ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာသီကာလ၌ နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီးရေလျှံမှု ပြဿနာများကို လျှော့ချနိုင်ရန်နှင့် ရေစီးရေလာကောင်းမွန်စေရန် ရည်ရွယ်၍ အနုပညာရှင်များနှင့် ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေမြောင်းသန့်ရှင်းရေး လှုပ်ရှားမှုတစ်ရပ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်သူများ ရေဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ရွှေမေတ္တာလူမှုကူညီရေးအသင်း၊ Yangon OK အဖွဲ့နှင့် ပရ ဟိတညီနောင်များစုပေါင်း၍ ရေမြောင်းအတွင်းရှိ အမှိုက်များနှင့် ပိတ်ဆို့မှုများကို ဖယ်ရှားခဲ့ကြခြင်း ဖြစ်သည်။
သန့်ရှင်းရေးလုပ်ငန်းသို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင် အပါအဝင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့များကလည်း တက်ကြွစွာ ပူးပေါင်းပါဝင်ကူညီပေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အနုပညာရှင်များနှင့် ရွှေပြည်သာအခြေစိုက် ပရဟိတအဖွဲ့များကလည်း လုပ်အားဒါနဖြင့် ပါဝင်အားဖြည့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်သန့်ရှင်းသာယာရန်နှင့် ရေကြီးသည့်ဒုက္ခသက်သာစေရန် ဝိုင်းဝန်းကူညီပေးကြသည့် တာဝန်ရှိသူများ၊ အနုပ ညာရှင်များနှင့် ပရဟိတမောင်နှမများ အားလုံးကို အထူးကျေးဇူးတင်ရှသည်ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းတာဝန်ခံ မရွှေလဲ့က အသိပေးထားသည်။
ဓာတ်ပုံ – မရွှေလဲ့ (ရွှေမေတ္တာလူမှုကူညီရေးအသင်း – ရွှေပြည်သာ)
