Saturday, July 18, 2026

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို...

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀...

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ...

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ...

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက...
HomeCelebrities' Newsသရုပ်ဆောင် ရှင်မွေလ ရဲ့ မိဘနှစ်ပါး ကိုဗစ်ရောဂါ ခံစားနေရပြီး ပြန်လည်...

သရုပ်ဆောင် ရှင်မွေလ ရဲ့ မိဘနှစ်ပါး ကိုဗစ်ရောဂါ ခံစားနေရပြီး ပြန်လည် ကောင်းမွန်လာ

ဇာတ်လမ်းတွဲ သရုပ်ဆောင် ရှင်မွေလဟာ လတ်တလောမှာ ကိုဗစ်ရောဂါ ခံစားနေရတဲ့ မိဘနှစ်ပါးလုံးကို ပြုစုစောင့်ရှောက်နေပြီး မိဘနှစ်ပါး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာတဲ့အကြောင်းကိုလည်း သူ့ရဲ့ဖေ့စ်ဘုတ် စာမျက်နှာမှာ အခုလိုပဲရေးသားခဲ့ပါတယ်။

“တကယ်တော့ Covid ဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ရောဂါပါ

ကျွန်တော့်အဖေရော အမေရော ရောဂါအတူတူ
ဖြစ်တယ် .. အမေက သွေးတိုးနှလုံးရှိလို့ ဖြစ်ဖြစ်
ခြင်းက စပြီးခံရတယ် .. အမေဖျားတဲ့အချိန် အဖေက အေးဆေးပဲ …
ပြီးတော့ 9 ရက်မြောက်လဲရောက်ရော အမေက သက်သာသွားတယ် .. အဲ့အချိန်ထိ အဖေက အေးဆေးပဲ … 11 ရက်မြောက်လဲရောက်ရော အဖေ စပြီး ခံစားရပြီ .. ကိုဗစ်က မာယာများတာဗျ….

ကျွန်တော့်အဖေက ရောဂါအခံမရှိတော့ နည်းနည်း လေး လျော့တွက်မိလိုက်တာကြောင် ထင်ပါတယ် ကျွန်တော့်အဖေကို ကိုဗစ်က ပညာပြတာကိုခံလိုက်ရတယ်…အဖေက ရောဂါအခံမရှိဘူး ဆိုပေမယ့် အမေထက်ပိုပြီး ခံလိုက်ရတယ်..အမေတောင် oxygen မရှုရဘူး .. အဖေက oxygen ရှုရတယ် .. D-Dimer က normal 500 ကနေ 10000 ထိတက်သွားတော့ သွေးကျဲဆေးတွေ မနက်ရော ညရော 11 ရက်လောက် ဆက်တိုက် ထိုးလိုက်တော့ D-Dimer က 900 ပဲ ကျန်တော့တယ် အဲ့အခါကျမှပဲ ကျွန်တော့်အဖေလည်း သက်သာလာတယ် .. သွေးကျဲဆေးတစ်ခုတည်းနဲ့လည်း မပြီးပါဘူး ..တစ်ခြားဆေးတွေလည်း တိုက်ရသေးတယ်
ရေးနေရင် ရှည်မှာဆိုးလို့ မရေးတော့ဘူး
အခု တော့ အဖေ က ပိုပြီးSafe ဖြစ်အောင် အိမ်မှာပဲ အေးဆေးအနားယူဖို့ပဲကျန်တော့တယ်

ကျွန်တော်လည်း August လ တစ်လလုံး စိတ်ရော လူရော တစ်ကယ်ကို အရမ်းအရမ်းပင်ပန်းခဲ့တာပါ

အဓိကပြောချင်တာက အားလုံး ကိုဗစ်ကိုမပေါ့ဆပဲ လုံးဝဂရုစိုက်ပီးနေပေးကြပါလို့ ပြောချင်ပါတယ်ဗျာ”ဆိုပြီး ရေးသားထားပါတယ်။

#Popularjournal
Photo-crd

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071