၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီစတင်ချိန်၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာ ၂၇၁၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၃၇၈ ကျောင်းတို့တွင် ကျောင်းသား ကျောင်းသူများ လာရောက်အပ်နှံလျက်ရှိကြောင်း သိရဿည်။
ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်ကနေ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်မည်ဖြစ်သည်။
ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှကောက်ခံမှုမရှိဘဲ ကျောင်းဝတ်စုံ၊ သင်ရိုးစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင်များထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
ယမန်နှစ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ (၁,၁၇၃,၃၄၇) ဦး ပညာသင်ကြားခဲ့ပြီး ယခုနှစ်ကျောင်းအပ်နှံချိန်မှစတင်၍ ယမန်နှစ်ကထက် ကျောင်းတက်ဦးရေ တိုးတက်အပ်နှံနိုင်စေရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။
