Tuesday, August 11, 2026

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ...

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံတို့ရှိ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျ-က်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျ-က်စီးခဲ့သော ဌာနဆိုင်ရာအဆောက်အအုံများကိုပြန်လည်ပြုပြင်ခြင်းအား ဒေသခံကုမ္ပဏီများက စတင်‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖလမ်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းအတွင်းမှ...

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့်...

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ...

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး...

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...
HomeMyanmar Theatrical Traditionလူရွှင်တော်ဝမ်းစတား မင်းထိုက်ပြောတဲ့ ဒိန်းဒေါင်...

လူရွှင်တော်ဝမ်းစတား မင်းထိုက်ပြောတဲ့ ဒိန်းဒေါင် အကြောင်း

ပရိသတ်တွေအတွက် ဘဝအ မောပြေအောင် ဟာသတွေတင်ဆက် ပေးနေတဲ့ လူရွှင်တော် ဒိန်းဒေါင်နဲ့ မန္တလေးမြို့က လူရွှင်တော်ဝမ်းစတား မင်းထိုက်တို့ဟာ ညီအစ်ကိုအရင်းအ ချာသဖွယ် ရင်းနှီးချစ်ခင်ကြသူတွေ ပါ။ လူရွှင်တော်ဝမ်းစတား မင်း ထိုက်က အနုပညာအစ်ကိုဖြစ်တဲ့ ဒိန်းဒေါင်အကြာင်းကို ပြောပြတာက…

”ကျွန်တော့်အစ်ကို ကိုဒိန်းဒေါင် ဟာ လူရွှင်တော်မှန်သမျှကိုချစ်တယ်။ သူ့ ထက်ငယ်တဲ့သူ အဆင်မပြေတဲ့သူ ဆိုရင်သနားတတ်တယ်။ ကူညီ တတ်တယ်။ ပိုက်ဆံချေးပေးတယ်။ အခုကျွန်တော်နေတဲ့ အိမ်တောင် ကို ဒိန်းဒေါင်က ဝယ်ပေးထားတာ။ ကျွန် တော်က ၁ဝ သိန်းဆပ်လိုက် ၅ သိန်း ဆပ်လိုက်အဆင်ပြေသလိုဆပ်ရင်းနဲ့ အခုအကြွေးက နည်းနည်းပဲ ကျန် တော့တယ်ဗျ။ သူနဲ့ပတ်သက်ပြီး ဘဝင်မကျတာ ဘာရှိလဲဆိုတော့ သူ က ဖြစ်ချင်ပြီဆိုရင် လောလောနဲ့ လုပ်တယ်။ သူက ရှေးဟောင်းပစ္စည်း လေးတွေလည်း စိတ်ဝင်စားတယ်။ ရှေးဟောင်းပစ္စည်း သူလိုချင်တာ ဆိုရင် ဘာပဲဝယ်ဝယ် ဈေးမဆစ်ဘူး ဝယ်ချလာတယ်။ ဒါလေးတော့ ဘဝင်မကျဘူးဗျ။ ကိုဒိန်းဒေါင်နဲ့ ကျွန်တော်က အနုပညာညီအစ်ကိုပါ။ ကိုဒိန်းဒေါင်က ဘယ်သူမေးမေး မန္တလေးက ဝမ်းစတားမင်းထိုက်က ကျွန်တော့်ညီပါ ကျွန်တော့်ညီ အရင်း ပါလို့ ပြောတယ်။ တကယ်တမ်းကျ တော့ ကျွန်တော်တို့က ညီအစ်ကို အရင်းမဟုတ်ဘူးဗျ။ လွန်ခဲ့တဲ့ ၉ နှစ် လောက်က ဒါရိုက်တာအဏ်ထော်နီ ရိုက်ကူးတဲ့ဇာတ်ကားတစ်ခုမှာ သူမ အားလို့ သူ့အစား ကျွန်တော့်ကို ခေါ် ရိုက်ရင်းနဲ့ ကိုဒိန်းဒေါင်က သူနဲ့ ရုပ် ချင်းဆင်လို့ဆိုပြီး သူ့ရဲ့ ဗီဒီယိုကား လေးကား၊ ငါးကားလောက်ကို ခေါ် ရိုက်တယ်။ သူနဲ့ ရုပ်ရော အသံရော တူလို့ ဆိုပြီး ကျွန်တော့်ကိုချစ်တယ်။ အဲဒီကတည်းက ကိုဒိန်းဒေါင်က ကျွန်တော့် မိဘလိုပါပဲ။ ကျွန်တော့်ရဲ့ အစ်ကိုအရင်းလိုပါပဲ” လို့ ပြောပြခဲ့ပါ တယ်။

