ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးမှုကြောင့် ရေကြည်မြို့နယ်တွင်လည်း ရေကြီးရေလျှံမှုကြုံတွေ့နေရကာ လူဦးရေ(၂,၉၆၀)ဦးရေဘေးသင့်နေသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၁၈)ခုဖွင့်လှစ်ထားရကြောင်း သိရသည်။
အဆိုပါ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ ခိုခလှုံနေကြသည့် ရေ ဘေးသင့်သူများအား သက်ဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များက ရေသန့်ဘူးများ၊ Royal-D ဘူးများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ မုန့်ကြွပ်ထုပ်များ၊ ဆန်အိတ်များ၊ ထမင်းဘူးမျာကိုထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေကြည်မြို့နယ်အတွင်းရှိ ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် အခြေခံပညာစာသင်ကျောင်း(၆) ကျောင်းကိုလည်း ဆရာ/ဆရာမများ၊ ကျောင်းသား၊ သူများဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ယာယီပိတ်ထားကြောင်း သိရသည်။
