Thursday, May 7, 2026

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သူနာပြု -သားဖွားဒီပလိုမာ နောက်ဆုံးနှစ်...

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများ၏ (၃) နှစ်သင်တန်း နောက်ဆုံးနှစ် လက်မှတ်ရစာမေးပွဲ (National Compre hensive Examination) ကို...

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ဗီယက်နမ်အသင်းတို့...

မြန်မာအသင်းဟာ အုပ်စုတွင်း ရှုံးပွဲနှစ်ပွဲ ကြုံတွေ့ထားရပေမယ့် အရှေ့တောင်အာရှပြိုင်ဘက်ဟောင်း ဗီယက်နမ်အ သင်းနဲ့  ဒီကနေ့ မေ (၇)ရက် ညနေ (၄) နာ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကော့ကရိတ်မြို့နယ် ၌...

လာမည့် ဇွန်လတွင်စတင်မည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၌ အ ခြေခံပညာစာသင်ကျောင်း(၁၆၄)ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ စစ်ရေးပဋိပက္ခများ၊ အချိန်ကြာမြင့်စွာဖွင့်လှစ်နိုင်ခြင်းမရှိသည့် စာသင်ကျောင်းများတွင် ပျက်စီးမှုများ၊...

“အဂတိနှင့် မဆင်မခြင်စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီဆုံးရှုံးခဲ့ဟု...

ယခင်ဒီမိုကရေစီဒုတိယအစိုးရသက်တမ်းကာလအ တွင်း နိုင်ငံတော်နှင့်ပြည်ထောင်စုအဆင့်တာဝန်ရှိသူ များ၏ မဆင်မခြင်မှုများကြောင့် နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ(၁၃)သန်းကျော်နှင့် ငွေကျပ်(၂၂၆)ဘီလီယံကျော်ဆုံးရှုံးခဲ့ရသည်ဟု နိုင်ငံတော်သမ္မတက မေ ၆ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း...
HomeMyanmar Theatrical Traditionသဘင်မျိုးရိုးဖြစ်ပေမယ့် ရုပ်ရှင်ပိုင်းကို ပိုစိတ်ဝင်စားတဲ့...

သဘင်မျိုးရိုးဖြစ်ပေမယ့် ရုပ်ရှင်ပိုင်းကို ပိုစိတ်ဝင်စားတဲ့ သားဖြစ်သူကိုအစစအရာရာ ပံ့ပိုးပေးသွားမယ့်ပတ္တမြားကေခိုင်

ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက်၊ ပတ္တမြားကေခိုင်ရဲ့သား ထွန်းဝီရက အခုနှစ် ရဲ့တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ချင်းပေါက်ထူးချွန်စွာ အောင်မြင်ခဲ့ ပါတယ်။ သားဖြစ်သူရဲ့ စာမေးပွဲ နှစ်ချင်းပေါက်အောင်မြင်မှုအတွက် ပတ္တမြားကေခိုင်ကလည်း ပျော်မဆုံးနိုင်ဖြစ်နေပါတယ်။ ဘဝရဲ့ အချိုး အကွေ့တစ်ခုဖြစ်တဲ့ ဒီစာမေးပွဲကိုအောင်မြင်သွားခဲ့တာကြောင့်လည်း သားဖြစ်သူဖြစ်ချင်တာကို ရွေးချယ်ခွင့်ပေးသွားမှာဖြစ်ကြောင်း ပတ္တမြား ကေခိုင်က ပြောပါတယ်။

“သားက စီးပွားရေးပိုင်းကို ပိုဝါသနာပါတယ်။ အရင်ကတည်းကလည်း သူကဆရာဝန်တို့၊ အင်ဂျင်နီယာတို့ လုပ်မယ်ဆိုတာမျိုးမရှိဘူး။ သူ့အဖေကလည်း စီးပွားရေး သမားဆိုတော့ သူကလည်း စီးပွားရေးပဲ လုပ်မယ်လို့ပြော တယ်။ ဒါကြောင့် စီးပွားရေးနဲ့ပတ်သက်တဲ့ ပညာရပ် ဆိုင်ရာကို သူဆက်ပြီးတော့ သင်ကြားဖို့ရှိပါတယ်”လို့ သားဖြစ်သူ ဝါသနာပါရာကို ရွေးချယ်ခွင့်ပေးမှာဖြစ်တဲ့အကြောင်း ပတ္တမြားကေခိုင်က ပြောပါတယ်။

ထွန်းဝီရက အနုပညာနဲ့ ပတ်သက်ပြီး သရုပ် ဆောင်ပိုင်းကို စိတ်ဝင်စားတာပါ။ သူက ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း သူဟာ ရုပ်ရှင်ပိုင်းကို သွားချင်တယ်လို့ ပြောချင်တာပဲဖြစ်ပါတယ်။

