Tuesday, May 26, 2026

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း ၂၇၀၀ ကျော်...

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း...

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့်...

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု...

အမြန်လမ်းတွင် သုံးရက်ဆက်တိုက် ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားပြီး (၂)ဦးသေဆုံး...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယနေ့ မေ ၂၅ ရက်၊ မေ ၂၄ ရက်နှင့် မေ ၂၃ ရက်တို့က သုံးရက်ဆက်တိုက်ယာဥ်မတော်တဆမှု(၅)ကြိမ်ဖြစ်ပွားခဲ့ရာ သေဆုံးသူ(၂)ဦးနှင့်...
HomeNewsLocal Newsရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာ

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာ

မြန်မာ့တပ်မတော်(ရေ)မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီး၏ ဧရာခင်းမင်္ဂလာအား ယနေ့ မတ် ၈ ရက်ကကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်(၂)စီးတို့၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ်ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှုလုပ်ငန်းအားစတင်ပေးခဲ့ပြီး ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ တည်ဆောက်ခဲ့မှုဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်းတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံ ကိန်းကို အဆင့်သုံးဆင့်ဖြင့်စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိအောင်မြင်စွာတည်ဆောက်ဖွင့်လှစ်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအားတည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်းတည်ဆောက်မှုအားအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ တန်(၄၀,၀၀၀)ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေ ယာဉ်ကြီးများတည်ဆောက်နိုင်မည့်အပြင် တန်ချိန် (၄၀,၀၀၀)တင်ဆောင်နိုင်သော ကုန်သွယ်ရေယာဉ်(၁) စီး(သို့)စစ်ရေယာဉ်ကြီး(၂)စီးတို့တစ်ပြိုင်နက်တည် ဆောက်ခြင်း(သို့)လွန်းတင်ပြင်ဆင်ခြင်းတို့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရေယာဉ်ကြီးများ၊ ကုန်တင်ရေယာဉ်ကြီးများ၊ ကွန်တိန်နာတင်ရေယာဉ်ကြီးများကိုတည်ဆောက်ပြုပြင်နိုင်မည်ဖြစ်၍ နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအ တွက် များစွာအထောက်အကူပြုလာနိုင်မည် ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်တိုင်းတွင် အခြေခံပညာကျောင်း ၂၇၀၀ ကျော် နှင့် ကိုယ်ပိုင်ကျောင်း ၃၇၀ ကျော်တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံနေပြီဖြစ်

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရဿည်။ ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ (၁,၁၇၃,၃၄၇) ဦး...

ရန်ကုန်၊ မကွေးနှင့် ပဲခူးတို့တွင် သစ်ပင်လဲကျမှုများကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွား၊ မီးသတ်တပ်ဖွဲ့များ အချိန်မီရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် မေ ၂၅ ရက်က သစ်ပင်လဲကျမှုများ ဖြစ်ပွားခဲ့ပြီး လမ်းပိတ်ဆို့မှုများကြုံတွေ့ခဲ့ရသဖြင့် သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် (င/က) ရပ်ကွက်၊ ဦးဘဟန်လမ်း၌ နေ့လယ် ၁ နာရီ ၂၀ မိနစ်ခန့်က သစ်ပင်တစ်ပင် လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ အလားတူ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေရောင်တော်ကျေးရွာနှင့် ဂန့်ဂေါမြို့ အမှတ်(၁)ရပ်ကွက် မြောက်ကုန်းရပ်တို့တွင်လည်း သစ်ပင်များ လဲကျခဲ့ပြီး လမ်းပိတ်ဆို့မှုများ...

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအတွက် အကြံပြုချက်များပေးပို့နိုင်

အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ကြမ်းအားရေးဆွဲပြီးနောက် ပြည်သူများလေ့လာနိုင်ရန် နိုင်ငံပိုင်သတင်းစာများ၌ထည့်သွင်းဖော်ပြခဲ့သည်။ ယင်း ဥပဒေကြမ်းအား တတိယအကြိမ်လွှတ်တော်များ ၏ ဒုတိယပုံမှန်အစည်းအဝေးများတွင် ဆွေးနွေးသွားမည်ဖြစ်၍ အကြံပြုချက်များပေးပို့လိုပါက ဇွန် ၂ ရက်နောက်ဆုံးထားပေးပို့နိုင်သည်ဟု ဖိတ်ခေါ်ထားသည်။ အကြံပြုချက်များအား ညွှန်ကြားရေးမှူးချုပ်၊ ပြည် ထောင်စုလွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့လွှတ်တော်ရုံး၊ နေပြည်တော်။ ညွှန် ကြားရေးမှူးချုပ်၊ အမျိုးသားလွှတ်တော်ရုံး၊ နေပြည် တော်တို့သို့ လိပ်မူပေးပို့နိုင်သည်ဟုအသိပေးဖိတ်ခေါ်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071