Tuesday, August 11, 2026

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃...

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ...

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက်...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား...

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ...

မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြည့်တန်ဆာလုပ်ငန်းများကင်းရှင်းပ ပျောက်စေရေးအတွက် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောကြားသည်။ ယနေ့ သြဂုတ် ၁၀...
HomeInternationalလာဟိုးမှာ အလွန်အမင်းလေထုညစ်ညမ်း၍ကျောင်းများ ပိတ်ရ

လာဟိုးမှာ အလွန်အမင်းလေထုညစ်ညမ်း၍ကျောင်းများ ပိတ်ရ

ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ လာဟိုးတွင် မကြုံစဖူးအောင် ထူးကဲစွာလေထုညစ်ညမ်းသဖြင့် တနင်္ဂနွေနေ့တွင် အာဏာပိုင်များသည် နေအိမ်မှသာ အလုပ်လုပ်စေခြင်း၊ မူလတန်းကျောင်းများ ကိုပိတ်စေခြင်း အပါအဝင် အရေးပေါ်အစီအမံများကို ချမှတ်ခဲ့ရသည်။

ပြည်နယ်အစိုးရနှင့် ဆွစ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် IQAir တို့က ထုတ်ပြန်သော အချက်အလက်များအရ ပါကစ္စတန်-အိန္ဒိယနယ်စပ်အနီးတွင် စနေနေ့က လေထုညစ်ညမ်းမှုအဆင့်သည် ၁၉၀၀ အထိ စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့ပြီးနောက် လာဟိုးမြို့သည် တနင်္ဂနွေနေ့တွင် လေထုညစ်ညမ်းမှုအဖြစ်ဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

မြို့ကို ထူထပ်သော မီးခိုမြူများ က ဖုံးလွှမ်းနေသောကြောင့် အစိုးရက မူလတန်းကျောင်းများကို ရက်သတ္တတစ်ပတ်ပိတ်လိုက်ကြောင်းနှင့် ကလေ-းများကို နှာခေါင်းစည်းသေချာတပ်ဆင်ပေးကြရန် မိဘများကို အကြံပေးတိုက်တွန်းထားကြောင်း ပန်ဂျပ်ပြည်နယ်၏ ဝါရင့်ဝန်ကြီး Marriyum Aurangzeb က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အများပြည်သူတို့ကို နေအိမ်တွင်းမှာပဲ နေကြရန်၊ တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားရန်နှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားသကဲ့သို့ ဆေးရုံးများသို့ မီးခိုးရှင်းလင်းရေး ကိရိယာများ ပေးအပ်ထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်များမှထွက်သည့် လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် အစိုးရဝန်ထမ်း ၅၀ ရာခိုင်နှုန်းသည် နေအိမ်မှသာ အလုပ်လုပ်ရမည်ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

အစိုးရသည် သုံးဘီးယာဉ်များကိုလည်း မောင်းနှင်ခွင့် ပိတ်ပင်ထားကာ အချို့ နယ်မြေများရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားစေဝည်။ စည်းကမ်းချက်များကို မလိုက်နာသော စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပိတ်ပင်ခံရနိုင်သည်ဟု သူက သတိပေးခဲ့သည်။

Ref: ယူအက်စ်နူးစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

​အင်ဒိုနီးရှားမှာ ဒေါ်လာသန်းရာ‌ချီတန်တဲ့ ကက်တမင်းမူးယစ်ဆေး ၁.၃ တန်ဖမ်းဆီးရမိ

​နိုင်ငံခြားသင်္ဘောတစ်စင်းဆီကနေ ဒေါ်လာသန်းရာချီတန်တဲ့ ကက်တမင်း(Ketamine) မူးယစ်ဆေး ၁.၃ တန်ကို အင်ဒိုနီးရှား အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အကြီးအကဲက တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးမားဆုံး မူးယစ်ဆေးဖမ်းဆီးရမိမှုတွေထဲက တစ်ခုပါပဲ။ သင်္ဘောပေါ်က အမှုထမ်း ၈ ဦးကို ထိန်းသိမ်းထားရာမှာ မြန်မာနိုင်ငံသား ၇ ဦးနဲ့ ထိုင်ဝမ်သား ၁ ဦး ပါဝင်တယ်လို့ မူးယစ်ဆေးဝါးနှိမ်နင်းရေးအေဂျင်စီက ဆိုပါတယ်။ ​ဖေဖော်ဝါရီလတုန်းက ထိုင်းနိုင်ငံကနေ အရှေ့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ MV King Sun သင်္ဘောပေါ်မှာ "မသင်္ကာစရာ"...

ပခုက္ကူမြို့ မြေနိမ့်ပိုင်းရပ်ကွက်ရှိ လူနေအိမ်များ၌ မြစ်ရေဝင်ရောက်နေ၊ယာယီရေဘေးရှောင်စခန်းများ သတ်မှတ်နေရာချထားပေးရန် စီစဉ်

ပခုက္ကူ၊ ဩဂုတ် ၁၀မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်း ရပ်ကွက်များအတွင်းသို့ ဧရာဝတီမြစ်ရေ ဝင်ရောက်လာသဖြင့် တာဝန်ရှိသူများက ဩဂုတ် ၁၀ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဝင်းဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ခဲ့ပြီး ပခုက္ကူမြို့၊ မြစ်ကမ်းနံဘေးနှင့် မြေနိမ့်ရပ်ကွက်များရှိ လူနေအိမ်များအထိ မြစ်ရေဝင်ရောက်မှုများ၊ မြစ်ရေဝင်ရောက်မှု ကြောင့် ရွှေ့ပြောင်းပြီးနှင့် ရွှေ့ပြောင်းရန် လိုအပ်သည့်လူနေအိမ်များ၊ မြစ်ရေတက်မှုအခြေအနေများကို...

မလေးရှားဝန်ကြီးချုပ်ဖလား မြင်းစီးအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် ပိုးပိုးဟန်အား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန်၊ ဩဂုတ် ၁၀ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပခဲ့သည့် မလေးရှားဝန်ကြီးချုပ်ဖလား CSIJ-B မြင်းစီးအားကစားပြိုင်ပွဲတွင် နိုင်ငံ ၁၄ နိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦးအနက် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့သူ မြန်မာ့မျိုးဆက်သစ် မြင်းစီးအားကစားသမား ပိုးပိုးဟန်အား ဂုဏ်ပြုသည့် အခမ်းအနားကို ဩဂုတ် ၉ ရက် နံနက်ပိုင်းက မြောက်ဒဂုံမြို့နယ်ရှိ မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် Club House ၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ပိုးပိုးဟန်၏ ဓာတ်ပုံနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071