Monday, September 21, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ...

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင်...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ...

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား...

Smart Agriculture အဖြစ်ဖော်ဆောင်ရာတွင် နည်းပညာသည်တောင်သူများအတွက်...

လယ်ယာကဏ္ဍကိုသမားရိုးကျ ထုတ်လုပ်မှုစနစ်ကနေ ခေတ်မီထိရောက်ပြီးရေရှည်တည်တံ့တဲ့ထုတ်လုပ်မှုစနစ်ကူးပြောင်းဖို့အထူးလိုအပ်ပါတယ်။ လယ်ယာကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံစီးပွားရေးတိုးတက်ရေးနဲ့ဆင်းရဲနွမ်းပါးမှုလျော့ချရေးရဲ့ပထမခြေလှမ်းဖြစ်ပါတယ်။ နည်းပညာဟာတောင်သူတွေအတွက် အပိုကုန်ကျစရိတ်တစ်ခုမဖြစ်သင့်ဘဲ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလျော့ချပေးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်လာဖို့ လိုအပ်ပါတယ်။ စီးပွား‌ရေးအကျိုးမြတ်တစ်ခုတည်းကိုမကြည့်ဘဲ စားရေရိက္ခာဖူလုံရေးကိုလည်း အခြေခံမူဝါဒအဖြစ်ထားရှိဖို့ လိုအပ်ပါတယ်။ အစိုးရကမူဝါဒနဲ့ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခြင်း၊...
HomeCelebrities' Newsသားလေးက ကျွန်တော့်ကို ...

သားလေးက ကျွန်တော့်ကို အများကြီး ပြောင်းလဲ သွားစေပါတယ်မြင့်မြတ်

သားလေးရလာတဲ့အတွက် မိသားစုဘဝလေးက ပိုပြီးပျော်ဖို့ ကောင်းသလို ကြည်နူးစရာလည်း ကောင်းလာတယ်လို့ဆိုသူက မြင့် မြတ်ပါ။ သားလေးက မြင့်မြတ်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ အရင် က မြင့်မြတ်နဲ့ မတူတော့တဲ့အကြောင်း ကိုတော့ …

”သေချာတာက အရင်တုန်းက ရှုတင်ပြီးရင် အပေါင်းအသင်းတွေနဲ့ တောင်သွားလိုက်၊ မြောက်သွားလိုက် ပေါ့။ စားလိုက်သောက်လိုက်ရှိတယ်။ အခုတော့ အိမ်ပဲပြန်ချင်တာများနေ တယ်။ အများကြီးပြောင်းလဲစေပါ တယ်။ အိမ်ပြန်ရင်လည်း တကယ် အမောပြေပါတယ်။ သူနဲ့ ဆော့နေ ရတာပဲ”လို့ ပြောပါတယ်။

မြင့်မြတ် က သားလေးကို နာမည်ပေးဖို့အတွက် စဉ်းစားနေတုန်းပါ။ သူပေးရင် ပရမ်းပတာဖြစ်မှာ စိုးတာကြောင့် အားလုံးနဲ့ တိုင်ပင်ပြီးတော့ပဲ ပေးဖြစ် မှာပါလို့ ဆိုပါတယ်။ သားလေးကို အိမ်မှာ ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ကိုမေးကြည့်တော့…

”ချစ်စနိုးနဲ့ ခေါ်တာ ဆိုရင်တော့ ကျွန်တော်က သူ့ကို ဆရာကြီးလို့ ခေါ်တာပဲ။ ဆရာကြီး ဆိုတာက ကျွန်တော်နဲ့မွေးနေ့တူ မွေး တယ်။ အဲဒီနေ့က မီဒီယာတွေလည်း အများကြီးလာတယ်။ ကျွန်တော့်မွေး နေ့မှာ ကျွန်တော့်မွေးနေ့အကြောင်း ဘယ်သူမှမမေးဘူး။ သူ့အကြောင်းပဲ တန်းစီမေးသွားတယ်။ မဆိုးဘူးပေါ့။ မွေးတောင်မမွေးသေးဘူး မီဒီယာ တွေက စောင့်နေတယ်ပေါ့။ ဆရာ ကြီးပဲဆိုပြီး သူ့ကို ဆရာကြီးလို့ပဲ နောက်ပြီးခေါ်ဖြစ်တယ်” လို့ ပြော ပါတယ်။

မြင့်မြတ်တို့မိသားစုမှာ မောင် နှမလေးယောက်ရှိပြီး မြင့်မြတ်က တော့ သားအကြီးဆုံးပါ။ ညီမ ၃ ယောက်ရှိပြီး ယောက်ျားလေး အ ဖော်မရှိတာကြောင့် သားယောက်ျား လေးကို တအားလိုချင်နေသူပါ။ အခု တော့ သားလေးနဲ့ အဖော်ရပြီဖြစ်တဲ့ အတွက် သူ့ဆန္ဒတွေကတော့ ပြည့်ဝ သွားပါပြီ။ နောက်ထပ်ရင်သွေးလေး ရမယ်ဆိုရင်လည်း သားလေးပဲ ဖြစ် စေချင်တယ်လို့ မြင့်မြတ်က ပြောပါ တယ်။ သားလေးကို စိတ်ချမ်းသာ အောင် ထားသွားမယ်လို့ ဆိုတဲ့ မြင့် မြတ်က …

