ဒေသအလိုက် လျှပ်စစ်ဓာတ်အားဖူလုံစေရေးအတွက် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကို ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၆ ရက်တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မှာကြားခဲ့ခြင်းဖြစ်သည်။
” လျှပ်စစ်ဓာတ်အားကို ဒေသအလိုက်ဖူလုံစေရေးအ တွက် လက်ရှိအချိန်မှာ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းတွေက်ု မိမိတို့ဒေသအလိုက်ကြိုးပမ်းဆောင်ရွက်ရပါမယ်”ဟု နိုင်ငံတော်သမ္မတက မှာကြားသည်။
ထို့ပြင် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရေးအတွက် စိစစ်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ထို့အတူ စက်သုံးဆီများအား တတ်နိုင်သမျှထိန်းသိမ်းဆောင်ရွက်ထားနိုင်ကာ ဆီသိုလှောင်မှုများနှင့် ဖြန့်ခွဲမှုများစနစ်တကျဖြစ်စေရေးအတွက်လည်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတကမှာကြားခဲ့သည်။
ထို့ပြင် တာဝန်ရှိသူများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ သ ဘာဝဓာတ်ငွေ့များဖြန့်ဖြူးရာတွင်လေလွင့်ဆုံးရှုံးမှုများ မဖြစ်စေရေးဆောင်ရွက်ရန်လိုအပ်မှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးအတွက် သန်လျင်ရေနံချက်စက် ရုံအားပြန်လည်တည်ဆောက်အဆင့်မြှင့်တင်လျက်ရှိမှု၊ ပြည်တွင်းစက်သုံးဆီဖူလုံမှုရှိစေရေးကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ စက်သုံးဆီများသယ်ဆောင်ဖြန့်ဖြူးရာတွင် စနစ်တကျရယူသုံးစွဲနိုင်ရန် Digital စနစ်ဖြင့်ဆောင်ရွက်ပေးလျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့အတူ လျှပ်စစ်ဓာတ်အားများရရှိရေး သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုတို့အား အဓိကထားထုတ်လုပ်လျက်ရှိပြီး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားများလုံလောက်စွာရရှိစေရေး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရေး လျာထားဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားဖြန့်ဝေရာတွင် လေ့လွင့်ဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်လျက်ရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့ကြသည်။
