခြားစီ တွေ့ဆုံခဲ့သည်။

ခရီးစဉ်အတွင်း မျိုးစေ့သန့်စင်စက်ရုံများ၊ စိုက်ပျိုးရေးစမ်းသပ်စိုက်ခင်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနများကို လေ့လာခဲ့ကြပြီး အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ ထုတ်လုပ်ရေး၊ မျိုးစေ့နည်းပညာနှင့် မျိုးစပ်နည်းပညာ ဖလှယ်ရေး၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ လေ့ကျင့်ပညာပေးရေးနှင့် မြန်မာနိုင်ငံတွင် မျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ထို့ပြင် နှစ်ဖက်ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း အရည်အသွေးမြင့် ဆန်စပါးမျိုးစေ့ ထုတ်လုပ်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) များကိုလည်း ရေးထိုးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ တန်ဖိုးမြင့်ဆန်များ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးမြင့်၊ အနံ့အရသာကောင်းပြီး ရှည်သွယ်သည့် Aromatic, Long and Slender Grain ဆန်မျိုးများကို ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ မြန်မာနိုင်ငံ၏ မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ပုဂ္ဂလိကကဏ္ဍမှ ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အ ဆိုတင်သွင်းမှုကို ပြည်နယ်လွှတ်တော်အတည်ပြု

ကရင်ပြည်နယ်ရှိ မြို့များအလိုက် CCTV ကင်မရာများတပ်ဆင်ရန် အဆို တင်သွင်းမှုကို ယနေ့ သြဂုတ် ၁၄ ရက်တွင်ကျင်းပသည့် တတိယအကြိမ် က ရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး(စတုတ္ထနေ့)၌ ပြည်နယ်လွှတ်တော်ကအတည်ပြုခဲ့ကြောင်း သိရသည်။ " ပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် အများပြည်သူလုံခြုံရေးပိုမိုကောင်းမွန်စေရန် ပြည်နယ်အတွင်းရှိ မြို့များအလိုက် အဓိကလမ်းဆုံလမ်းခွများ၊ လူစည်ကားရာနေရာများ၊ ဈေးများ၊ အများပြည်သူအသုံးပြုသည့်နေ ရာများနှင့် အရေးပါသောနေရာများတွင် CCTV ကင်မရာများတပ်ဆင်အ သုံးပြုနိုင်ရေးအတွက် ပြည်နယ်အစိုးရ အဖွဲ့မှ ဦးဆောင်စီမံဆောင်ရွက်ပေးရန်"အဆိုကို ကြာအင်းဆိပ်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)လွှတ်တော်ကိုယ် စားလှယ်ဦးညီညီလှိုင်ကတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်း အဆိုကို လွှတ်တော်ကိုယ်စား...

နယ်မြေပိုင်းခြားခြင်းဆိုင်ရာ အောက်မေ့ဖွယ်ရာနေ့ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၄ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးသည် Partition Horrors Remembrance Day 2026 (နယ်မြေပိုင်းခြားခြင်းအတွက် ဝမ်းနည်းထိတ်လန့်မှုများအား အောက်မေ့ဖွယ်ရာနေ့) အခမ်းအနားကို ယနေ့ (ဩဂုတ် ၁၄ ရက်) ညနေပိုင်းက India Center ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသည် ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ နယ်မြေပိုင်းခြားစဉ်ကာလအတွင်း အိုးအိမ်စွန့်ခွာခဲ့ရသူများ၊ ဆင်းရဲဒုက္ခ ခံစားခဲ့ကြရသည့် သန်းပေါင်းများစွာသော ပြည်သူများကို အောက်မေ့ဂုဏ်ပြုရန်နှင့် အသက်ရှင်ကျန်ရစ်သူများ၏ ကြံ့ကြံ့ခံနိုင်စွမ်း၊ ဇွဲသတ္တိတို့ကို အသိအမှတ်ပြုရန်အတွက် ၂၀၂၁ ခုနှစ်မှစ၍...

အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေ အမေရိကန်ကြံစည်နေ

​"အမေရိကန်အစိုးရဟာ အီရန်ကို စီးပွားရေးအရ လုံးဝသီးခြားဖြစ်သွားအောင် လုပ်ဆောင်သွားမယ့် ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ထူးခြားဆန်းသစ်တဲ့ နည်းလမ်းတွေကို လာမယ့်သီးတင်းပတ်မှာ ကြေညာဖို့ ပြင်ဆင်နေပါတယ်"လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောပါတယ်။ "ကျနော်တို့ဟာ စစ်ရေးလှုပ်ရှားမှုဖြစ်တဲ့ Epic Fury အဆင့်ကနေ စီးပွားရေးအရ အပြင်းအထန် ဖိအားပေးတဲ့အဆင့်ကို ကူးပြောင်းခဲ့တာပါ။ အခုဆိုရင် သမ္မတရဲ့ အမိန့်အတိုင်း ဒီထက်မကတဲ့ အဆင့်အထိ တိုးမြှင့်လိုက်ပါပြီ။ လာမယ့်သီးတင်းပတ်မှာ သတင်းထုတ်ပြန်ချက်တွေ ဆက်ထွက်လာမှာမို့ စောင့်ကြည့်ကြပါ။ စီးပွားရေးအရ ပိတ်ဆို့သီးခြားခွဲထုတ်မှု သမိုင်းမှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071