Friday, July 17, 2026

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ...

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက...

နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့်...

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ...

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China...

YRTC က City Taxi...

ရန်ကုန်တိုင်းအတွင်းပြေးဆွဲလျက်ရှိသော City Taxi ယာဉ်များစည်းကမ်းတကျရှိစေရေး၊ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာစေရေးနှင့် YBS ယာဉ်ရပ်မှတ်တိုင်များ၊ မျဉ်းဝါကွက်၊ ဖြူနီကြားများတွင်ရပ်တန့်မှုရှိစေရေးအသိပညာပေးခြင်းကို ယနေ့ ဇူလိုင် ၁၇...
HomeNewsLocal Newsမြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း...

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉) နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို ရှန်ဟိုင်းမြို့၌ လက်မှတ်ရေးထိုး

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း (၂၉)နိုင်ငံ၏ ကမ္ဘာ့ဉာဏ်ရည်တုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တည်ထောင်ခြင်းဆိုင်ရာသဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ဇူလိုင် ၁၆ ရက်ကကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးထံမှ သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြထွန်းဦးတို့အပါအဝင် နိုင်ငံပေါင်း(၂၉)နိုင်ငံမှ ကိုယ်စားလှယ်များက သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဖွဲ့အစည်း၏ ဌာနချုပ်ကို တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့၌အခြေစိုက်ဖွင့်လှစ်မည်ဖြစ်ကာ အဖွဲ့သည် သီးခြားလွတ်လပ်သော အစိုးရချင်းဆက်နွှယ်သည့် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ထို့ပြင် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း”၏ ရည်ရွယ် ချက်များကိုလိုက်နာပြီး အတူတကွတိုင်ပင်ဆွေးနွေးခြင်း၊ အတူတကွတည်ဆောက်ခြင်း၊ အတူတကွမျှဝေခံစားခြင်းဟူသော အယူအဆကိုကိုင်စွဲကာ ပြည်သူကိုဗဟိုပြုသည့် မူဝါဒကိုလက်ကိုင်ထားကာ ဉာဏ်ရည်တု (AI)ဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုများကိုမြှင့်တင်ရန်ရည်ရွယ်ကြောင်း သိရသည်။

ထို့အတူ ဉာဏ်ရည်တုမှတစ်ဆင့် အကျိုးရှိသော၊ ဘေးကင်းလုံခြုံသော၊ တန်းတူညီမျှရှိသောဦးတည်ချက်ဖြင့် စည်းကမ်းတကျကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေပြီး လူသားတစ်ရပ်လုံးအတွက် အကျိုးပြုရေးတို့ကိုလည်း ရည်ရွယ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်လမ်းနှင့် လမ်းသစ်လမ်းရှိ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်း

ရန်ကုန်၊ ဇူလိုင်-၁၇ ရန်ကုန်မြို့ ပြည်လမ်းနှင့် လမ်းသစ်လမ်းတို့တွင် ရှုပ်ထွေးနေသည့် ဆက်သွယ်ရေးကြိုးများနှင့် အသုံးမပြုတော့သော ကြိုးဟောင်းများကို ယနေ့ (ဇူလိုင် ၁၇ ရက်) မွန်းလွဲပိုင်းက စတင်ရှင်းလင်းဖယ်ရှားနေကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းခွင်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးစဉ် လမ်းသွားလမ်းလာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကြိုးများ စနစ်တကျရှိစေရေးအတွက် သက်ဆိုင်ရာဌာနများ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဝန်ကြီးက တာဝန်ရှိသူများကို ပြောကြားခဲ့သည်။ photo:Yangon Region Government News

နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ်

မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်များသယ်ယူခြင်း၊ ခရုခွံများ၊ ရေကန်ပတ်လည်ရှိ ပေါင်း/မြက်များရှင်းလင်းခြင်း၊ ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ​တီမှ ဦးဆောင်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး

လင်ကျီး၊ ဇူလိုင် ၁၇ တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။ ဖိုရမ်၏ ပထမအစီအစဉ်တွင် ရှီဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ Xu Zhitao၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071