Saturday, September 19, 2026

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ထရမ့်က လေဆိပ်အထိ...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ဝါရှင်တန်ဒီစီအနီးရှိ Joint Base Andrews စစ်အခြေစိုက်စခန်းလေဆိပ်၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က...

ရုရှားနှင့် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု တိုးချဲ့သည့်...

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ တိုးချဲ့ရန်နှင့် အီရန်နိုင်ငံအပေါ် လက်ရှိပိတ်ဆို့အရေးယူမှုများကို သက်တမ်းတိုးရန် ပြဋ္ဌာန်းထားသည့် ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ...

ကမ္ဘာ့ဖလားဝင် နယူးဇီလန် U-17 အသင်းကို...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ဂျပန်နိုင်ငံ၌ ကျင်းပလျက်ရှိသည့် (၂၈) ကြိမ်မြောက် International Youth Soccer in Niigata ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင်...
HomeCelebrities' Newsအခုအချိန်မှာ ခင်ပွန်းဖြစ်သူ ဒွေးကိုရှိစေချင်တယ်ဆိုတဲ့...

အခုအချိန်မှာ ခင်ပွန်းဖြစ်သူ ဒွေးကိုရှိစေချင်တယ်ဆိုတဲ့ မမိုးမိုး

ရုပ်ရှင်လောက လွတ်လပ် တိုးတက်မှုတွေ ရှိလာတဲ့ ဒီလိုခေတ် အခြေအနေမှာ ခင်ပွန်းဖြစ်သူ ဒွေးကို ရှိစေချင်တယ်လို့ ဇနီးဖြစ်သူမမိုးမိုးက ပြောပါတယ်။ ဒီအချိန်မှာသာ ဒွေးရှိနေမယ်ဆိုရင် အရင်ကာလတွေက လုပ်ပြခွင့် ရိုက်ပြခွင့် မရခဲ့တဲ့ ဇာတ်ကားမျိုးတွေ လုပ်ပြခွင့်ရနေမှာလို့ သူကဆိုပြန်ပါတယ်။

”အခုခေတ်က နည်းနည်းလေး လွတ်လပ်သလားလို့လေ။ ဒီခေတ်က လုပ်ရတာနည်းနည်း ချောင်တယ်လို့ မြင်တယ်။ ဒါကြောင့်ကိုသားကြီးကို ရှိစေချင်တယ်။ သူလုပ်ချင်တာတွေ အများကြီး လုပ်လို့ရတော့မှာလေ။ ရှိရင်လည်း ဒီအချိန်မှာတော့သူက အဖေခန်းလောက်တော့ ရောက်ရင် ရောက်သွားတော့မှာပေါ့လေ။ ဘာကြောင့်လည်းဆိုတော့ အခုကလေးတွေက တအားငယ်ကြတယ်လေ။ ဒါပေမဲ့  သူတို့ ဖြစ်သွားတဲ့ အချိန်တုန်းက ဦးကျော်ဟိန်းဖြစ်သွား သလိုမျိုးတော့ ဖြစ်သွားမှာပေါ့” လို့ ကိုသားကြီးကို ရှိစေချင်တဲ့အကြောင်း မမိုးမိုးကပြောပြပါတယ်။

သားဖြစ်တဲ့ ယံမိုးကတော့ အနုပညာကို သိပ်ဝါသနာပါပုံမရကြောင်းလည်း သိရပါတယ်။ မမိုးမိုးအနေနဲ့ကတော့ ယံမိုး ဝါသနာ မပါရင်လည်း မလုပ်စေချင်သလို ဒီအနုပညာလောကက စိတ်ပင်ပန်းတယ်လို့ သူဆိုပြန်ပါတယ်။သမီးဖြစ်သူ ဆည်းလည်းကတော့ ဝါသနာပါတယ်လို့ သိရပါတယ်။

”ဝါသနာပါရင်တော့လည်း လုပ်ပေါ့လေ။ ဘာပံ့ပိုးပေးမလဲဆိုတော့ အခုအချိန်မှာပံ့ပိုးပေးဖို့ဆိုတာ မလွယ်ဘူး။ အစတုန်းက ကိုယ်က ဘယ်သူကိုပဲပံ့ပိုးပေးခဲ့ပေးခဲ့ ကိုယ့်ကလေးတွေ အခုအချိန်မှာ လုပ်ချင်တယ်ဆိုရင် ဘယ်သူမှပံ့ပိုးပေးမယ့် သူမရှိဘူး။ အဲဒီတော့ဒီလောကထဲကို ဘယ်သူ့ကိုမှ ဆွဲခေါ်ဖို့မစဉ်းစားဘူး။ အခုသမီးလုပ်ချင်တယ်။ ကိုယ်နဲ့နီးစပ်ရာကို ပြောကြည့်တယ်။ အဆင်မပြေဘူး။ တစ်ခါပြောတယ်၊ နှစ်ခါ ပြောတယ်၊ သုံးခါပြောတယ်။ ဒီ့ထက် ထပ်ပြောဖို့ မလိုအပ်ဘူးထင်လို့ ဘယ်သူ့ကိုမှ မပြောတော့ဘူး။ အဲဒီတော့ တစ်ခုတည်းပဲ ပြောထားတယ်။ သူများကူညီတာထက် ကိုယ့်လမ်း ကိုယ်ဖောက်ပြီး လျှောက်ရတာ ပိုတန်ဖိုးရှိတယ်လို့။ ကြီးကြီးတို့တုန်းကလည်း ကိုယ့်လမ်းကိယ်လျှောက်ပြီး ဖောက်ခဲ့ပေမယ့် ဦးကျော်ဟိန်းရှိတဲ့အတွက် နည်းနည်းလေး လွယ်တယ်ပေါ့နော်။ ဦးကျော်ရှိနေတဲ့ အတွက်ပေါ့လေ။ အခုကသူတို့က ဘယ်လိုပဲဖြစ်ဖြစ် ကိုသားကြီး မရှိဘူးလေ။ အန်တီမိုးပဲ ရှိနေတာလေ။ နှစ်ယောက် မတူနိုင်ဘူး။ သူတို့အတွက် တအား ခက်ခဲတယ်။ ဒီလောကထဲကိုဝင်ဖို့အတွက် ဘာ Support မှ မပေးနိုင်ဘူး။ ဝါသနာပါလာရင်ကိုယ့်ဘာသာ ကိုယ်ကြိုးစားပါ။ ပြောပြကြည့်ပြီးပြီး အဆင်မပြေဘူး။ ဘယ်သူ့ကိုမှလည်း အပြစ်မပြောဘူး။ ဒါကံတရားရဲ့ စီမံရာပဲ။ သူလည်း သူ့ရဲ့ ဘဝအခက်အခဲကို သူဖြတ်နိုင်ရင် သူပိုတန်ဖိုးရှိမယ်” လို့ သားနဲ့သမီးနဲ့ပတ်သက်လို့ မမိုးမိုးကပြောပြပါတယ်။ ဒွေးကွယ်လွန်တာကတော့ အခုဆိုရင် ၁၁နှစ် ကျော်ကာလထဲကို ရောက်ရှိနေပြီဖြစ်ပြီး ဇနီးဖြစ်သူမမိုးမိုးကတော့ နှစ်စဉ် အလှူတွေ ပြုလုပ်ပေးနေပါတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071