Wednesday, April 29, 2026

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ...

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ...

ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူနေအိမ်မီးလေ-ာင်မှုဖြစ်ပွား၊...

ဖျာပုံမြို့နယ်၊ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီလ ၂၉ ရက်က မနက် ၃ နာရီ ခန့်တွင် လူနေအိမ်များ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း...

(၇၀) ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အခမ်းအနားနှင့်...

မြန်မာ့သာသနာရေးသမိုင်းတွင် အထူးထင်ရှားသည့် (၇၀) ပြည့် အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်...

တစ်နှစ်အတွင်း ပြည်ပသို့ ပုစွန်တန်ချိန် တစ်သောင်းကျော်...

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ကဏ္ဍတွင် ပုစွန်တင်ပို့မှုသည် ယခင်နှစ်ထက် ပိုမိုအားကောင်းလာပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပသို့ ပုစွန်တန်ချိန် တစ်သောင်းကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၏...
HomeNewsLocal Newsအနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆...

အနောက်တိုင်းဆေးပါဝင်သည့် တိုင်းရင်းဆေး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာန နှိုးဆော်

ကျန်းမာရေးဝန်ကြီးဌာနက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော တိုင်းရင်းဆေးဝါးအချို့တွင် အနောက်တိုင်းဆေးများ ရောနှောပါဝင်နေပြီး စံမညီတိုင်းရင်းဆေးဝါး ၆ မျိုးကို မသုံးစွဲရန် ကျန်းမာရေးဝန်ကြီးဌာနက အသိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် “ကာယသုခဆရာကြီးဖိုးဘစံ” အမှတ်တံဆိပ် အဆစ်အမျက်နာကျင်ကိုက်ခဲ၊ ဒူးနာ၊ ခါးနာရောဂါပျောက်ဆေး၊ “ငွေနတ်သား” အမှတ်တံဆိပ် လေးဖက်နာနှင့် ထိပ်ကပ်နာကုဆေး၊ “သစ္စာရှင်” အမှတ်တံဆိပ် အဆစ်အမျက်နာနှင့် အကိုက်အခဲပျောက်ဆေး၊ “မေတ္တာရှင်” အမှတ်တံဆိပ် လေးဖက်နာ၊ အဆစ်အမျက်နာ၊ ဂေါက်ရောဂါနှင့် အကိုက်အခဲပျောက်ဆေး၊ “ရွှေဆေး” အမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲသောက်ဆေးတို့တွင် အခြားဆေးဝါးများ၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် (TMR) များကို ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်မရှိခြင်းတို့ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဓာတ်ခွဲစစ်ဆေးချက်များအရ အဆိုပါဆေးဝါးများတွင် Paracetamol နှင့် Diclofenac ကဲ့သို့သော အနောက်တိုင်းဆေးများ ရောနှောပါဝင်နေကြောင်းလည်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် “ရွှေဟင်္သာ” အမှတ်တံဆိပ် အဆစ်အမျက်အကိုက်အခဲသောက်ဆေးမှာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင် ရရှိထားသော်လည်း ဈေးကွက်အတွင်း ရောင်းချနေသည့် ဆေးဝါးမှာ မှတ်ပုံတင်စဉ်က ဖော်ပြထားသည့် ဆေးဖုံ၊ ဖော်စပ်နည်းများနှင့် မကိုက်ညီဘဲ စံမညီတိုင်းရင်းဆေးဝါးအဖြစ် တွေ့ရှိရကြောင်းနှင့် ဓာတ်ခွဲစစ်ဆေးချက်အရ Diclofenac ပါဝင်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးဝါးများသည် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်သဖြင့် အများပြည်သူများ သုံးစွဲရန်မသင့်ကြောင်း အသိပေးထားပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသည့် လုပ်ငန်းများနှင့် ဆေးဆိုင်များအနေဖြင့် မှတ်ပုံတင်မရှိသော ဆေးဝါးများ၊ ဆေးဝါးအတုများနှင့် စံမညီတိုင်းရင်းဆေးဝါးများကို တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း မပြုလုပ်ကြရန် သတိပေးထားသည်။

လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) နှင့် (၃၂) တို့အရ တရားစွဲဆိုအရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ထပ်မံစေလွှတ်၊ မိသားစုထံ လုပ်ခလစာများ စနစ်တကျ ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ပေးထား

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား အလုပ်သမားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ရုရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမား (၂၂) ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။ အဆိုပါ အလုပ်သမားအဖွဲ့သည် ရုရှားနိုင်ငံ၊ တာတာစတန်ပြည်နယ် (Tatarstan) သို့ ဧပြီလ (၂၈) ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။ ဤစေလွှတ်မှုသည် အလုပ်သမားဝန်ကြီးဌာန၏ ကြီးကြပ်ပံ့ပိုးမှုဖြင့် Vista International ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများအနေဖြင့် ပြည်ပတွင် အလုပ်အကိုင် အခွင့်အလမ်းသစ်များရရှိစေရန် ရည်ရွယ်ခြင်းဖြစ်သည်။ အထူးခြားဆုံး အချက်အနေဖြင့် ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း...

ဖျာပုံမြို့နယ်၊ ချောင်းဝကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူနေအိမ်မီးလေ-ာင်မှုဖြစ်ပွား၊ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့

ဖျာပုံမြို့နယ်၊ အမာမြို့ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာမှာ ဧပြီလ ၂၉ ရက်က မနက် ၃ နာရီ ခန့်တွင် လူနေအိမ်များ မီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါသတင်းအရ ဖျာပုံခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကျုံကဒွန်းနယ်‌မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး နှင့် ကျေးရွာသူကျေးရွာသားများ စုပေါင်းမီးငြှိမ်းသတ်ရာ မနက်ပိုင်းတွင်ပင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါမီးလေ-ာင်မှု ဖြစ်စဉ်မှာ တဲအိမ်နောက်ဖေးရှိ မီးဖို၊ မီးကျွင်း၊ မီးကျန်များမှတဆင့် အကာထရံသို့ မီးကူးစက်လေ-ာင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ဝါးထရံတဲအိမ်နှင့် သွပ်မိုးပျဥ်ကာ စုစုပေါင်းလူနေအိမ်...

(၇၀) ပြည့် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ အခမ်းအနားနှင့် ပြခန်းများကို ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားစွာကျင်းပမည်၊ ရုပ်သံလိုင်းများမှ တို-က်ရို-က်ထုတ်လွှင့်သွားမည်

မြန်မာ့သာသနာရေးသမိုင်းတွင် အထူးထင်ရှားသည့် (၇၀) ပြည့် အထိမ်းအမှတ် ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကဆုန်လပြည့်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။ အဆိုပါ ထူးခြားမွန်မြတ်သည့် သာသနာ့အောင်ပွဲ အခမ်းအနားများကို ပြည်သူများ ကြည်ညိုနိုင်စေရန်အတွက် ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။ မဟာမင်္ဂလာအခမ်းအနား ကျင်းပပုံများကို ဧပြီလ (၃၀) ရက်နေ့တွင် MRTV HD Channel မှ တို-က်ရို-က်ထုတ်လွှင့်မည်ဖြစ်ပြီး၊ ဧပြီလ (၃၀) ရက်နေ့မှ မေလ (၂) ရက်နေ့အထိ ကျင်းပမည့် အစီအစဉ်အသီးသီးကိုမူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071