Sunday, August 9, 2026

ရန်ကုန်တွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၉ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉)...

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄...

အစိုးရအနေဖြင့် မူလအခြေအနေအတိုင်းနီးပါးပြန် လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်ဟု...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။ ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉...

ရေကြည်မြို့နယ်ရေဘေး ယာယီရေ ဘေးကယ်ဆယ်ရေးစခန်း(၁၈)ခုဖွင့်လှစ် စာသင်ကျောင်း(၆)ကျောင်းယာယီပိတ်ထားရ

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြည်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြုံတွေ့နေရကာ လူဦးရေ(၂,၉၆၀)ဦးရေဘေးသင့်နေသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၈)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။ အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုခလှုံနေကြသည့် ရေ...
HomeNewsLocal Newsသမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ဆီးကျိတ်ကင်ဆာ ပြန့်နေပြီဟုဆို

သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ဆီးကျိတ်ကင်ဆာ ပြန့်နေပြီဟုဆို

အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်၏ ဆီးကျိတ်ကင်ဆာသည် သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားကြောင်းနှင့် သူသည် အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို ထုတ်ဖော်ပြောဆိုနေဆဲဖြစ်သော်လည်း နာကျင်မှုဝေဒနာခံစားနေရကြောင်း သားဖြစ်သူ ဟန်တာဘိုင်ဒင်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
       
သောကြာနေ့အနှောင်းပိုင်းက ဘီဘီစီသတင်းဌာနနှင့် အင်တာဗျူးတွင် ဖခင်၏ အခြေအနေကို ဆွေးနွေးရင်း စိတ်ခံစားမှုများ ပြင်းထန်လာသော ဟန်တာဘိုင်ဒင်က ဖခင်၏ အခြေအနေကို တွေ့မြင်ရသည်မှာ အလွန်ဝမ်းနည်းစရာကောင်းကြောင်း ပြောကြားခဲ့သည်။
     
“ကင်ဆာက ပျံ့သွားပြီး အရိုးတွေနဲ့ အခြားနေရာတွေထိ ရောက်သွားတယ်” ဟု သူက ပြောကြားခဲ့ပြီး “အရမ်းနာကျင်စေကာ ဘက်ပေါင်းစုံ အားနည်းစေပါတယ်” ဟု ဆိုခဲ့သည်။
        
အသက် ၈၃ နှစ်အရွယ် ဂျိုးဘိုင်ဒင်သည် အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက်အကြီးဆုံး အမျိုးသားဖြစ်သည်။ သူ၏ ရာထူးသက်တမ်း လေးနှစ်တာကာလအတွင်း သူ၏ အသက်အရွယ်သည် စိုးရိမ်စရာအကြောင်းအရင်းတစ်ခုဖြစ်သည်။ အထူးသဖြင့် သူ့နေရာကို ဆက်ခံသွားသူ သမ္မတထရမ့်ပ်နှင့် စကားစစ်ထိုးပွဲတစ်ခုတွင် အခြေမလှဖြစ်ခဲ့ပြီးနောက် ပြန်လည်ရွေးကောက်ခံမည့် သူ၏ ကြိုးပမ်းမှုကို စွန့်လွှတ်ခဲ့ရသည်။ သူခံစားနေရသည့် ရောဂါဝေဒနာများ၏ အတိုင်းအတာကို ဖုံးကွယ်ထားသည်ဟူသော စွပ်စွဲမှုများထွက်လာကာ သူနှင့် သူ၏ အိမ်ဖြူတော်အကြံပေးများသည် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
     
အိမ်ဖြူတော်မှ ထွက်ခွာပြီး လေးလမပြည့်မီ ပြီးခဲ့သည့်နှစ် မေလတွင် သူ ကင်ဆာရောဂါဖြစ်နေကြောင်း သမ္မတဟောင်းက ထုတ်ဖော်ပြောကြားခဲ့သည်။
    
သူ၏ ကင်ဆာရောဂါအခြေအနေသည် Gleason အမှတ် ၉ ကို ရောက်နေပြီဟု စစ်ဆေးတွေ့ရှိခဲ့ပြီး အပြင်းထန်ဆုံးအဆင့်ဖြစ်သည့် Grade Group 5 တွင် ထည့်သွင်းထားကြောင်း သူ၏ရုံးက ထိုအချိန်က ပြောကြားခဲ့သည်။

