Wednesday, September 16, 2026

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့်...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို...

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅...

ရုရှားလောင်စာဆီစက်ရုံများ မတိုက်ခိုက်ရန် ထရမ့်ပ်၏ တောင်းဆိုမှုကို...

ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက်...
HomeNewsLocal Newsအမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက်...

အမေရိကန်နှင့် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရပြီးနောက် ဘင်္ဂလားဒေ့ရှ်၏ အထည်ချုပ်တင်ပို့မှု ၂၅ ရာခိုင်နှုန်းကျော် မြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အမေရိကန်ဈေးကွက်သို့ အထည်ချုပ်ပစ္စည်းတင်ပို့မှုသည် ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၈၀၆.၄၆ သန်းအထိ ရောက်ရှိခဲ့ပြီး ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၂၅.၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် ပို့ကုန်မြှင့်တင်ရေးဗျူရို (EPB) ၏ အချက်အလက်များအရ သိရသည်။

အမေရိကန်ဈေးကွက်သို့ တင်ပို့ရာတွင် အခွန်နှုန်းထားဆိုင်ရာ သဘောတူညီချက်ရရှိပြီးနောက် အထည်ချုပ်တင်ပို့မှုများ ပြန်လည်အားကောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်နှင့် ဩဂုတ် နှစ်လအတွင်း အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုမှ ဒေါ်လာ ၁.၆၁ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလက ရရှိခဲ့သည့် ဒေါ်လာ ၁.၄၄ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၁.၄၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

အဆိုပါ နှစ်လအတွင်း တင်ပို့မှုတန်ဖိုးသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တစ်နှစ်လုံး အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုမှ ရရှိခဲ့သည့် ဒေါ်လာ ၇.၇၄ ဘီလီယံ၏ ၂၀.၈ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရသည်။

လက်ရှိ တစ်နှစ်ချင်းတိုးတက်မှုနှုန်း ၁၁.၄၂ ရာခိုင်နှုန်းကို ယခုဘဏ္ဍာနှစ်တစ်လျှောက် ဆက်လက်ထိန်းသိမ်းနိုင်ပါက အမေရိကန်သို့ အထည်ချုပ်တင်ပို့မှုတန်ဖိုးသည် ဒေါ်လာ ၈.၆၂ ဘီလီယံခန့်အထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

သို့သော် လက်ရှိတင်ပို့မှုတိုးတက်လာခြင်းမှာ ဩဂုတ်လ၏ တိုးတက်မှုက အဓိကဖြစ်ပြီး ဇူလိုင်လတွင်မူ အမေရိကန်သို့ အထည်ချုပ်တင်ပို့မှု ၀.၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း EPB အချက်အလက်များအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူကြိုက်များသည့် ချယ်ရီပန်းပုံ YPS Card များ အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်မြို့တွင်း YBS ယာဉ်များ စီးနင်းရာတွင် ယာဉ်စီးခ ပေးချေနိုင်သည့် YPS Card များအနက် လူကြိုက်များလှသည့် ချယ်ရီပန်းပုံ ရို-က်နှိပ်ထုတ်လုပ်ထားသော YPS Card များကို အရောင်းကောင်တာများတွင် ပြန်လည်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ချယ်ရီပန်းပုံ YPS Card များသည် အသုံးပြုရ လွယ်ကူသည့်အပြင် ဒီဇိုင်းလှပဆန်းသစ်သောကြောင့် ကိုယ်တိုင်အသုံးပြုရန်အတွက်သာမက လက်ဆောင်အဖြစ် ပေးအပ်ရန်အတွက်ပါ အထူးအသုံးဝင်သည့် Card အမျိုးအစား ဖြစ်သည်။ လက်ရှိတွင် YPS Card များကို ဆူလေ၊ သခင်မြပန်းခြံ၊...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့် စောင့်ကြည့်စိစစ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စောင့်ကြည့်စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။ အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone...

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့သူများမှာ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071