Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMoviesအခမဲ့ အရေး ပေါ်...

အခမဲ့ အရေး ပေါ် လူနာတင်ယာဉ် တွေနဲ့ ပြည်သူ တွေရဲ့ အ သက်ကို ကယ်ဆယ်ပေးနေတဲ့ လူရွှင်တော် အောင်သော်

Five Star လူရွှင်တော်အဖွဲ့မှ ကိုအောင်သော်ကGMW Emergency Free Aubulancesအသင်းကို တည်ထောင်ထားပြီး ပြည်သူတွေရဲ့ အရေးပေါ်လူနာတင်ယာဉ်နဲ့ပတ်သက်လို့ ကူညီလုပ်ဆောင်ပေးလျက်ရှိပါ တယ်။ အခုလက်ရှိမှာတော့ လူနာတင်ယဉ်ကားတစ်စီးနဲ့ ပြည်သူတွေကို ကူညီလုပ်ဆောင်ပေးလျက်ရှိပြီး သရုပ် ဆောင်မြင့်မြတ်က ကားတစ်စီးထပ်မံလှူဒါန်းထားကြောင်း သိရပါတယ်။

“ဆေးရုံက လှမ်းခေါ်တယ်ဆိုရင် သွားခေါ် ပေးတယ်။ ကျွန်တော်တို့က နယ်တော့မပို့နိုင်သေးဘူး။အက်စီးဒင့်ဖြစ်တဲ့ လူနာတွေဆီကို ချက်ချင်းရောက်အောင် သွားတယ်။ လူနာရဲ့ အခြေအနေကို အဝါရောင်၊ အနီရောင်၊ အစိမ်းရောင်အဆင့်တွေ ချက်ချင်းသတ်မှတ် ပြီးတော့ လူနာအသက်မှီအောင်လို့ ဆေးရုံကို တိုက်ရိုက်ပို့ဆောင်ကယ်ဆယ်မှုလုပ်ပေးပါတယ်။ အဓိက ကတော့ ကျွန်တော်တို့ပို့တာ အများဆုံးကတော့ မြောက်ဥက္ကလာပဆေးရုံပါ။ ကျွန်တော်တို့က ခရေပင် လမ်းခွဲအရှေ့မှာ အမြဲတမ်းရှိပါတယ်”လို့ GMW Emergency Free Aubulances  အသင်း အနေနဲ့ လုပ်ဆောင်ပေးဖြစ်မှုကို ကိုအောင်သော်က ပြောပြပါတယ်။

GMW Emergency Free Aubulances အသင်းမှာတော့ ကိုအောင်သော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး သူ့အနေနဲ့ ကတော့ ညီအစ်ကိုစိတ်ဓာတ်နဲ့ပဲ သွားဖြစ်ပါတယ်လို့ ပြောပါတယ်။ ဆက်လက်ပြီး လုပ်ချင် တာကတော့ ကိုယ်ပိုင်မီးသတ်တပ်ဖွဲ့လုပ်ဖို့ စီစဉ်ထားပြီး အဲဒီ့အတွက်လည်း ကြိုးစားနေတယ် လို့ သိရပါတယ်။ “ကျွန်တော်က ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ရတာပါ။ အလှူရှင်ကတော့ နည်း ပါတယ်။ လုပ်ချင်တာတွေကတော့ အများကြီးပါပဲ။ ငွေကတော့ မရှိပါဘူး။ အဲဒီတော့ အလှူရှင် တွေကတော့ လိုအပ်ပါတယ်။ ကျွန်တော်တို့က ပရဟိတပါ။ အဲဒီ့တော့ အလှူခံပုဂ္ဂိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ရပါတယ်။ တချို့သော လူတွေက မမှန်တာလုပ်တော့ ပရဟိတအစစ်အမှန် လုပ်နေတဲ့သူတွေ တော်တော်အခက်အခဲရှိပါတယ်။ ပရဟိတဆိုတာက အလှူငွေရှိမှသာလျှင် ရှေ့ဆက်လို့ရမှာလေ။ အလှူငွေမရှိဘူးဆိုရင် ရှေ့ဆက်ဖို့မလွယ်ဘူး။ ဒါကြောင့်လည်း လှူပေးပါလို့ ပြောတာပါ။ ကိုယ်တိုင် လာကြည့်ကြပါ။ လာလေ့လာလို့ရပါတယ်” လို့ ကိုအောင်သော်က ပြောပါတယ်။ အဖွဲ့ဝင်ပေါင်း၂ဝ ကျော်နဲ့ လှုပ်ရှားနေတယ်လို့သိရပြီွးGMW Emergency Free Aubulances Page ကနေ လှူတန်းလို့လည်း ရပါတယ်လို့ သိရပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071