Ref: စီဘီအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်း အခမဲ့ဖွင့်လှစ်မည်

ရန်ကုန်၊ သြဂုတ် ၉ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် တရုတ်ရိုးရာအက ကိုယ်ဟန်အထူးသင်တန်းကို ဩဂုတ် ၁၈ ရက်မှ ဩဂုတ်လကုန်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် Yuanyi International Dance Academy (YIDA- Beijing Dance Academy မြန်မာနိုင်ငံ ပြည်ပစစ်ဆေးမှုဌာန) တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး တရုတ်ရိုးရာအကပညာရှင် ဆရာမများက အကကိုယ်ဟန်နှင့် လှုပ်ရှားမှုများကို စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ သင်တန်းတွင် အသက် ၁၆ နှစ်မှ ၃၅ နှစ်အတွင်း တရုတ်ရိုးရာအကကို...

မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် ဧရာဝတီအက်ဖ်စီနှင့် ရှမ်းယူနိုက်တက်တို့ ယနေ့ ညနေ ယှဉ်ပြိုင်မည်

ရန်ကုန်၊ သြဂုတ်-၉ မြန်မာအမျိုးသမီးလိဂ် ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၉) အဖြစ် လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီနှင့် ခြေစွမ်းကောင်းပြသနေသည့် ရှမ်းယူနိုက်တက်အက်ဖ်စီတို့ ယနေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ လက်ရှိချန်ပီယံ ဧရာဝတီအက်ဖ်စီအနေ ဖြင့် အမှတ်ပေးဇယားထိပ်ပိုင်းတွင် ဦး ဆောင်နေသည့် ISPE အသင်းကို ဆက်လက်ဖိအားပေးနိုင်ရန်အတွက် အဆိုပါပွဲစဉ်တွင် အနိုင်ရရှိရေး ကြိုးပမ်းရမည်ဖြစ်ပြီး၊ တိုက်စစ်ပိုင်းတွင် အဓိကကစားသမားများ ပြန်လည်စုံလင်လာသည့်အတွက် အသင်းအနေဖြင့် အင်အားပြည့်ဖြင့် ပွဲထွက်လာဖွယ်ရှိသည်။ တစ်ဖက်တွင် ရှမ်းယူနိုက်တက်အသင်းသည် နောက်ဆုံးကစားခဲ့သည့် (၇) ပွဲဆက်တိုက် ရှုံးပွဲမရှိသည့်...

အစိုးရအနေဖြင့် မူလအခြေအနေအတိုင်းနီးပါးပြန် လည်ရောက်ရှိနိုင်ရေး တတ်နိုင်သမျှကူညီပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်နေသူများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ စောင့်ရှောက်မှုများပြုလုပ်ပေးထားလျက်ရှိကြောင်း သိရသည်။ ထိုသို့ စောင့်ရှောက်ပေးလျက်ရှိရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ သြဂုတ် ၉ ရက်နံနက်ပိုင်းတွင် လဟာပကျေးရွာရှိ လဟာပကျောင်းတိုက်ဘုန်းတော်ကြီးကျောင်း၌ ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေး အပ်ခဲ့ကြောင်း သိရသည်။ ရေဘေးသင့်သူများနှင့်တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက ရေပြန်လည်ကျဆင်းပြီးနောက် ပြည်သူများအနေဖြင့် မိမိတို့တစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ကြပါက မူလအခြေအနေသို့အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်မည်ဟု ပြောသည်။ " အစိုးရအနေနဲ့လည်း မူလအခြေအနေအတိုင်းနီးပါးပြန်လည်ရောက်ရှိနိုင်ဖို့ တတ်နိုင်သမျှကူညီပေးသွားမှာပါ။ ရေဘေးကြောင့် ယာယီပိတ်ထားရတဲ့  စာသင် ကျောင်းတွေပြန်လည်ဖွင့်လှစ်ချိန်မှာ မိဘတေအနေနဲ့ သားသမီးတွေကို ကျောင်းပြန်တက်နိုင်ဖို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071