”ကျွန်တော်ကတော့ သူ့ကို တစ် ဘဝလုံး ပျော်ပျော်ရွှင်ရွှင်ထားချင် တယ်။ သူစိတ်ချမ်းသာရင် ပြီးရော။ သူ ဘာဖြစ်ချင်လဲ ဘာလုပ်ချင်လဲ ကျွန်တော် အကောင်းဆုံးပံ့ပိုးပေး သွားမယ်။ ကျွန်တော်ကတော့ သူ စိတ်ချမ်းသာဖို့ပဲ စဉ်းစားမှာပါ။ ဆုံးမ တာတွေက သူ့အမေကိစ္စ။ ကျွန်တော် ကတော့ မြှောက်ပေးမှာပဲ။ အဖေတူ သား ဖြစ်ခြင်းမဖြစ်ခြင်းထက်ကို သူနဲ့ ကျွန်တော်ပေါင်းပြီး ကဲရရင် ကျေနပ် တယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်

Ads Space Available


Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည့် အုပ်စုပွဲစဉ်များ ထွက်ပေါ်

နေပြည်တော်၊ စက်တင်ဘာ ၂၁ (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းသည် အမျိုးသမီးနှစ်ယောက်တွဲ၊ အမျိုးသားသုံးယောက်တွဲနှင့် အမျိုးသားလေးယောက်တွဲ ပြိုင်ပွဲအမျိုးအစားသုံးမျိုး၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုအဆင့်တွင် တွေ့ဆုံရမည့်အသင်းများ ထွက်ပေါ်လာပြီဖြစ်ကြောင်း သိရသည်။ အမျိုးသမီးနှစ်ယောက်တွဲ (Women Double) ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (က) ၌ မလေးရှား၊ ဗီယက်နမ်နှင့် လာအိုအသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို စက်တင်ဘာ ၂၇ ရက်မှ ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အကြိုဗိုလ်လုပွဲကို စက်တင်ဘာ ၂၈ ရက်၊ ဗိုလ်လုပွဲကို စက်တင်ဘာ...

အုပ်စုအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည့် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း

ယနေ့ စက်တင်ဘာ ၂၁ရက် မွန်းလွဲ ၁နာရီအချိန်၌ ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၆ အာရှအားကစားအမျိုးသမီးဘောလုံးပြိုင်ပွဲအုပ်စုနောက်ဆုံးပွဲစဉ်တွင် မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ယှဉ်ပြိုင်ကစားရာတွင် သရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။ ပွဲစဉ် ပထမပိုင်းနှင့် ဒုတိယပိုင်း ပြီးဆုံးချိန်အထိ ပြိုင်ဖက်နှစ်သင်းမှာ ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ သရေရလဒ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းမှာ အုပ်စုတွင်း ၃ ပွဲကစား ၂ ပွဲရှုံး၊ ၁ ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး အုပ်စုအဆင့်ဖြင့်သာ ကျေ နပ်ခဲ့ရခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အုပ်စု အဖွင့်ပွဲစဥ်တွင် တောင်ကိုရီးယားအသင်းကို ၅ ဂိုးပြတ်၊...

ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကိုအလွဲသုံး စားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့သတိပေး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ၏ ဘွဲ့အမည်ကိုအလွဲသုံးစားပြု၍ ငွေကြေးလိမ်လည်ကောက်ခံမှုများရှိနေ၍သတိပြုကြရန် အနီးကပ်ကပ္ပိယအဖွဲ့က စက်တင်ဘာ ၁၇ ရက်တွင်အသိပေးထုတ်ပြန်ခဲ့သည်။ ပါမောက္ခချုပ်ဆရာတော်ကြီး၏ ဘွဲ့အမည်ကို အလွဲသုံး စားပြုလုပ်၍ အလှူခံခြင်း၊ ဆရာတော်ကြီးထံသွား ရောက်လှူဒါန်းပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်ကောက်ခံခြင်းများပြုလုပ်နေခြင်းများကို တွေ့ရှိနေရကြောင်း အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးခဲ့သည်။ ထို့ကြောင့် အလှူအတန်းများနှင့်ပတ်သက်၍ ဆရာတော်ကြီးထံတိုက်ရိုက်လျှောက်ထားပြီး ဆရာတော်ကြီးခွင့်ပြုသည့် အလှူကိစ္စရပ်များမှလွဲ၍ တဆင့်လှူဒါန်းရန် ငွေကြေးကောက်ခံခြင်း၊ ပါဝင်လှူဒါန်းခြင်းများလုံးဝ (လုံးဝ)မပြုလုပ်ကြပါရန် ဆရာတော်ကြီး၏ တိုက်ရိုက်ညွှန်ကြားချက်အရ အနီးကပ်ကပ္ပိယအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071