Wednesday, September 16, 2026

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို...

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅...

ရုရှားလောင်စာဆီစက်ရုံများ မတိုက်ခိုက်ရန် ထရမ့်ပ်၏ တောင်းဆိုမှုကို...

ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက်...

AI ကြောင့် ဖြစ်လာမည့် အပြောင်းအလဲများအတွက်...

AI ခေါ် ဉာဏ်ရည်တုနည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို ရင်ဆိုင်ရန် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမျှ လုံလောက်စွာ အသင့်မဖြစ်သေးကြောင်း မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ...

ရန်ကုန်တိုင်းအတွင်း Online လောင်းကစားကွန်ရက် ဖော်ထုတ်ဖမ်းဆီး၊...

ရန်ကုန်၊ စက်တင်ဘာ ၁၆ ရန်ကုန်တိုင်းဒေသကြီးအတွင်း တရားမဝင် Online လောင်းကစားလုပ်ငန်းများကို ဖော်ထုတ်ဖမ်းဆီးခဲ့ရာ အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၂၃ ဦး...
HomeNewsLocal Newsပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို...

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးဇုန်များကို ဂြိုဟ်တုဖြင့် စောင့်ကြည့်စိစစ်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၆

ပြည်ပပို့ကုန်အတွက် အကောင်အထည်ဖော်နေသည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone – REZ) စီမံကိန်းများ၏ စိုက်ပျိုးမှုနှင့် ရိတ်သိမ်းမှုအခြေအနေများကို ဂြိုဟ်တုနည်းပညာအသုံးပြု၍ စောင့်ကြည့်စိစစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ သိရသည်။

အဆိုပါအစီအစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၂ ရက်က ကုန်သည်/စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် REZ စီမံကိန်းမှ တောင်သူလယ်သမားခေါင်းဆောင်များ၊ ကုမ္ပဏီများ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် MRF တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတွင် Satellite-Based Monitoring Service for Rice Export Zone (Project Consortium) အဖွဲ့က ရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

ဂြိုဟ်တုနည်းပညာဖြင့် စိုက်ပျိုးဧရိယာများ၏ စိုက်ပျိုးမှုအခြေအနေ၊ သီးနှံအပင်ဖြစ်ထွန်းမှုနှင့် ရိတ်သိမ်းမှုအခြေအနေတို့ကို စောင့်ကြည့်စိစစ်သွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် စိုက်ဧက တစ်သိန်းကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် MRF အသင်းဝင် ပြည်ပပို့ကုန်ကုမ္ပဏီများ ပူးပေါင်း၍ REZ စီမံကိန်းများကို နေပြည်တော်၊ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် စုစုပေါင်း စိုက်ဧက သုံးသိန်းကျော်အထိ အကောင်အထည်ဖော်လျက်ရှိသည်။

REZ စီမံကိန်းများကို တောင်သူလယ်သမားများ၏ စပါးအထွက်နှုန်းနှင့် ဝင်ငွေတိုးတက်စေရေး၊ ပြည်ပတင်ပို့မည့် ဆန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် နှစ်စဉ်ဆန်တင်ပို့မှု စနစ်တကျ တိုးမြှင့်နိုင်ရေးတို့အတွက် အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

ထို့ပြင် ပို့ကုန်အခြေပြု ဆန်စပါးကဏ္ဍတစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်လည်း REZ စီမံကိန်းများမှတစ်ဆင့် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်း

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင် အွန်လိုင်းလောင်းကစားမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် ဒုစရိုက်မှုများတွင် ပါဝင်ခဲ့သည့် ပြည်ပနိုင်ငံသား လေးဦးကို စက်တင်ဘာ ၁၅ ရက်က သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ လွှဲပြောင်းပေးခဲ့သူများမှာ ဖိလစ်ပိုင်နိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား နှစ်ဦးတို့ဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လွှဲပြောင်းရာတွင် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများထံ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို...

ရုရှားလောင်စာဆီစက်ရုံများ မတိုက်ခိုက်ရန် ထရမ့်ပ်၏ တောင်းဆိုမှုကို ခရမ္မလင်ကြိုဆို

ရုရှားနိုင်ငံရှိ ဒီဇယ်နှင့် လောင်စာဆီထုတ်လုပ်ရေးစက်ရုံများကို တိုက်ခိုက်မှုများ ရပ်တန့်ရန် ယူကရိန်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တိုက်တွန်းခဲ့ခြင်းအား ကြိုဆိုကြောင်း ခရမ္မလင်က ပြောကြားခဲ့သည်။ “အရပ်ဘက် စီးပွားရေးအခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်တန့်ဖို့ ကိဗ်ကို တိုက်တွန်းချက်မှန်သမျှ ကြိုဆိုရမှာဖြစ်ပါတယ်” ဟု ခရမ္မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်ရှ်ကော့ဗ်က ပြောကြားခဲ့သည်။ ထို့အပြင် နိုင်ငံများအနေဖြင့် ကိဗ်အပေါ်ရှိ ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးပြုကာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် သဘောထားတစ်ရပ် ပြသလာစေရန် တိုက်တွန်းနိုင်ပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်အတွက် အရေးပါသည့် အထောက်အကူဖြစ်လာနိုင်ကြောင်း ပက်ရှ်ကော့ဗ်က...

AI ကြောင့် ဖြစ်လာမည့် အပြောင်းအလဲများအတွက် ကမ္ဘာ့အစိုးရများ အသင့်မဖြစ်သေးဟု ဘီလ်ဂိတ်စ် သတိပေး

AI ခေါ် ဉာဏ်ရည်တုနည်းပညာကြောင့် လူ့အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများကို ရင်ဆိုင်ရန် ကမ္ဘာပေါ်ရှိ မည်သည့်အစိုးရမျှ လုံလောက်စွာ အသင့်မဖြစ်သေးကြောင်း မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်က Reuters သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ ဂိတ်စ်သည် ယခင်က AI နည်းပညာအပေါ် အကောင်းမြင်ခဲ့သော်လည်း ယခုအခါ အလုပ်အကိုင်များအပေါ် သက်ရောက်မှု၊ ဆိုက်ဘာတိုက်ခိုက်မှုဆိုင်ရာ အန္တရာယ်များနှင့် AI အဖော်များအပေါ် စွဲလမ်းမှုတို့အပါအဝင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိပေးလာခဲ့သည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတွေဟာ လိုအပ်တဲ့အတိုင်းအတာအထိ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ထားကြတယ်လို့ ကျွန်တော် မထင်ပါဘူး”...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071