Friday, September 11, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ...

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့...

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ၏ဂုဏ်ပြုတပ်ဖွဲ့မှ ကော်ဇောနီဖြင့်...

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့ရှိ Techo...

BRICS ထိပ်သီးအစည်းအဝေးအတွက် နယူးဒေလီတွင် လုံခြုံရေး...

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် စက်တင်ဘာ (၁၂) ရက်မှ (၁၃) ရက်နေ့အထိ ကျင်းပမည့် "18th BRICS SUMMIT (BRICS INDIA...
HomeNewsLocal Newsမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၁

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

ယခုကဲ့သို့ ယာယီဆိုင်းငံ့ခြင်းမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာလအတွင်း မန္တလေးလေဆိပ်မှ ပြေးဆွဲရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်အချို့ကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။

ခရီးစဉ်အပြောင်းအလဲကြောင့် ထိခိုက်သည့် ခရီးသည်များအနေဖြင့် လက်မှတ်ခကို ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ပြန်လည်ထုတ်ယူနိုင်မည်ဖြစ်သကဲ့သို့ ထိုင်ခုံနေရာလွတ်ရှိမှုအပေါ် မူတည်၍ ခရီးစဉ်လမ်းကြောင်းကို အခမဲ့ တစ်ကြိမ် ပြောင်းလဲခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ခရီးသွားအေဂျင်စီ သို့မဟုတ် အွန်လိုင်းကိုယ်စားလှယ်များမှတစ်ဆင့် လက်မှတ်ဝယ်ယူထားသူများအနေဖြင့် လက်မှတ်ခပြန်လည်ထုတ်ယူခြင်းနှင့် ခရီးစဉ်ပြောင်းလဲခြင်းတို့အတွက် မူလဝယ်ယူခဲ့သည့် အေဂျင်စီထံ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်ရန် MAI က အသိပေးထားသည်။

လေကြောင်းခရီးစဉ်များနှင့်ပတ်သက်သည့် နောက်ဆက်တွဲအခြေအနေများကို တရားဝင်သတင်းချန်နယ်များမှတစ်ဆင့် ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယား ခေတ္တနိုင်ငံတော်အကြီးအကဲ ဆမ်ဒက် ဟွန်ဆင် တွေ့ဆုံဆွေးနွေး

ဖနောင်ပင်၊ စက်တင်ဘာ ၁၁ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော် (ဆီးနိတ်) ဥက္ကဋ္ဌ ဆမ်ဒက် ဟွန်ဆင်တို့သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ရှိ ညီညွတ်ရေးနန်းတော် (Solidarity Palace)၊ Polear Thipadei Hall ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ် မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံအစိုးရများအကြား၊...

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် နိုင်ငံတကာခရီးစဉ်များ ယာယီဆိုင်းငံ့၊ ပြည်တွင်းခရီးစဉ်အချို့ အနီးစခန်းသို့ ပြောင်းလဲပြေးဆွဲမည်

မန္တလေး၊ စက်တင်ဘာ ၁၁ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည့်နှင့် ယင်းလေဆိပ်မှ ထွက်ခွာမည့် နိုင်ငံတကာလေကြောင်းခရီးစဉ်များအားလုံးကို နောက်ထပ်အသိပေးချက် မထုတ်ပြန်မီအထိ ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) က စက်တင်ဘာ ၁၀ ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။ ယခုကဲ့သို့ ယာယီဆိုင်းငံ့ခြင်းမှာ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေများကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ယင်းကာလအတွင်း မန္တလေးလေဆိပ်မှ ပြေးဆွဲရန် စီစဉ်ထားသည့် MAI နှင့် မင်္ဂလာလေကြောင်းလိုင်းတို့၏ ပြည်တွင်းခရီးစဉ်အချို့ကို ပြင်ဦးလွင်မြို့ရှိ အနီးစခန်းလေဆိပ်သို့ ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/မန္တလေးအပြည်ပြည်ဆိုင်ရ-2/

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ၏ဂုဏ်ပြုတပ်ဖွဲ့မှ ကော်ဇောနီဖြင့် ဂုဏ်ပြုကြိုဆို

ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန ဝန်ကြီးနှင့် ခရီးစဉ်တာဝန်ခံဝန်ကြီး H.E. Mr. THOR Chetha၊ တော်ဝင်နန်းတော်ဝန်ကြီးဌာနနှင့် အထက်လွှတ်တော် (Senate) ကိုယ်စားလှယ်များ၊ အမျိုးသားနှင့် နိုင်ငံတကာပွဲတော်များ ကျင်းပရေးအမျိုးသားကော်မတီ ကိုယ်စားလှယ်၊ နိုင်ငံခြားရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071