Sunday, September 20, 2026

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့်...

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော်...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင်...

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet...

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့်...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၃)...

မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း (MPMEA) ၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးကို လာမည့် အောက်တိုဘာ ၁၇ ရက် မွန်းလွဲ...
HomeNewsLocal Newsလွှတ်တော်(၃)ရပ်အတွက် ရွေးကောက်တင် မြှောက်မှုများကို...

လွှတ်တော်(၃)ရပ်အတွက် ရွေးကောက်တင် မြှောက်မှုများကို ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြီးချိန်၌ လွှတ်တော်(၃)ရပ်အတွက် ရွေး ကောက်တင်မြှောက်မှုများကို ဥပဒေနှင့်အညီဆောင်ရွက်သွားရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ ဖေဖော်ဝါရီ ၃ ရက်နံနက်ပိုင်းကကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မှာကြားခဲ့သည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပပေးနိုင်ရေးသည် မိမိတို့၏ အန္တိမရည်မှန်းချက်ဖြစ်၍ အထွေထွေရွေးကောက်ပွဲကျင်းပပေးပြီးပေါ်ပေါက်လာသည့် လွှတ်တော်များအတွင်းတွင်လည်း တိုင်းရင်းသားများနှင့် လူထုလူ တန်းစားအလွှာများကို ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်သွားရမည်ဖြစ်ကာ မဲဆွယ်စည်းရုံးမှုများဆောင်ရွက်နိုင်ရန် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိရေးလိုအပ်မည်ဖြစ်ကာ နိုင်ငံတော်အပိုင်းမှ ရွေး ကောက်ပွဲအောင်မြင်မှုရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ရမည်များကို စနစ်တကျတွက်ချက်၍ ဥပဒေများနှင့်အညီဆောင်ရွက်ရမည်ဟု မှာကြားသည်။

ထို့အတူ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့်ဥပဒေများကို စေ့စပ်ကျယ်ပြန့်စွာ လေ့လာထားရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများမှလည်း လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားရမည်ဟု မှာကြားသည်။

” ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် လွှတ် တော်(၃)ရပ်အတွက် ရွေးကောက်တင်မြှောက်မှုတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားရပါမယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

ထို့ပြင် ရွေးကောက်ပွဲတွင် မဲမသမာမှုများမဖြစ်စေရေး၊ မဲဆန္ဒရှင်များအနေဖြင့် မဲပေးရာတွင် ရှင်းလင်းလွယ်ကူစွာမဲပေးနိုင်ရေး၊ မဲရလဒ်မှန် ကန်ရေး၊ ပယ်မဲမရှိရေး၊ မဲမသမာမှုမပြုလုပ်နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် မြန် မာအီလက်ထရောနစ်မဲပေးစက်(Myanmar Electronic Voting Machine)ကို အသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်း/ပြည်ပသာသနာပြု မြန်မာဘာသာကျမ်းစာ (၃၄)အုပ်နှင့် အင်္ဂလိပ်ဘာသာကျမ်းစာ(၁၀)အုပ်တို့ကိုရေးသားပြုစုတော်မူခဲ့သည့် ချမ်းမြေ့ဆရာတော်ကြီး၏ ထေရုပ္ပတ္တိတော်

ချမ်းမြေ့ရိပ်သာဆရာတော်ကြီးအလောင်းလျာကို မြန် မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ ဝါခေါင်လဆန်း(၈)ရက်၊ အင်္ဂါနေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ပျဉ်းမကျေးရွာ၌ ခမည်းတော် ဦးဖြူမင်း၊ မယ်တော် ဒေါ်ရွှေရည်တို့မှဖွားမြင်တော်မူခဲ့သည်။ ၁၃၀၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းဆရာတော် ဘဒ္ဒန္တမာလာဝံသကို ဥပဇ္ဈယ်ပြု၍ မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှင်သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး ၁၃၀၉ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၅ ရက်တွင် တောင်တွင်းကြီးမြို့၊ တောရဗိမာန်ကျောင်းတိုက်၊ ခဏ္ဍသိမ်၌ ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈယ်ပြု၍ တောင်တွင်းကြီးမြို့၊ ရွှေအိုးရပ်၊ ကုန်သည်ကြီး...

ခင်နှင်းဝေ တက်ဂ်ဘောပြိုင်ပွဲ ရွှေတံဆိပ်ဆွတ်ခူး၊ စပိန်ဂန္တဝင် ပူယိုးလ် လာရောက်အားပေး

မြန်မာအားကစားမယ် ခင်နှင်းဝေသည် စက်တင်ဘာ ၂၀ ရက်က ယှဉ်ပြိုင်ခဲ့သည့် တက်ဂ်ဘော (Teqball) အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲတွင် အင်ဒိုနီးရှားကစားသမား ဆူမာယာကို ၂ ပွဲ ၁ ပွဲဖြင့် အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အဆိုပါဗိုလ်လုပွဲကို ဘာစီလိုနာနှင့် စပိန်လက်ရွေးစင်အသင်းတို့၏ ဂန္တဝင်နောက်ခံကစားသမား ကားလက်စ် ပူယိုးလ် (Carles Puyol) ကိုယ်တိုင် လာရောက်ကြည့်ရှုအားပေးခဲ့သည်။ ခင်နှင်းဝေသည် ဗိုလ်လုပွဲ ပထမပွဲတွင် ၁၀-၁၂ ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယနှင့် တတိယပွဲတို့တွင် ၁၂-၈၊ ၁၂-၉ ရလဒ်များဖြင့် ပြန်လည်အနိုင်ယူနိုင်ခဲ့ကာ...

ရေနည်းကာလတွင် ရေဝင်ရောက်ခြေရှိသေးသည့်အတွက် Steel Sheet Pile ရို-က်ပြီး ကာရံသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ဟင်္သာတ၊ စက်တင်ဘာ ၂၀ ငဝန်မြစ်ရေ တိုက်စားမှုကြောင့် ငဝန်တာ၏ အောက်ခံ မြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ တာတမံ နိမ့်ကျမှု ဖြစ်ပွားခဲ့ရာ လေးမျက်နှာမြို့နှင့် ဆက်စပ် မြို့၊ ရွာများသို့ ရေကျော် စီးဝင်ခြင်းမှ ကာကွယ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနက Steel Sheet Pile များ ရိုက်သွင်း ကာရံလျက် ရှိသည်။ အဆိုပါရေကျော်စီးဝင်နေသည့် ငဝန်မြစ်သည် ရေစီးသန်ပြီး ယခင်ရေနည်းနေသည့်အချိန်တွင်ပင် ရေအနက်သည် ၃၆ ပေခန့်ရှိသည်။ ၄င်း၏ မြစ်ကြမ်းပြင်သည် လူနေထိုင်ရာ ရပ်ကွက်များ၊ ကျေးရွာများနှင့် စိုက်ပျိုးမြေများထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071