Monday, May 4, 2026

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက်...

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊...

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု...

ဟော်မုဇ် ရေလက်ကြားအနီးယူအေအီးကမ်းလွန်တွင် ရေနံတင်သင်္ဘောတစ်စင်းအပစ်ခံရ

လန်ဒန်၊ မေ ၄ ရက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၏ ကမ်းလွန်တွင် တနင်္ဂနွေနေ့ ညနေပိုင်းက ရေနံတင်သင်္ဘောတစ်စင်းကို မည်သည့်အဖွဲ့ကမှန်းမသိသော အဖွဲ့က ပစ်ခတ်ခဲ့ကြောင်း ယူကေ...
HomeNewsLocal Newsရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာမည့်အစိုးရသည် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရမည်

ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာမည့်အစိုးရသည် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရမည်

ရွေးကောက်ပွဲရလဒ်အရပေါ်ပေါက်လာမည့်အစိုးရသည် ပြည်သူများ၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရမည်ဟု အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ၊ နိုင် ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၆ ရက်နံနက်ပိုင်းကကျင်းပသည့် အမျိုးသားစီမံကိန်းကော်မရှင်၏ (၁/၂၀၂၆)အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

” စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတိုးတက်ကောင်း မွန်စေဖို့နဲ့ တည်ငြိမ်အေးချမ်းရေးဟာ ပြည်သူအားလုံးရဲ့လိုလားချက်တွေဖြစ်တာကြောင့် ရွေးကောက်ပွဲရ လဒ်အရပေါ်ပေါက်လာမယ့် အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရပါမယ်”ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။

မကြာမှီ အစိုးရသစ်မှ နိုင်ငံ့တာဝန်လွှဲပြောင်းယူမည်ဖြစ်၍ ၂၀၂၁ ခုနှစ်မှစပြီး ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ပေးခဲ့သည့် လုပ်ငန်းများနှင့် စီမံကိန်းများကိုပြီးပြတ်အောင်ဆောင်ရွက်ရမည်ဖြစ်ကာ ယခင်ကာလအဆက်ဆက်ကဆောင်ရွက်နေသည့် စီမံကိန်းများ ဆက်လက်အကောင်အထည်ဖော်နေသည်ကိုလည်း စနစ်တကျလွှဲပြောင်းပေးရမည်ဟု မှာကြားသည်။

နိုင်ငံ့အနာဂတ်ကောင်းမွန်ရေးအတွက် ပညာရေးတွင်ခေတ်မီပြီး အရည်အသွေးမြင့်မားသည့် ပညာရေးစနစ်ဖြစ်စေရန် အခြေခံကောင်းများချမှတ်ပေးထားပြီးဖြစ်ရာ ယင်း အခြေခံကောင်းများကို လက်ဆင့်ကမ်းထိန်းသိမ်းပြီး ပညာရေးကဏ္ဍတိုးတက်အောင်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်းမာရေးတွင်လည်း ဝန်ဆောင်မှုကောင်းများရရှိရန်၊ လိုအပ်သည့်အခြေခံအ ဆောက်အအုံများတိုးတက်ရေး၊ ဆေးဝါးနှင့် စက်ကိရိယာများပြည့်စုံစွာရရှိရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုရရှိရန်တို့ကိုလည်း ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောသည်။

ထို့ပြင် အတည်ပြုခဲ့သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းအကောင်အထည်ဖော်ရာတွင် လွှတ်တော်အသီးသီး၏ သဘောတူညီချက်ဖြင့်ဆောင် ရွက်ရမည်ဖြစ်ရာ အစိုးရ၊ ဌာနများအနေဖြင့် စီမံကိန်းဆိုင်ရာ အင်္ဂါရပ်များနှင့် ညီညွတ်ရန် အဆင့်ဆင့်ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကာ စီမံကိန်းများ အကောင် အထည်ဖော်ရာ၌ ခေတ်ကာလအလိုက်တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏လိုအပ်နေသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့် မီစေရန်နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တ ကျလွှဲပြောင်းပေးနိုင်ရေးဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတက မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စင်ကာပူနှင့် နူးဇီလန်တို့ ထောက်ပံ့ရေး သဘောတူညီချက် လက်မှတ်ထိုး