လတ်တလော အနုပညာလှုပ် ရှားမှုအကြောင်းကို …

”ကျွန်တော့်အစ်ကို ကိုဒိန်းဒေါင် က ဘယ်လောက်ပဲတွန်းအားပေးပေး ကျွန်တော်တို့ ကြိုးစားအားထုတ်မှုနဲ့ ကျွန်တော်တို့ ကံလည်း ပါတယ်။ ကိုဒိန်းဒေါင် အနုပညာနဲ့ပတ်သက်လို့ သူသိသမျှ တတ်သမျှကို ကျွန်တော်တို့ ကို ဆရာစားမချန်သင်ကြားပေး တယ်။ သူ့ရဲ့အရိပ်အောက်မှာပဲ သူ့ အငြိမ့်မှာပဲ ကျွန်တော်ကပါတယ်။ ပွဲ ရာသီမှာ ကိုဒိန်းဒေါင်နဲ့ကတယ်။ ပွဲ နားတဲ့အချိန်မှာ မန္တလေးကျောက် ဝိုင်းမှာ ကျောက်အရောင်းအဝယ် လည်း လုပ်ပါတယ်။ လတ်တလောမှာ ဖေ့စ်ဘွတ်ခ်မှာ ပုံတိုပတ်စလေးတွေ ဟာသလေးတွေ ပြောတာလေးတွေ တင်ဖြစ်ပါတယ်”လို့ လူရွှင်တော် ဝမ်း စတားမင်းထိုက်က ပြောပြပါတယ်။

 

Ads Space Available


Continue reading

အကြမ်းဖက်အဖွဲ့ဝင်များဖျ-က်ဆီးခဲ့သည့် ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့မှ ဌာနဆိုင်ရာအ‌ဆောက်အအုံများကိုပြန် လည်ပြင်ဆင်

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံတို့ရှိ အကြမ်းဖက်အဖွဲ့ဝင်များ၏ဖျ-က်ဆီးမှုကြောင့် တစ်စိတ်တစ်ပိုင်းပျ-က်စီးခဲ့သော ဌာနဆိုင်ရာအဆောက်အအုံများကိုပြန်လည်ပြုပြင်ခြင်းအား ဒေသခံကုမ္ပဏီများက စတင်‌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဖလမ်းမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ ဖြိုးရေးသင်တန်းကျောင်းအတွင်းမှ ရုံး၊ ဝန်ထမ်းအိမ်ရာ၊ သင်တန်းသားအိပ်ဆောင်နှင့် စားရိပ်သာများ၊ သင် တန်းကျောင်းဝင်းအတွင်းလမ်းမများကို စက်ကြီးများဖြင့်ပြုပြင်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်လျှပ်စစ်အင် ဂျင်နီယာရုံး၊ ဆောက်လုပ်ရေးရိပ်သာ၊ ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနေအိမ်တို့ကိုလည်း ပြန် လည်ပြုပြင်တည်ဆောက်လျက်ရှိပြီး အမျိုးသားသ ဘာဝဘေးစီမံခန့်ခွဲရေးကော်မတီ၏ ရန်ပုံငွေအထောက်အပံ့ဖြင့်ထောက်ပံ့မည့် သစ်များခွဲစိတ်နိုင်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ တီးတိန်မြို့ရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့...

လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုများပြုလုပ်သည့် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ သြဂုတ် ၁၀ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက လဲချားမြို့နယ်၊ ဆီးဆောကျေးရွာအနီးမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်သည့် တရားမဝင် တရုတ်နိုင်ငံသား(၃၄)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်၊ ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ် ဆေးမှုများပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် သိမ်းဆည်းရမိခဲ့သည့် လုပ်ငန်းသုံးဆက်စပပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားပြီး ကျပ် ဘီလီယံ ၁၅၀ ကို ချေးငွေအဖြစ် ထုတ်ချေးပေးမည်

ရန်ကုန်၊ ဩဂုတ် ၁၁ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ကျပ် ဘီလီယံ ၁၇၀ မတည်ထားရှိပြီး ယင်းအနက် ကျပ် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၆) အစည်းအဝေးမှ သိရသည်။ အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက လုပ်ငန်းရှင်များ ချေးငွေရယူရာတွင် အဆင်ပြေစေရန် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဖြေလျှော့ပေးထားပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071