Friday, July 17, 2026

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ...

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ...

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက...

နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့်...
HomeMoviesပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ...

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို လယ်ဝေးနှင့် ဒလမြို့ နယ်တို့တွင်ဖမ်းဆီးရမိ

ပင်လယ်ပြင်သို့ပို့ဆောင်မည့် ငွေကျပ်ဘီလီယံ(၂၀) ကျော်တန်ဖိုးရှိ အိုက်စ်များကို ပြစ်မှုကျူးလွန်သူများနှင့်အတူ လယ်ဝေးနှင့် ဒလမြို့နယ်တို့တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါ ဝင်သောပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက်ည ၁၀ နာရီခွဲခန့်က လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးကျေးရွာအနီးတွင် ကျော်ဦး မောင်းကာ ဇော်ဇော်ထွန်း လိုက်လာသည့် GOVZCT ၆ ဘီးကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၅၀၀ ကီလိုအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ဇူလိုင် ၇ ရက်ည ၇ နာရီခွဲခန့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များသယ်ဆောင်ရောင်းဝယ်ရာ၌ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇေယျာလင်းနှင့် ထွေးမင်းဇော်၊ ဇူလိုင် ၈ ရက်နံနက် ၈ နာရီခွဲခန့်တွင် မျိုးသန်းတို့အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီခွဲခန့်၌ ဝေထွန်း ပိုင်ဆိုင်သည့် ဒလမြို့၊ မှောက်စက်ရပ်ကွက်၊ ရန်ကုန်မြစ်ကမ်းတွင်ဆိုက်ကပ်ထားသော မိဘမေတ္တာ(၁)စက်လှေပေါ်မှ ခင်မောင်ထွန်း၊ စမျိုးမင်း၊ ကျော်ကျော်ဝင်း၊ ဝင်းနိုင်ဦး၊ မိုးဇော်ဦး၊ မောင်မောင်၊ ချိုလွင်၊ သန်းဝေ၊ လှမျိုးခိုင်၊ မြင့်ခိုင်တို့အား အိုက်စ်(မက်သ်အဖက်တမင်း) ၃၁၀ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ပြီး အိုက်စ်(မက်သ်အဖက်တမင်း)များကို ပင်လယ်ပြင်သို့သယ်ဆောင်ရာတွင် ပူး ပေါင်းပါဝင်သူ ကျော်ဦးနှင့် ရာဇာဟိန်းတို့ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ အိုက်စ်(မက်သ်အဖက်တမင်း) များအား ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ရန်ကုန်သို့ တာ ဝန်ခံသယ်ဆောင်သူမှာ လားရှိုးမြို့နယ်နေ ရန်ကြားရှော (ခ)ရန်ကုလား(ဖမ်းဆီးရန်ကျန်)၊ ရန်ကုန်မှ ပင်လယ်ပြင်သို့တင်ပို့ရာတွင် အဓိကစီမံခန့်ခွဲသူမှာ မှော်ဘီမြို့နယ်နေ ဝီလျံထွန်း ကုမ္ပဏီပိုင်ရှင် ဝေထွန်း(ဖမ်းဆီးရန်ကျန်) ၊ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဝီလျံထွန်းကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များဖြစ်သည့် မြတ်သူ(ဖမ်းဆီးရန်ကျန်)၊ ရာဇာဟိန်း(ခ)ရာဇာ၊ မျိုးသန်းတို့ဖြစ်ကြောင်းဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများနှင့် တိမ်းရှောင်နေသူများအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကာ ၎င်းတို့၏မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကြေးအကျိုးအမြတ်များ၊ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက် လက်အရေးယူထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-ပုသိမ်ကားလမ်းတွင် ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက် (၁)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်ရှိ ရန်ကုန်-ပုသိမ်သွားကားလမ်း၌ ယနေ့ ဇူလိုင် ၁၇ ရက်ည ၆ နာရီကျော်ခန့်က ကားတစ်စီးရေမြောင်းထဲထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ညောင်တုန်းမြို့နယ်၊ တဇင်ရေကျော်ကျေးရွာအုပ်စု၊ အသင်းစုကျေးရွာရှိ ရန်ကုန်-ပုသိမ်သွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၃၀/၁ နှင့် ၃၀/၂ ကြားအရောက် လမ်းဘေးရေမြောင်းထဲထိုးကျကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၁)ဦးမှာ အခင်းဖြစ်နေရာ၌ ‌ေ-သဆုံးသွားခဲ့သဖြင့် ဆားမလောက်ကျေးရွာမှ လူငယ့်ရိပ်မွန်လူမှုကူညီရေးအသင်းက ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးတို့အပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ အဆိုပါ အဖွဲ့အစည်း၏ ဌာနချုပ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကာ အဖွဲ့သည် သီးခြားလွတ်လပ်သော အစိုးရချင်းဆက်နွှယ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ ထို့ပြင် "ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း"၏ ရည်ရွယ်...

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက စတင်ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကြိုးများ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဝန်ကြီးက တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ photo:Yangon Region Government News

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071