Friday, September 11, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့...

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့...

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ၏ဂုဏ်ပြုတပ်ဖွဲ့မှ ကော်ဇောနီဖြင့်...

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့ရှိ Techo...
HomeNewsLocal Newsရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ...

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ အမှတ် (၆) ဓာတ်အားပေးစက် ပြုပြင်စဉ် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ အမှတ် (၆) ဓာတ်အားပေးစက်အား စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

ရွှေလီ (၁) ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် နမ့်ခမ်းမြို့၏ အနောက်ဘက် ၁၇ မိုင်ခန့်အကွာ ရွှေလီမြစ်ပေါ်၌ တည်ဆောက်ထားခြင်းဖြစ်ပြီး မိုးရာသီကာလ နိုင်ငံပိုင်ရေအားလျှပ်စစ်စက်ရုံများ ရေဝင်ကောင်းမွန်ချိန်တွင် စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်လျက်ရှိသည်။

အမှတ် (၆) ဓာတ်အားပေးစက်အား ထိန်းသိမ်းပြုပြင်ခြင်းဖြင့် လျှပ်စစ်ပိုင်းဆိုင်ရာပစ္စည်းများ ချို့ယွင်းမှုလျော့နည်းစေရန်၊ ကြံ့ခိုင်ကောင်းမွန်စေရန်နှင့် ရေရှည်အသုံးပြုနိုင်စေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ၆၆ ကေဗွီ ဓာတ်အားလိုင်းမှ ဓာတ်အားပေးထားသည့် မူဆယ်နှင့် နမ့်ခမ်းမြို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း ဓာတ်အားလိုင်းတစ်လျှောက်ရှိ မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းနှင့် ချုံနွယ်များ ရှင်းလင်းခြင်းအပါအဝင် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၃၃ ကေဗွီ ရေဆင်းဓာတ်အားလိုင်းကို စက်တင်ဘာ ၁၂ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိနှင့် ၃၃ ကေဗွီ ဇေယျာသီရိဓာတ်အားလိုင်းကို စက်တင်ဘာ ၁၃ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် သက်ဆိုင်ရာဓာတ်အားလိုင်းများမှ ဓာတ်အားပေးထားသည့် ရုံးဌာနများ၊ ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မည့် ဧရိယာများရှိ ရုံးဌာနများနှင့် အများပြည်သူဆိုင်ရာနေရာများသို့ ကြိုတင်အသိပေးထားပြီးဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် (Solidarity Palace)၊ Polear Thipadei Hall ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား၊...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ ယခုကဲ့သို့ ယာယီဆိုင်းငံ့ခြင်းမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာလအတွင်း မန္တလေးလေဆိပ်မှ ပြေးဆွဲရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်အချို့ကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မန္တလေးအပြည်ပြည်ဆိုင်ရ-2/

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ ယခုကဲ့သို့ ယာယီဆိုင်းငံ့ခြင်းမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာလအတွင်း မန္တလေးလေဆိပ်မှ ပြေးဆွဲရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်အချို့ကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။ ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်သည့် ခရီးသည်များအနေဖြင့် လက်မှတ်ခကို ၁၀၀ ရာခိုင်နှုန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071