မေလ ၄ ရက် စင်ကာပူနှင့် နူးဇီလန်နိုင်ငံတို့သည် အကျပ်အတည်းကာလများအတွင်း အစားအစာ၊ စက်သုံးဆီ၊ ကျန်းမာရေးစောင့်ရှောက်မှု ထုတ်ကုန်များ၊ ဓာတုဗေဒပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အပါအဝင် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ် စီးဆင်းနိုင်စေရန်အတွက် ကမ္ဘာ့ပထမဆုံးသော ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်နိုင်သည့် နှစ်နိုင်ငံသဘောတူညီချက်ကို တနင်္လာနေ့ (မေလ ၄ ရက်နေ့) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ "မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများ ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်" ကို စင်ကာပူနိုင်ငံ၌ ကျင်းပသည့် စင်ကာပူ-နူးဇီလန် နှစ်ပတ်လည် ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံဝန်ကြီးချုပ်များ၏...

ပြုံယမ်းနှင့်‌မော်စကိုတို့၏ ကာကွယ်ရေးပဋိညာဉ်က တရုတ်ကို စိုးရိမ်စေ

မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံတို့အကြား (၅) နှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာ ခေတ်မီတိုးတက်ရေးကို ကဏ္ဍစုံမှ အရှိန်မြှင့်တင်ပေးနိုင်သောကြောင့် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်ကောင်းဖြစ်နိုင်သည်ဟု အကဲခတ်များက ဆိုထားသည်။ ရုရှားအစိုးရပိုင် တာ့စ် သတင်းဌာန၏ အဆိုအရ ရုရှားကာကွယ်ရေးဝန်ကြီး အန်ဒရေ ဘီလိုဆိုဗ် သည် ဧပြီလ ၂၆ ရက် နေ့က ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် "မကြုံစဖူး အဆင့်မြင့်မားသည့် အနေအထား" သို့ ရောက်ရှိနေကြောင်း ဘီလိုဆိုဗ် က...

ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုအရေး အာဆီယံ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားတို့ရတက်မအေး

အာဆီယံ၊ ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံများ၏ ဘဏ္ဍာရေးအကြီးအကဲများသည် အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံစိမ်းထောက်ပံ့ဖြည့်တင်းမှုနှင့်ပတ်သက်၍ ၎င်းတို့သည် စိုးရိမ်ပူပန်နေကြကြောင်း တနင်္ဂနွေနေ့တွင် ပြောကြားခဲ့ကြပြီး တူညီသော စိန်ခေါ်မှု အခက်အခဲများကို ဖြေရှင်းရာတွင် ပိုမိုစည်းလုံးညီညွတ်ရန် သဘောတူခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ မြင့်တက်လာခြင်းသည် ဒေသတွင်း အလားအလာအပေါ် ဆိုးကျိုးအန္တရာယ်များကို သိသိသာသာတိုးပွားစေခဲ့သည့် ဥဇဘက်ကစ္စတန်နိုင်ငံ ဆာမာကန်တွင် ကျင်းပသော အာရှဖွံ့ဖြိုးရေးဘဏ်၏ နှစ်ပတ်လည်အစည်းအဝေး၏ ဘေးဆွယ်ဆွေးနွေးပွဲများတွင် အတည်ပြုခဲ့သော ကြေညာချက်၌ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဌများက ပြောကြားခဲ့သည်။ ငွေကြေးဈေးကွက်များတွင် အလွန်အကျွံ့မတည်ငြိမ်မှုနှင့် ရှုပ်ထွေးသော လှုပ်ရှားမှုများမှ ဖြစ်ပေါ်လာသော အန္တရာယ်များကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071