Thursday, August 6, 2026

ပြည်တွင်းကျောက်မျက်ရတနာ ဈေးကွက်ခိုင်မာရေး ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့်...

ရန်ကုန်၊ ဩဂုတ် ၆ ပြည်တွင်း၌ထွက်ရှိသည့် မြန်မာ့ကျောက်မျက်ရတနာများကို ဈေးကွက်ခိုင်ခိုင်မာမာ ရရှိစေရန် ခေတ်မီဆန်းသစ်သည့် ဒီဇိုင်းများဖြင့် ထိုးဖောက်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက...

၀န်ကြီးချုပ် မိုဒီ၏ ပို့စ်ကို ပိတ်ပင်ခဲ့မှုအတွက်...

ဇူလိုင်လအတွင်းက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ၏ ပို့စ်တစ်ခုကို ခဏတာ ကန့်သတ်မိခဲ့မှုအတွက် အိန္ဒိယသတင်းအချက်အလက်နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ကြောင်း Meta ပလက်ဖောင်း၏ ကမ္ဘာ့ရေးရာ အရာရှိချုပ် ဂျိုးလ်...

ဗီယက်နမ်သမ္မတ တိုလမ် သြစတြေးလျနှင့် နူးဇီလန်...

ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော် အကြီးအကဲ တိုလမ်သည် မိတ်ဖက်ဆက်ဆံရေးများကို မြှင့်တင်ရန်နှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် လာမည့်သီတင်းပတ်တွင်...

သီရိဒုံကိုစင်ကာပူ လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ကြိုဆို

သြဂုတ်လ ၄ ရက်နေ့က စင်ကာပူပါလီမန် လွှတ်တော်အတွင်းသို့ မဟာချက်ကရီ သီရိဒုံမင်းသမီး ရောက်လာချိန်တွင် လွှတ်တော်အမတ်များက မတ်တပ်ရပ်၍ သြဘာပေးကြိုဆိုခဲ့ကြသည်။ လွှတ်တော်ဥက္ကဋ္ဌ စီးကင်းပင်း (Seah...
HomeNewsLocal Newsရွေးကောက်ပွဲကိစ္စနှင့် ပတ်သတ်ပြီး အမှုဖွင့်အရေးယူခံထားရသူ...

ရွေးကောက်ပွဲကိစ္စနှင့် ပတ်သတ်ပြီး အမှုဖွင့်အရေးယူခံထားရသူ ၅၀၀၀ကျော်ရှိနေ

(Unicode)

ရွေးကောက်ပွဲကိစ္စနှင့် ပတ်သတ်ပြီး အမှုဖွင့်အရေးယူခံထားရသူ ၅၀၀၀ကျော်ရှိနေ

ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင်၊တိုင်းပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ခရိုင်နှင့် မြို့နယ်ရွေးကော်ကပွဲကော်မရှင်အဖွဲ့ခွဲများမှ စုစုပေါင်း ၂၄၈၃ဦးအား ရွေးကောက်ပွဲအား စနစ်တကျကြီးကြပ်ကွပ်ကဲရန်အားနည်းမှုများဖြင့် အမှုဖွင့်အရေးယူထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးက ယ​​နေ့ သတင်းစာရှင်းလင်းပွဲ၌ပြောသည်။

ယင်းအပြင် နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခုထဲနှင့် မဲ ၂ကြိမ်၊၃ကြိမ် နှင့် အထက် မဲပေးခဲ့သူများအား စိစစ်ရာတွင် ကဒ်တူ၊အမည်တူဖြင့် မဲပေးခဲ့သူ ၂၁၆၉ ဦးကို စိစစ်တွေ့ခဲ့၍ အမှုဖွင့်အရေးယူထားပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

ထို့နောက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊မဲမသမာမှုများ၊တရားမဲ့ ပြုကျင့်မှုဖြစ်စဉ်များတွင် ပါဝင် ပတ်သတ်ခဲ့မှုများဖြင့် အရေးယူမှုများမှာစုစုပေါင်း၄၂၂ ဦးရှိပြီး ထိုထဲတွင် ယခင်အစိုးရအဖွဲ့မှရာထူးကြီးပုဂ္ဂိုလ်အချို့၊ ယခင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်များ၊လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့၊ပါတီအောင်နိုင်ရေးအဖွဲ့ဝင်များ၊ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ ပါဝင်ကြောင်း ဦးခင်မောင်ဦးကဆက်ပြောသည်။

