Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeInternationalလော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀...

လော့စ်အိန်ဂျလိစ်မီးဘေးတွင် လူ ၁၈၀,၀၀၀ နီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ

လော့စ်အိန်ဂျလိစ် တောမီးဒဏ်သင့် ဒေသခံ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်ပေးထားကြောင်း ဒေသရဲအရာရှိ ရောဘတ်လူနာက သတင်းထောက်များအား ပြောကြားခဲ့သည်။

“အခုလောလောဆယ် လူပေါင်း ၁၈၀,၀၀၀ နီးပါးကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးထားပြီး နောက်ထပ် လူ ၂သိန်းနီးပါးကိုလဲ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ သတိပေးထားပါတယ်” ဟု သူက ပြောကြားခဲ့သည်။

မီးဘေးအတွင်း လုယက်သူ နှစ်ဒါဇင်ခန့်ကိုလည်း ဖမ်းဆီးထားကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

“အခုအချိန်အထိ ဖ-မ်းဆီးထားတာ အယောက် (၂၀)ရှိပြီ။ အဲဒီအရေအတွက် တိုးလာမယ်လို့ထင်ပါတယ်။ ဒီလိုအချိန်မှာ ခုလိုလုပ်တာမျိုးကို ကျွန်တော်တို့ သည်းမခံနိုင်ပါဘူး”ဟု ရဲမှူးက ပြောသည်။

နောက်ဆုံးရသတင်းများအရ လော့စ်အိန်ဂျလိစ်နယ်မြေတွင် တောမီးကြီးငါးခု လောင်ကျွမ်းနေပြီး စုစုပေါင်းမြေဧက ၂၉,၀၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီး၊ ယင်းတို့အနက် တောမီး နှစ်ခုကိုသာ တစ်စိတ်တစ်ပိုင်း ထိန်းနိုင်ခဲ့သည်။ မြို့တော်၏ အခမ်းနားဆုံး ခရိုင်အချို့ အပါအဝင် မီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦ ၁,၀၀၀ ကျော် ပျက်စီးခဲ့သည်။ တောမီးကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရသည့် နာမည်ကြီးများထဲတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏သား ဟန်တားဘိုင်ဒင်နှင့် သရုပ်ဆောင်မော်ဒယ် ပဲရစ်ဟီလ်တန် တို့လည်း ပါဝင်သည်။

လေပြင်းတိုက်ခတ်ခြင်းနှင့် ခြောက်သွေ့သော ရာသီဥတုအခြေအနေများ သည် အနည်းဆုံးသောကြာနေ့အထိ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရသည်။ ဒေသအာဏာပိုင်များသည် အိမ်နီးချင်း ခရိုင်များမှ မီးသတ်သမားများနှင့် ဝါရှင်တန်၊ အော်ရီဂွန်နှင့် နီဗားဒါး ပြည်နယ်များထံမှ အရေးပေါ် ဝန်ဆောင်မှုများ တောင်းခံထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက် Meta က တောင်းပန်

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ် ကက်ပလန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။         “ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို ကန့်သတ်မိခဲ့တဲ့ အမှားအယွင်းအတွက် မက်တာကိုယ်စား ဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်” ဟု ကက်ပလန်က ပြောကြားခဲ့သည်။    မိုဒီ၏ ပို့စ်တစ်ခုကို ဖေ့စ်ဘုတ်က ခဏတာကန့်သတ်ခဲ့ပြီးနောက် အိန္ဒိယသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် မက်တာ အမှုဆောင်အရာရှိများကို ဆင့်ခေါ်ခဲ့သည်။ လုပ်ဆောင်ချက်အမှားတစ်ခုကြောင့် ပို့စ်ကို မတော်တဆ...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန် သွားမည်

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင် သြစတြေးလျနှင့် နူးဇီလန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း အစိုးရက ထုတ်ပြန်ပြောကြားခဲ့သည်။         သမ္မတ တိုလမ်၏ ခရီးစဉ်သည် သြဂုတ်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိကြာမြင့်မည်ဟု အစိုးရက ပြောကြားခဲ့ပြီး နိုင်ငံတခုချင်းစီအလိုက် အချိန်ဇယားအတိအကျကိုမူ မပြောကြားခဲ့ပေ။     ၂၀၂၄ ခုနှစ်တွင် ပါတီ အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ချိန်မှစကာ မစ္စတာ လမ်သည် များမြောင်သော သံတမန်ရေးခရီးစဉ်အစီအစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့သည်။     ဗီယက်နမ်သည် ၂၀၂၄...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071