Thursday, August 6, 2026

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု...

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့်...

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...
HomeInternationalသီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။

လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah Kian Peng) က မင်းသမီးကို တရားဝင် မိတ်ဆက်ပေးခဲ့ပြီး မင်းသမီးသည် ထိုင်းနိုင်ငံ ချုလာချုံမ်ကလောက် ဘုရင့်တပ်မတော် စစ်တက္ကသိုလ် (Chulachomklao Royal Military Academy) မှ ကိုယ်စားလှယ်အဖွဲ့နှင့်အတူ လွှတ်တော်အစည်းအဝေး ကျင်းပပုံများကို ကြည့်ရှုလေ့လာခဲ့သည်။ မင်းသမီးနှင့်အတူ လိုက်ပါလာသည့် ထိုင်းစစ်ဘက်ဆိုင်ရာ ဝန်ထမ်းအများအပြားသည်လည်း လေ့လာကြည့်ရှုသူများနေရာမှ စောင့်ကြည့်ခဲ့ကြသည်။

လွှတ်တော်သို့ သွားရောက်လေ့လာသည့် အဆိုပါခရီးစဉ်သည် သြဂုတ်လ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ စင်ကာပူနိုင်ငံသို့ ၃ ရက်ကြာ သွားရောက်ခဲ့သော မင်းသမီး၏ လေ့လာရေးခရီးစဉ်၏ တစိတ်တစ်‌ဒေသဖြစ်သည်။

အဆိုပါ ခရီးစဉ်အစီအစဉ်သည် စင်ကာပူနိုင်ငံ၏ သမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုများအပေါ် အဓိကထားခဲ့ပြီး၊ SAFTI စစ်ဘက်ဆိုင်ရာ အင်စတီကျုရှိ ဗိုလ်လောင်းသင်တန်းကျောင်း (Officer Cadet School)၊ စင်ကာပူဗဟိုဘဏ် (Monetary Authority of Singapore Gallery) နှင့် စိန့်တိုဆာ (Sentosa) ရှိ Fort Siloso သို့ သွားရောက်လေ့လာမှုများလည်း ပါဝင်ခဲ့သည်။

ယခု ခရီးစဉ်သည် မင်းသမီးအနေဖြင့် ယခုနှစ်အတွင်း စင်ကာပူနိုင်ငံသို့ဒုတိယအကြိမ်မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်သည်။ ဇန်နဝါရီလတုန်းကလည်း ၂၀၂၆ ကမ္ဘာ့လူငယ်သိပ္ပံပညာရှင်များ ထိပ်သီးအစည်းအဝေး (Global Young Scientists Summit) ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

ဓါတ်ပုံ – MDDI Singapore / YouTube

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-ထိုင်း နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သဘောတူညီချက်များ အရှိန်မြှင့် အကောင်အထည်ဖော်မည်

ဗန်ကောက်၊ ဩဂုတ် ၆ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်အတွက် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ဖွံ့ဖြိုးရေး၊ အာကာသနည်းပညာနှင့် ပြည်သူအချင်းချင်း ဖလှယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့် အကောင်အထည်ဖော်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုများအရ မြန်မာနှင့် ထိုင်းတို့သည် BIMSTEC၊ ACMECS စသည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ယန္တရားများမှတစ်ဆင့် ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားရန် သဘောတူညီခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံ၏ Myanmar Space Agency (MSA) နှင့် ထိုင်းနိုင်ငံ၏...

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက ပြောကြားခဲ့သည်။ ပဥ္စမအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည် အရောင်းပြပွဲ ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က မိမိတို့ နိုင်ငံသည် သဘာဝ သယံဇာတ ရတနာမျိုးစုံ ကြွယ်ဝသည့် နိုင်ငံဖြစ်သဖြင့် ထွက်ရှိသည့် ရတနာများကို ပြည်တွင်း၌ ထိုက်ထိုက်တန်တန် ဈေးကွက်ရရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက် Meta က တောင်းပန်

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ် ကက်ပလန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။         “ဝန်ကြီးချုပ် မိုဒီရဲ့ ပို့စ်ကို ကန့်သတ်မိခဲ့တဲ့ အမှားအယွင်းအတွက် မက်တာကိုယ်စား ဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်” ဟု ကက်ပလန်က ပြောကြားခဲ့သည်။    မိုဒီ၏ ပို့စ်တစ်ခုကို ဖေ့စ်ဘုတ်က ခဏတာကန့်သတ်ခဲ့ပြီးနောက် အိန္ဒိယသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့်လတွင် မက်တာ အမှုဆောင်အရာရှိများကို ဆင့်ခေါ်ခဲ့သည်။ လုပ်ဆောင်ချက်အမှားတစ်ခုကြောင့် ပို့စ်ကို မတော်တဆ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071