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကာလ ရွေးကောက်ပွဲနှင့် ပတ်သတ်ပြီး ဖြစ်ပွားခဲ့သည့် အမှုပေါင်း ၁၀၇၇မှုရှိပြီး ရွေးကောက်ပွဲဥပဒေနှင့် အရေးယူခဲ့သည့်အမှု ၅၄၆မှု၊တရားစွဲတင်မှု ၃၄၂မှု၊ပိတ်သိမ်းအမှု ၁၉ ၄မှု၊ဥပဒေအကြံဉာဏ်တောင်းမှု ၁၀မှုတို့ ရှိထားကြောင်းလည်း ဦးခင်မောင်ဦးက ထည့်သွင်းပြောဆိုခဲ့သည်။

(Zawgyi)

ေ႐ြးေကာက္ပြဲကိစၥႏွင့္ ပတ္သတ္ၿပီး အမႈဖြင့္အေရးယူခံထားရသူ ၅၀၀၀ေက်ာ္ရွိေန

ယခင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အပါအဝင္၊တိုင္းျပည္နယ္ႏွင့္ ျပည္ေထာင္စုနယ္ေျမေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ား၊ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တိုင္း၊ေဒသေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ား၊ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္ေ႐ြးေကာ္ကပြဲေကာ္မရွင္အဖြဲ႕ခြဲမ်ားမွ စုစုေပါင္း ၂၄၈၃ဦးအား ေ႐ြးေကာက္ပြဲအား စနစ္တက်ႀကီးၾကပ္ကြပ္ကဲရန္အားနည္းမႈမ်ားျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕ဝင္ ဦးခင္ေမာင္ဦးက ယ​​ေန႔ သတင္းစာရွင္းလင္းပြဲ၌ေျပာသည္။

ယင္းအျပင္ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားတစ္ခုထဲႏွင့္ မဲ ၂ႀကိမ္၊၃ႀကိမ္ ႏွင့္ အထက္ မဲေပးခဲ့သူမ်ားအား စိစစ္ရာတြင္ ကဒ္တူ၊အမည္တူျဖင့္ မဲေပးခဲ့သူ ၂၁၆၉ ဦးကို စိစစ္ေတြ႕ခဲ့၍ အမႈဖြင့္အေရးယူထားၿပီး ဆက္လက္စစ္ေဆးေနဆဲျဖစ္ေၾကာင္းလည္း ၎ကေျပာသည္။

ထို႔ေနာက္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား၊မဲမသမာမႈမ်ား၊တရားမဲ့ ျပဳက်င့္မႈျဖစ္စဥ္မ်ားတြင္ ပါဝင္ ပတ္သတ္ခဲ့မႈမ်ားျဖင့္ အေရးယူမႈမ်ားမွာစုစုေပါင္း၄၂၂ ဦးရွိၿပီး ထိုထဲတြင္ ယခင္အစိုးရအဖြဲ႕မွရာထူးႀကီးပုဂၢိဳလ္အခ်ိဳ႕၊ ယခင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ား၊လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအခ်ိဳ႕၊ပါတီေအာင္ႏိုင္ေရးအဖြဲ႕ဝင္မ်ား၊ေ႐ြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဝင္မ်ား ပါဝင္ေၾကာင္း ဦးခင္ေမာင္ဦးကဆက္ေျပာသည္။

၂၀၂၀ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ကာလ ေ႐ြးေကာက္ပြဲႏွင့္ ပတ္သတ္ၿပီး ျဖစ္ပြားခဲ့သည့္ အမႈေပါင္း ၁၀၇၇မႈရွိၿပီး ေ႐ြးေကာက္ပြဲဥပေဒႏွင့္ အေရးယူခဲ့သည့္အမႈ ၅၄၆မႈ၊တရားစြဲတင္မႈ ၃၄၂မႈ၊ပိတ္သိမ္းအမႈ ၁၉ ၄မႈ၊ဥပေဒအႀကံဉာဏ္ေတာင္းမႈ ၁၀မႈတို႔ ရွိထားေၾကာင္းလည္း ဦးခင္ေမာင္ဦးက ထည့္သြင္းေျပာဆိုခဲ့သည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071