Tuesday, May 26, 2026

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင်...

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ...

မိုးရာသီ Rice Export Zone...

ယခု မိုးရာသီကာလအတွင်း Rice Export Zone ဖော်ဆောင်ရာတွင် အနည်းဆုံး စိုက်ဧက သုံးသိန်းခွဲ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ထံမှ...
HomeNewsLocal Newsအစိုးရ ပါဠိပထမပြန်စာမေးပွဲ (၄၂)...

အစိုးရ ပါဠိပထမပြန်စာမေးပွဲ (၄၂) ရာခိုင်နှုန်း အောင်မြင်ပြီး အစိုးရ ဓမ္မာစရိယ စာမေးပွဲတွင် (၂၀ ဒသမ ၃၃) ရာခိုင်နှုန်းအောင်မြင်

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦး စီးဌာနမှကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် (၄၂) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြပြီး အစိုးရ ဓမ္မာစရိယ စာမေးပွဲတွင် အောင်ချက် (၂၀ ဒသမ ၃၃) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြကြောင်း သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီး ဌာနကကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များဝင်ရောက်ဖြေဆိုကြရာ ပထမကြီးတန်းတွင် ဖြေဆိုသူ (၆,၁၀၆) ပါး/ဦး အနက် (၉၂၆) ပါး/ဦး အောင်မြင်၍ (၁၅) ရာခိုင်နှုန်း၊ ပထမလတ်တန်းတွင်ဖြေဆိုသူ (၇,၅၇၆) ပါး/ဦးအနက် (၁,၄၆၅)ပါး/ဦး အောင်မြင်၍ (၁၉) ရာခိုင်နှုန်း၊ ပထမငယ်တန်းတွင်ဖြေဆိုသူ (၁၃,၂၃၅) ပါး/ဦးအနက် (၃,၈၂၀) ပါး/ဦး အောင်မြင်၍ (၂၉) ရာခိုင်နှုန်း၊ အခြေပြုမူလတန်းတွင်ဖြေဆိုသူ (၁၉,၄၉၇) ပါး/ဦးအနက် (၈,၁၃၇) ပါး/ဦး အောင်မြင်ကြောင်း သိရသည်။

၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ပုဂ္ဂိုလ်များအနက် အတန်းအသီးသီး၌ ပထမ၊ ဒုတိယ၊ တတိယနှင့် သီလရှင်ပထမရရှိခဲ့ကြသော အထူးအောင်ပုဂ္ဂိုလ်များကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးနှင့်ယဉ် ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www. dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၈၇ ခုနှစ် (၂၀၂၅ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များ ဝင်ရောက်ဖြေဆိုကြရာအောင်ချက် (၂၀ ဒသမ ၃၃) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ယင်းစာမေးပွဲတွင် စုစုပေါင်းဖြေဆိုသူ (၁၇,၅၆၂) ပါး/ဦးအနက်ကျမ်းရင်းသုံးကျမ်းအောင် (ကျမ်းပြီး) (၁,၁၄၈) ပါး/ဦး၊ နှစ်ကျမ်းအောင် (၁,၁၁၄) ပါး/ဦး၊ တစ်ကျမ်းအောင် (၁,၂၉၆) ပါး/ဦး၊ ပါဠိဂုဏ်ထူးအောင်တစ်ပါး၊ မြန်မာဂုဏ် ထူးအောင် (၁၃) ပါး စုစုပေါင်း (၃,၅၇၂)ပါး/ဦး အောင်မြင်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး (၁၃)ဦးဒဏ်ရာရခဲ့

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့် ထိခိုက်ဒဏ်ရာရသူ(၁၃)ဦးရှိခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေ ၂၅ ရက်နေ့လည် ၃ နာရီခန့်က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့မောင်းနှင်လာသော Wish ကား သည် မိုင်တိုင်အမှတ် ၁၃၆/၆ နှင့် ၁၃၆/၇ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်း​ဘေးသို့​ရောက်ပြီး လမ်းတာ​ဘောင်ထိပ်ရှိ သစ်ပင်(၂)ပင်အားဝင်တိုက်မိကာ ရှေ့ဘီးပြုတ်ထွက်၍လမ်းနယ်အစွန်ရေမြောင်းအ နီးရောက်သွားသဖြင့် အမျိုးသား၊ အမျိုးသမီး(၃)ဦးတို့တွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ ထို့ပြင်...

အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်မည့် မြန်မာ့လက်ရွေးစင် ကစား သမား(၂၃) ဦး အပြီးသတ်လူစာရင်း ထွက်ပေါ်လာ

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၂၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် (ASEAN U-19 Championship) ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ယူ - ၁၉ အမျိုးသားအသင်း၏ အပြီးသတ်ကစားသမား (၂၃) ဦး လူစာရင်းကို အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာလိုက်ပြီဖြစ် သ ည်။ လက်ရှိတွင် မြန်မာ့လူငယ်သွေးသစ်များဖြင့် စုဖွဲ့ထားသည့် အဆိုပါအသင်းသည် ပြိုင်ပွဲအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်နိုင်ရန်အတွက် အရှိန်အဟုန်ဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာယူ-၁၉ အသင်းသည် အုပ်စု (က) တွင် ကျရောက်နေပြီး အိမ်ရှင်အသင်းနှင့်အတူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071