“ရုပ်ရှင်ပိုင်းနဲ့ပတ်သက်လို့လည်း ပံ့ပိုးပေးသွားဖို့ရှိ ပါတယ်။ သူ့အနေနဲ့ အရွယ်က ငယ်သေးတယ်။ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ သင်ယူဖို့ပေါ့လေ။ ဒါကြောင့် သိပ်မလောနဲ့ပေါ့။ ရုပ်ရှင်နဲ့ ပတ်သက်လို့ နိုင်ငံခြားမှာသွားရောက်ပြီးတော့ သင်တန်း တွေ၊ ကျောင်းတွေ ပညာရပ်ဆိုင်ရာ ရှိတယ်။ သား သွားတက်မလားလို့ မေးထားတယ်။ သရုပ်ဆောင်လုပ်မှာပဲဖြစ်ဖြစ်၊ ဒါရိုက်တာလုပ်မှာပဲဖြစ်ဖြစ် တတ်ထားသင့်တဲ့အရာတွေ အများကြီးရှိတယ်လေ။ ရုပ်ရှင်ပိုင်းကို ရွေးချယ်မယ်ဆိုရင် လည်း သူ့ကို စနစ်တကျနဲ့ ပျိုးထောင်ပေးသွားမယ်” လို့ ပတ္တမြားကေခိုင်က ပြောပါတယ်။ ဂရိတ်ဦးဘိုးစိန်ရဲ့ မျိုးဆက် ဖြစ်ပေမယ့်လည်း ထွန်းဝီရက သဘင်ပိုင်းနဲ့ ပတ်သက်ပြီး လုပ်ဆောင်သွားဖို့ မရှိကြောင်း သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း ပတ္တမြားကေခိုင်က …

“သူသဘင်ပေါ်မှာစိတ်ဝင်စားမှု နည်းသွားတာကလည်း သူကြီးပြင်းလာတဲ့ကာလက အစ်မတို့ဒီအလုပ်လုပ်တဲ့ ကာလ မဟုတ်ဘူးဖြစ်နေတာ။ အစ်မအိမ်ထောင်မကျခင်ကတည်းက အစ်မတို့ရဲ့ဇာတ်က မရှိတော့ဘူးလေ။ ဒါကြောင့် သူအတွေ့ နည်းတယ်။ အစ်မအိမ်ထောင်ကျသွားပြီးတော့ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တဲ့အခါကျတော့ ရုပ်ရှင်ထုတ်လုပ်ရေးကိုစပြီး လုပ်ကိုင်တာဖြစ်တယ်။ သူဒီအနုပညာလောကထဲ ဝင်ရောက်လာတော့လည်း ရုပ်ရှင်ပဲ စရိုက်ကူးတာပေါ့လေ။ အဲဒီ့တော့ ဝေးသွားလို့လည်း ပါပါတယ်။ နောက်ပိုင်း ဦးဘိုးစိန်အထိမ်းအမှတ်ပွဲကနေစပြီး
သဘင်ပိုင်းကိုပြန် လုပ်ဖြစ်တယ်။အဲဒီအခါမျိုးမှာလည်း သူစိတ်ဝင်စားပါ တယ်။ ဒါပေမဲ့ အစ်မရဲ့ အားနည်းချက်လည်း ပါပါတယ်။ ငယ်ငယ်ကတည်း ကလည်း သူ့ကို အကတွေဘာတွေမသင်ထားခဲ့မိဘူး။ အစ်မတို့ကျ တော့ အသက် ၄ နှစ်သမီးကတည်းက အဖေက အကသင်ထားတာ။ အဲဒီတော့ ဒါက အရိုးစွဲသလို ဖြစ်သွားတာပေါ့။ သူကကျတော့ အခြေခံမရှိတဲ့အခါကျ တော့ ဒီထဲကို ဝင်ရောက်ဖို့ သူ့ကိုယ်သူလည်း ယုံကြည်ချက်သိပ်မ ရှိဘူး။ အဲဒီတော့ ငယ်ငယ်ကတည်းက မသင်ပြ ပေးခဲ့တာရယ် သူကျင်လည်ခဲ့တာကလည်း ရုပ်ရှင်အသိုင်းအဝိုင်းဖြစ်တဲ့အခါကျတော့ ရုပ်ရှင်ကိုပဲလုပ်မယ်ဆိုပြီး ဖြစ်တာပေါ့လေ။ အစ်မ အနေနဲ့ကလည်း အရင်ကတည်းက သားအပေါ်မှာ ဘာဖိအားမှ မပေး ချင်ဘူး။ သူစိတ်ဝင်စားတာ၊ သူဝါသနာပါတာကိုပဲ ပံ့ပိုးပေးသွားဖို့ စိတ်ကူးရှိတော့ သူ့ကိုဘာမှ မပြောပါဘူး” လို့ ပြောပါတယ်။

လင်းအက္ခရာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071