Wednesday, June 17, 2026

ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပြန်လည်လည်ပတ်၊ ကာကွယ်ဆေးထိုးနှံမှုများ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ကလေးငယ်များအား အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိပြီး တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေကြောင်း...

ဖလမ်းမြို့နယ်၌ Placement Test အထူးအစီအစဉ်တွင်...

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၌ ကျင်းပလျက်ရှိသော Placement Test အထူးအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူ ၃,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ အဆိုပါ Placement...

မက်ဆီ၏ ပထမဆုံး Hat-trick ဖြင့်...

ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ပြိုင်ပွဲ၏ ပထမဆုံး Hat-trick ကို သွင်းယူနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကိုလည်း လိုက်မီသွားခဲ့ကြောင်း သိရသည်။ Ballon...

ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ရေး ရခိုင်ပြည်နယ်တွင် ကလေးငယ်...

ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများကို စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်များတွင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ အသက် (၁၅) နှစ်အောက်...
HomeNewsLocal Newsသဘာဝပါတ်ဝန်းကျင် ထိခိုက်မှု နည်းသည့်...

သဘာဝပါတ်ဝန်းကျင် ထိခိုက်မှု နည်းသည့် ရပ်ဆိုင်းနေသောရေအား လျှပ်စစ်လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဖို့ နစက ဥက္ကဌအား ကောင်စီဝင်အချို့ ဆွေးနွေးကြကြောင်း နိုင်ငံပိုင် သတင်းစာတွင်ဖော်ပြရေးသား

နေပြည်တော်၊ဇွန် ၉

သဘာဝပါတ်ဝန်းကျင် ထိခိုက်မှုနည်းသည့် ရပ်ဆိုင်းနေသောရေအား လျှပ်စစ်လုပ်ငန်း များဆက်လက်အကောင်အထည်ဖော်ဖို့ နစက ဥက္ကဌအား ကောင်စီဝင် အချို့ဆွေးနွေးကြသည့်အကြောင်း နိုင်ငံပိုင်သတင်းစာ တွင်ဖော်ပြရေးသားသည်ကိုတွေ့ရသည်။

ဇွန်လ ၇ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် နစက အစည်းအဝေး (၁၂/၂၀၂၁)တွင် ကောင်စီဝင်အချို့က အထက်ပါအတိုင်း ဆွေးနွေးအကြံပြုခဲ့ကြသည်ဟု ဇွန်၈ရက်ထုတ် မြန်မာ့အလင်းနှင့်ကြေးမုံ သတင်းစာကဖော်ပြသည်။

ဖော်ပြချက်တွင် နိုင်ငံ၏လျှပ်စစ် ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းနိုင်ရန်နှင့် ပြည်ပဝင်ငွေရရှိရန် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းပါးသည့် ရပ်ဆိုင်းနေသော ရေအားလျှပ်စစ် စီမံကိန်းများ ဆက်လက်အကောင်အထည် ဖော်ရေး အတွက် ပြန်လည် သုံးသပ်ရေးဟု ဆိုထားသည်။

အထက်ပါ တိုက်တွန်းချက်အား မည်သူ ကဆောင်ရွက်ခဲ့သည်ကို သတင်းစာက သီးခြား မရေးသားသော်လည်း ကောင်စီဝင် များဖြစ်ကြ သည့် ဦးသိန်းညွန့်၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း တို၏ ဆွေးနွေးတင်ပြချက်ထဲ ရေအား လျှပ်စစ်လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်ဖို့ ကိစ္စအား ထည့်သွင်း ဖော်ပြထား သည် ကိုသာတွေ့ရှိရသည်။

ကောင်စီဝင်များသည် နစက ဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဆွေးနွေးတင်ပြကြရာတွင် ရေအား လျှပ်စစ်ကိစ္စရပ်သာမက အခြေခံ ဥပဒေနှင့် ညီညွတ်မှု မရှိဘဲ လုပ်ပိုင်ခွင့်ကျော်လွန်ဆောင်ရွက်ခဲ့သည့် အဂတိ လိုက်စားမှု များကို စိစစ်ဖော် ထုတ်အရေးယူရေး၊ အားကစားသမားများ နိုင်ငံတော် အပေါ် သစ္စာ စောင့်သိရေးနှင့် နိုင်ငံ့သားကောင်း တစ်ယောက်တွင် ရှိရမည့် ကျင့်ဝတ်များ ရှိစေရန် လေ့ကျင့်ပျိုးထောင် ပေးရေး စသည် တိုနှင့် စပ်လျဉ်းပြီး၍လည်း ဆွေးနွေးတင်ပြခဲ့ကြသည်ဟုလည်း သတင်းစာ ကဖော်ပြရေးသား ထားသည်။

ဗိုလ်ချုပ်မှူးကြီးက လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန် လောင်စာစနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အားမပေးလိုကြောင်း၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု များကိုသာ အကောင်အထည်ဖော်ရန် လိုအပ်ပြီး ထိုသို့ ထုတ်ယူရာတွင် သက်ဆိုင်သည့် ပြည်နယ်များကို ရာခိုင်နှုန်းပြည့် သုံးစွဲနိုင်ရေး ဦးစားပေးစီမံပေးရန် လိုကြောင်း ကောင်စီဝင်များ၏ တင်ပြချက် အပေါ် ပြန်လည် ဆွေးနွေးခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။

ရပ်ဆိုင်းနေသော ရေအား လျှပ်စစ်လုပ်ငန်းများ ဆက်လက်အကောင်အထည်ဖော်ဖို့ ကိစ္စအပေါ် အချို့က မည်သည့် ရေအား လျှပ်စစ် စီမံကိန်းလည်းဟု မေးခွန်းထုတ်လျှက်ရှိနေကြသည်။

နိုင်ငံတွင် ရပ်ဆိုင်းထားသည့် ရေအားလျှပ်စစ်စီမံကိန်း က အနည်းငယ်သာရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071