Friday, July 31, 2026

တပ်မတော်ကို ခေတ်မီ Standard Army...

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ...

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊...

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ်...

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့...

အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံခရီးစဉ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့်...

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀) ကာလအတွင်း အိန္ဒိယ၊ တရုတ်နှင့် လာအိုနိုင်ငံများသို့ အဆင့်မြင့်ခရီးစဉ်များ သွားရောက်ခဲ့ပြီး သံတမန်ဆက်ဆံရေးခိုင်မာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊...
HomeNewsLocal Newsအမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍...

အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ဦးထိပ်ထား၍ ဘက်မျှဟန်ချက်ညီသော နိုင်ငံတကာဆက်ဆံရေး တည်ဆောက်မည်

နေပြည်တော်၊ ဇူလိုင် ၃၁

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို ကာကွယ်မြှင့်တင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ခိုင်မာစွာစွဲကိုင်ကာ နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှဟန်ချက်ညီသည့် ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရသက်တမ်း ရက်(၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းမိတ်ဖက်နိုင်ငံများအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

အာဆီယံနှင့်ဆက်ဆံရေးတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေ၊ အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာတို့ကို အလေးထားကာ မြန်မာနိုင်ငံက ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆက်ဆံရေးပုံမှန်ပြန်လည်တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

အာဆီယံ၏ ထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter၊ ASEAN Way၊ ASEAN Spirit တို့အပေါ် အခြေခံခြင်းရှိပါက အပြုသဘောဆောင်စွာ စဉ်းစားသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ရှင်းလင်းပြောကြားသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့၏ သဘောထားများနှင့် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံကာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ဆက်လက်ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဆိုသည်။

သို့ရာတွင် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် နိုင်ငံတော်အနေဖြင့် ဖြစ်စဉ်တစ်ရပ်ချင်းအလိုက် လိုအပ်သည့်တုံ့ပြန်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်ကို ခေတ်မီ Standard Army အဖြစ် တည်ဆောက်မည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

နေပြည်တော်၊ ဇူလိုင် ၃၁ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး တပ်မတော်ကို တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားပြည့်ဝသည့် ခေတ်မီတပ်မတော် (Standard Army) အဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ ဇူလိုင် ၃၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၀ နှင့်အညီ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ကာ နိုင်ငံတော်၏ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူတစ်ရပ်လုံး ပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက...

စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ကမ္ဘာ့စပါးကျီနိုင်ငံအဖြစ် ဖော်ဆောင်မည်

နေပြည်တော်၊ ဇူလိုင် ၃၁ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း (၁၀၀) ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ကျေးလက်ဒေသနေပြည်သူများ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုစီးပွားရေးကဏ္ဍများကို ဟန်ချက်ညီညီ ပေါင်းစပ်မြှင့်တင်ကာ စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုစီးပွားရေးစနစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ မြန်မာနိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်သည် မြို့ပြဒေသများတွင် နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြကြောင်း၊ အသက် ၁၅ နှစ်နှင့်အထက် လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင်...

လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ အနိမ့်ပိုင်းဒေသများ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းအစိုးရအဖွဲ့ သတိပေး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ငဝန်ရေကာတာသည် မြစ်ရေတွန်းအားကြောင့် တာဘောင် ပေ ၂၀ ခန့် ကျိုးပေါက်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထိုသို့ တာကျိုးပေါက်မှုကြောင့် တာအတွင်းဘက်သို့ မြစ်ရေများ အနက် ၂.၅ ပေခန့် စတင်ဝင်ရောက်နေပြီဖြစ်သဖြင့် လေးမျက်နှာမြို့နှင့် အနီးဝန်းကျင်ရှိ ရေဘေးအန္တရာယ် ကျရောက်နိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များနှင့် စိုက်ပျိုးမြေများအနီး နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းကြရန် တိုင်းဒေသကြီးအစိုးရအဖွဲ့က အရေးပေါ် သတိပေး နှိုးဆော်ထားသည်။ တာအတွင်းသို့ စီးဝင်လာသော မြစ်ရေများသည် ဖြစ်စဉ်နေရာ၏ အရှေ့ဘက် မြစ်ကျိုးအင်းမှတစ်ဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071